လေဗာကူဆင် အသင်းနည်းပြ ဇာဘီ အလွန်ဆိုက သူ့အနေနဲ့ လာမယ့် အနာဂတ်မှာ ပရီးမီးယားလိဂ်ပြိုင်ပွဲဝင် ကလပ်အသင်း တစ်သင်းသင်းရဲ့ နည်းပြအဖြစ် ဆောင်ရွှက်သွားဖို့ စိတ်ဝင်စားတယ်လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

လီဗာပူးလ် ရီးယဲလ်မက်ဒရစ်နဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ရဲ့ ကစားသမားဟောင်းလည်း ဖြစ်သလို လက်ရှိမှာလည်း လေဗာကူဆင်အသင်းကို ကိုင်တွယ်နေတဲ့ အလွန်ဆိုဟာ ကစားသမားဘဝမှာရော နည်းပြဘဝမှာပါ အတော်လေး စွမ်းဆောင်ရည် ကောင်းမွန်နေသူ ဖြစ်ပါတယ်။

Photo Credit : New Strait Times

မနှစ်က ဘောလုံးရာသီကမှ လေဗာကူဆင်နဲ့ စတင် လက်တွဲခဲ့တဲ့ အလွန်ဆိုဟာ လေဗာကူဆင်ကို ကိုင်တွယ်ခဲ့စဉ်ကတည်းက အကောင်းဆုံး စွမ်းဆောင်ထားသူဖြစ်ပြီး ဒီရာသီမှာလည်း ပြ်ိုင်ပွဲစုံ (၄၁)အထိ လုံးဝ ရှုံးပွဲမရှိအောင်ပါ လုပ်ဆောင်ပေးထားနိုင်ခဲ့ပါတယ်။

ဒီလို စွမ်းဆောင်မှုတွေကြောင့် သူ့ကို လီဗာပူးလ်အပါအဝင် ဘိုင်ယန်မြူးနစ်နဲ့ ရီးယဲလ်တို့က စိတ်ဝင်စားကြပေမယ့်လည်း အလွန်ဆိုကတော့ လေဗာကူဆင်မှာပဲ နောက်ထပ် တစ်ရာသီခန့် ဆက်လက် ရှိနေသွားမယ်လို့ တရားဝင် ထုတ်ပြန် ကြေညာခဲ့ပါတယ်။

Photo Credit : Marca

ပရီးမီးယားလိဂ်နဲ့ ပတ်သက်ပြီး အလွန်ဆိုက “အနာဂတ်မှာ ဘာတွေ ဖြစ်လာမလဲ ဆိုတာကို ဘယ်တော့မှ မသိနိုင်ပါဘူး။ လတ်တလောမှာတော့ ကျွန်တော် ဒါတွေကို စဉ်းစားဖို့ အချိန်အလုံအလောက် ရှိမနေပါဘူး။ အခု ကျွန်တော်က ငယ်ရွယ်ပြီး အတွေ့အကြုံနုသေးတဲ့ နည်းပြတစ်ဦး ဖြစ်နေပြီးတော့ ပရီးမီးယားလိဂ်ဟာလည်း စဉ်းစားစရာကောင်းတဲ့ option တစ်ခုဆိုတာ သေချာပါတယ်။”

“လက်ရှိ ပရီးမီးယားလိဂ်က ကလပ်အသင်းတွေမှာ နည်းပြတွေအဖြစ် ဆောင်ရွက်နေကြတဲ့ ကျွန်တော့်အသင်းဖော်ဟောင်းတွေနဲ့ စကားပြောဖြစ်တဲ့အခါ ပရီးမီးယားလိဂ်က ပွဲတိုင်းက ဘယ်လို ခက်ခဲကြောင်း ပွဲတိုင်းကို ဘယ်လိုပြင်ဆင်ရကြောင်းတွေ ပြောဖြစ်တယ်။ ပရီးမီးယားလိဂ်က ထိပ်တန်းကစားသမားတွေ နည်းပြတွေ အသင်းတွေ ကွင်းတွေနဲ့ စိတ်လှုပ်ရှားစရာ အလွန်းကောင်းတဲ့ ပြိုင်ပွဲကြီးပါ။” လို့ ပြောဆိုသွားခဲ့ပါတယ်။