လီဗာပူးလ္ ဂိုးသမား အလီဆင္ကေတာ့ တနဂၤေႏြေန႔ည မန္ယူအသင္းနဲ႔ ကစားသြားမယ့္ ပြဲစဥ္ မတိုင္ခင္ လီဗာပူးလ္အသင္းဟာ ကြင္းထဲကေန ႏိုင္ပြဲနဲ႔ပဲ ထြက္သြားခ်င္တယ္လို႔ ေျပာပါတယ္။ လီဗာပူးလ္ အသင္းဟာ ဒီအပတ္ တနဂၤေႏြည (၁၁း၀၀) အခ်ိန္မွာ မန္ယူအသင္းနဲ႔ ပရီးမီးယားလိဂ္ အိမ္ကြင္း ပြဲစဥ္ ကစားရမွာ ျဖစ္ၿပီး ကြင္းထဲက ႏိုင္ပြဲနဲ႔ ထြက္သြားဖို႔ ေမွ်ာ္လင့္ေနၾကပုံပါပဲ။

Photo Credit: Dailymail

လီဗာပူးလ္အသင္းဟာ ၿပီးခဲ့တဲ့ ရာသီက ပရီးမီးယားလိဂ္ၿပိဳင္ပြဲမွာ (၁) ပြဲသာ ရႈံးနိမ့္ခဲ့ေပမဲ့လည္း ပရီးမီးယားလိဂ္ ဆုဖလားကို (၁) မွတ္အကြာနဲ႔ ဆုံးရႈံးခဲ့ရၿပီး မန္စီးတီးအသင္းက ရရွိသြားခဲ့ပါတယ္။ လီဗာပူးလ္အသင္းဟာ လက္ရွိရာသီမွာေတာ့ မႏွစ္က ရာသီလိုပဲ ေျခစြမ္းေကာင္းကို ရရွိထားၿပီး ပရီးမီးယားလိဂ္ ပြဲစဥ္ (၂၁) ပြဲ ကစားၿပီးတဲ့ အခ်ိန္မွာ (၁) ပြဲမွေတာင္ မရႈံးေသးတာ ျဖစ္ပါတယ္။

Photo Credit: Dailymail

လီဗာပူးလ္အသင္းဟာ ပရီးမီးယားလိဂ္ ပြဲစဥ္ (၂၁) ပြဲ ကစားၿပီးတဲ့ အခ်ိန္မွာ ေပးဂိုး (၁၄) ဂိုးပဲ ရွိၿပီး ေပးဂိုး နည္းေနတာဟာ ဂိုးသမား နဲ႔ ေနာက္ခံလူေတြေၾကာင့္ပါပဲလို႔ ေျပာလို႔ ရႏိုင္ပါတယ္။ လီဗာပူးလ္ဂိုးသမား အလီဆင္ဟာ အခုႏွစ္ရာသီမွာ ပရီးမီးယားလိဂ္ ပြဲစဥ္ (၁၃) ပြဲကစားထားၿပီး ကြင္းထဲကေန ႏိုင္ပြဲနဲ႔ပဲ ထြက္သြားခ်င္တာေၾကာင့္ ရလဒ္ေကာင္းေနတာပါလို႔ ေျပာသြားပါတယ္။

Photo Credit: Dailymail

အလီဆင္က “ကြၽန္ေတာ္တို႔အသင္းမွာ အႏိုင္ရခ်င္တဲ့ စိတ္ပဲ ရွိတယ္။ ကြၽန္ေတာ္တုိ႔အသင္းက လာမယ့္ ပြဲအေၾကာင္းကိုပဲ ေတြးတယ္။ အလွမ္းေဝးေနေသးတဲ့ ပြဲစဥ္အေၾကာင္းကို မေတြးဘူး။ ကြၽန္ေတာ္တုိ႔က အခုအခ်ိန္ကိုပဲ အာ႐ုံစိုက္တာပါ။ ကြၽန္ေတာ္တို႔ကေတာ့ ကြင္းထဲကေန ႏိုင္ပြဲနဲ႔ ထြက္သြားႏိုင္ဖို႔ ဘာမဆို လုပ္မွာပါ။ ဒီလိုလုပ္လို႔ပဲ ရလဒ္ေကာင္းေနတာပါ”လို႔ ေျပာခဲ့ပါတယ္။

