မန္ခ်က္စတာယူႏုိက္တက္အသင္းကေတာ့ ေနာက္ဆုံးကစားခဲ႔တဲ႔ ၿပိဳင္ပြဲစုံ၃ပြဲဆက္မွာ ႏုိင္ပြဲေတြ ဆက္တုိက္ေပ်ာက္ဆုံးခဲ႔ရလုိ႔ ယူႏုိက္တက္နည္းျပ အုိေလဂန္နာဆုိးလ္ရွားမွာလည္း သူရဲ႕နည္းျပရာထူးအတြက္ စုိးရိမ္စရာေတြ ျဖစ္လာခဲ႔ရၿပီး အခုလက္ရွိမွာလည္း ယူႏုိက္တက္နည္းျပရာထူးအတြက္ စပါးနည္းျပေဟာင္း ပုိခ်က္တီႏုိနဲ႔အတူ ဂ်ဳဗင္တပ္စ္နည္းျပ မက္စ္အယ္လီဂရီပါ သတင္းေတြ ထြက္လုိ႔ေနၿပီး အယ္လီဂရီကုိယ္တုိင္ကပါ ဒီရာထူးကုိ စိတ္ဝင္စားလုိ႔ေနတာေၾကာင့္ မၾကာခင္မွာ ယူႏုိက္တက္အသင္းရဲ႕နည္းျပထုိင္ခုံေပၚမွာ အယ္လီဂရီကုိ ျမင္ေတြ႕လာရမလားဆုိတာ ေစာင့္ၾကည့္ရပါလိမ့္မယ္။

Photo Credit : AS English

အသက္၅၂ႏွစ္အရႊယ္ရွိ အီတလီလူမ်ိဳး ေဘာလုံးနည္းျပ အယ္လီဂရီဟာ ေအစီမီလန္ ဂ်ဳဗင္တပ္စ္အစရွိတဲ႔ ထိပ္သီးစီးရီးေအအသင္းေတြကုိ ကုိင္တြယ္ခဲ့ဖူးတဲ႔ နာမည္ေက်ာ္နည္းျပတစ္ဦးျဖစ္ၿပီး ဂ်ဳဗင္တပ္စ္အသင္းကုိ ကုိင္တြယ္ခဲ႔စဥ္တုန္းကလည္း စီးရီးေအဆုဖလားကုိ ၅ႀကိမ္ဆက္ပုိင္ဆုိင္ႏုိင္ေအာင္ အဓိက စြမ္းေဆာင္ႏုိင္ခဲ႔ပါတယ္။ ဒါေပမယ့္ ခ်န္ပီယံလိဂ္မွာ ေအာင္ျမင္မႈရယူႏုိင္ျခင္းမရွိတဲ႔ အယ္လီဂရီဟာ ဒီႏွစ္ေဘာလုံးရာသီမစတင္ခင္မွာပဲ ဂ်ဳဗင္တပ္စ္အသင္းနဲ႔ လမ္းခြဲခဲ႔ရၿပီး လက္ရွိမွာ အသင္းလက္မဲ႔ ျဖစ္လုိ႔ေနရပါတယ္။

