ရီးယဲလ်မက်ဒရစ်အသင်းဟာ လာမယ့် ၂၀၂၄ခုနှစ်မှာ ဘိုင်ယန်မြူးနစ်အသင်းရဲ့ ကနေဒါ ဘယ်နောက်ခံကစားသမား အယ်လ်ဖွန်ဆိုဒေးဗီးစ်ကို ခေါ်ယူသွားဖို့ ပစ်မှတ်ထားနေတယ်လို့ စပိန်သတင်းစာ AS ကနေ ဖော်ပြလာခဲ့ပါတယ်။

Image

Photo Credit : Twitter

ရီးယဲလ်အသင်းဟာ အသင်းရဲ့ ဘယ်ခြမ်းခံစစ်နေရာမှာ ဖာလန်းမန်ဒီကို အလာဘာ နာချိုဖာနန်ဒက်ဇ်တို့ကလည်း ဘယ်ခြမ်းမှာ ကစားနိုင်ကြပေမယ့် လာမယ့် ၂၀၂၄ခုနှစ်မှာတော့ အသင်းရဲ့ ဘယ်နောက်ခံနေရာအတွက် ဘိုင်ယန် left-back player ဒေးဗီးစ်ကို အရ ခေါ်ယူသွားချင်နေပါတယ်။ အသက်(၂၂)နှစ်အရွယ် ကနေဒါလက်ရွေးစင် နောက်ခံအစွန်လူ ဒေးဗီးစ်ဟာ ဘိုင်ယန်မြူးနစ်အသင်းရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်ပြီး ဘိုင်ယန်ကိုလည်း ၂၀၁၉ခုနှစ်ကတည်းက ကနေဒါကလပ် ဗန်ကူးဗားအသင်းကနေ ယူရို(၁၀)သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။

Photo Credit : Goal

ဘောလုံးသမားကောင်းတွေ သိပ်မထွန်းကားလှတဲ့ ကနေဒါနိုင်ငံရဲ့ ရှားရှားပါးပါး talent player တစ်ဦးဖြစ်သူ ဒေးဗီးစ်ဟာ ကနေဒါ-လိုက်ဘေးရီးယားနွယ်ဖွားဖြစ်ပြီး ပြေးအားကောင်း အလိမ်အခေါက်ကောင်း ဖန်တီးမှုအားကောင်းကာ တိကျတဲ့ ဖြတ်တင်ဘောတွေကိုပါ လုပ်ဆောင်နိုင်တဲ့ attacking အားသန်တဲ့ LB တစ်ယောက် ဖြစ်ပါတယ်။ အသက် ငယ်ရွယ်သေးပေမယ့် ကနေဒါအသင်းနဲ့ ၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲ အပါအဝင် ပွဲပေါင်း (၃၇)ပွဲအထိ ကစားထားနိုင်တဲ့ ဒေးဗီးစ်ဟာ လက်ရှိ ဘောလုံးလောကရဲ့ ဘယ်ခြမ်းခံစစ် ကစားသမားတွေထဲမှာပါ တစ်ဦးအပါအဝင်အဖြစ် သတ်မှတ်ခံထားရသူလည်း ဖြစ်ပါတယ်။ ဘိုင်ယန်အတွက်ကိုလည်း ပွဲပေါင်း(၁၃၃)ထိ ကစားထားနိုင်တဲ့ ဒေးဗီးစ်ဟာ ဘိုင်ယန်နဲ့အတူ ချန်ပီယံလိဂ် ကလပ်ကမ္ဘာ့ဖလား ဥရောပစူပါဖလား ဘွန်ဒစ်လီဂါဖလား ပိုကယ်ဖလား ဂျာမန်စူပါဖလားတို့ အားလုံးကို ပိုင်ဆိုင်ထားခဲ့ပါတယ်။ ဘိုင်ယန်နဲ့ ၂၀၂၅ခုနှစ်မှာ စာချုပ်သက်တမ်း ကုန်ဆုံးမယ့် ကနေဒါကြယ်ပွင့် ဒေးဗီးစ်ကို ရီးယဲလ်အသင်းက သူတို့ရဲ့ အနာဂတ် ပရောဂျက်အတွက် ၂၀၂၄ခုနှစ်မှာ အရ ခေါ်ယူသွားဖို့ စီစဉ်လျက် ရှိနေပြီး လာမယ့်နွေဈေးကွက်မှာလည်း ၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း ခြေစွမ်းပြခဲ့ကြတဲ့ အန်ဇိုဖာနန်ဒက်ဇ်နဲ့ ဘယ်လင်ဟမ်တို့ထဲက တစ်ဦးဦးကို ခေါ်ယူသွားဖွယ်လည်း ရှိနေပါတယ်။