{Unicode}

လီဗာပူးလ် ဂိုးသမား အလီဆင်ကတော့ တနင်္ဂနွေနေ့ည မန်ယူအသင်းနဲ့ ကစားသွားမယ့် ပွဲစဉ် မတိုင်ခင် လီဗာပူးလ်အသင်းဟာ ကွင်းထဲကနေ နိုင်ပွဲနဲ့ပဲ ထွက်သွားချင်တယ်လို့ ပြောပါတယ်။ လီဗာပူးလ် အသင်းဟာ ဒီအပတ် တနင်္ဂနွေည (၁၁း၀၀) အချိန်မှာ မန်ယူအသင်းနဲ့ ပရီးမီးယားလိဂ် အိမ်ကွင်း ပွဲစဉ် ကစားရမှာ ဖြစ်ပြီး ကွင်းထဲက နိုင်ပွဲနဲ့ ထွက်သွားဖို့ မျှော်လင့်နေကြပုံပါပဲ။

Photo Credit: Dailymail

လီဗာပူးလ်အသင်းဟာ ပြီးခဲ့တဲ့ ရာသီက ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ (၁) ပွဲသာ ရှုံးနိမ့်ခဲ့ပေမဲ့လည်း ပရီးမီးယားလိဂ် ဆုဖလားကို (၁) မှတ်အကွာနဲ့ ဆုံးရှုံးခဲ့ရပြီး မန်စီးတီးအသင်းက ရရှိသွားခဲ့ပါတယ်။ လီဗာပူးလ်အသင်းဟာ လက်ရှိရာသီမှာတော့ မနှစ်က ရာသီလိုပဲ ခြေစွမ်းကောင်းကို ရရှိထားပြီး ပရီးမီးယားလိဂ် ပွဲစဉ် (၂၁) ပွဲ ကစားပြီးတဲ့ အချိန်မှာ (၁) ပွဲမှတောင် မရှုံးသေးတာ ဖြစ်ပါတယ်။

Photo Credit: Dailymail

လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ် ပွဲစဉ် (၂၁) ပွဲ ကစားပြီးတဲ့ အချိန်မှာ ပေးဂိုး (၁၄) ဂိုးပဲ ရှိပြီး ပေးဂိုး နည်းနေတာဟာ ဂိုးသမား နဲ့ နောက်ခံလူတွေကြောင့်ပါပဲလို့ ပြောလို့ ရနိုင်ပါတယ်။ လီဗာပူးလ်ဂိုးသမား အလီဆင်ဟာ အခုနှစ်ရာသီမှာ ပရီးမီးယားလိဂ် ပွဲစဉ် (၁၃) ပွဲကစားထားပြီး ကွင်းထဲကနေ နိုင်ပွဲနဲ့ပဲ ထွက်သွားချင်တာကြောင့် ရလဒ်ကောင်းနေတာပါလို့ ပြောသွားပါတယ်။

Photo Credit: Dailymail

အလီဆင်က “ကျွန်တော်တို့အသင်းမှာ အနိုင်ရချင်တဲ့ စိတ်ပဲ ရှိတယ်။ ကျွန်တော်တို့အသင်းက လာမယ့် ပွဲအကြောင်းကိုပဲ တွေးတယ်။ အလှမ်းဝေးနေသေးတဲ့ ပွဲစဉ်အကြောင်းကို မတွေးဘူး။ ကျွန်တော်တို့က အခုအချိန်ကိုပဲ အာရုံစိုက်တာပါ။ ကျွန်တော်တို့ကတော့ ကွင်းထဲကနေ နိုင်ပွဲနဲ့ ထွက်သွားနိုင်ဖို့ ဘာမဆို လုပ်မှာပါ။ ဒီလိုလုပ်လို့ပဲ ရလဒ်ကောင်းနေတာပါ”လို့ ပြောခဲ့ပါတယ်။