Photo Credit : Ninety Minutes Online

ဒါေပမယ့္ နည္းစနစ္ပုိင္း ကြ်မ္းက်င္ပုိင္ႏုိင္သူျဖစ္တဲ႔ အယ္လီဂရီကုိ အသင္းေပါင္းမ်ားစြာကေန ေခၚယူႏုိင္ဖုိ႔ စိတ္ဝင္စားၾကေနၿပီး အာဆင္နယ္အသင္းမွာလည္း အူႏုိင္းအမ္မရီရဲ႕ေနရာမွာ အာတီတာကုိ အစားမထုိးရခင္က အယ္လီဂရီကုိ ေခၚယူဖုိ႔ ႀကိဳးစားခဲ႔ပါေသးတယ္။ အယ္လီဂရီဟာ သိပ္မၾကာခင္မွာ နည္းျပေလာကထဲကုိ ျပန္လည္ဝင္ေရာက္လာဖုိ႔ ဆႏၵရွိေနတာေၾကာင့္ သူ႔ကုိ စိတ္ဝင္စားေနတဲ႔ အသင္းေတြထဲကမွ လက္ရွိမွာ ရလဒ္ပုိင္းေတြ ဆုိးရႊားလုိ႔ေနတဲ႔ ယူႏုိက္တက္အသင္းရဲ႕နည္းျပရာထူးကုိ လက္ခံသြားဖုိ႔ မ်က္စိက်ေနတယ္လုိ႔ Sportsmail ကေန ေဖာ္ျပလာခဲ႔ပါတယ္။ ဒါေပမယ့္ ယူႏုိက္တက္အသင္းရဲ႕ပရိသတ္ေတြကေတာ့ ဆုိးလ္ရွားရဲဲ႕ေနရာမွာ အယ္လီဂရီထက္ စပါးနည္းျပေဟာင္း ပုိခ်က္တီႏုိကုိပဲ နည္းျပသစ္အျဖစ္သာ ခန္႔အပ္ေစခ်င္ေနၿပီး အာဂ်င္တီးနားလူမ်ိဳး ပုိခ်က္တီႏုိကလည္း ယူႏုိက္တက္နည္းျပသစ္ ျဖစ္လာဖုိ႔အတြက္ ေရပန္းအစားဆုံး ျဖစ္လုိ႔ေနပါတယ္။ ယူႏုိက္တက္ကေတာ့ ဒီဇန္နဝါရီလအတြင္းမွာ ရလဒ္ေတြ ဆက္လက္ဆုိးလာခဲ႔မယ္ဆုိရင္ေတာ့ ဆုိးလ္ရွားကုိ ထုတ္ပယ္ဖြယ္ရွိၿပီး ပုိခ်က္တီႏုိ ဒါမွမဟုတ္ အယ္လီဂရီ တစ္ဦးဦးနဲ႔ အစားထုိးဖြယ္ရွိေနပါတယ္။

(Unicode)

ယူနိုက်တက်အသင်းရဲ့နည်းပြရာထူးကို မျက်စိကျလို့နေတဲ့ ဂျုဗင်တပ်စ်နည်းပြဟောင်း အယ်လီဂရီ

မန်ချက်စတာယူနိုက်တက်အသင်းကတော့ နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ၃ပွဲဆက်မှာ နိုင်ပွဲတွေ ဆက်တိုက်ပျောက်ဆုံးခဲ့ရလို့ ယူနိုက်တက်နည်းပြ အိုလေဂန်နာဆိုးလ်ရှားမှာလည်း သူရဲ့နည်းပြရာထူးအတွက် စိုးရိမ်စရာတွေ ဖြစ်လာခဲ့ရပြီး အခုလက်ရှိမှာလည်း ယူနိုက်တက်နည်းပြရာထူးအတွက် စပါးနည်းပြဟောင်း ပိုချက်တီနိုနဲ့အတူ ဂျုဗင်တပ်စ်နည်းပြ မက်စ်အယ်လီဂရီပါ သတင်းတွေ ထွက်လို့နေပြီး အယ်လီဂရီကိုယ်တိုင်ကပါ ဒီရာထူးကို စိတ်ဝင်စားလို့နေတာကြောင့် မကြာခင်မှာ ယူနိုက်တက်အသင်းရဲ့နည်းပြထိုင်ခုံပေါ်မှာ အယ်လီဂရီကို မြင်တွေ့လာရမလားဆိုတာ စောင့်ကြည့်ရပါလိမ့်မယ်။

Photo Credit : AS English

အသက်၅၂နှစ်အရွှယ်ရှိ အီတလီလူမျိုး ဘောလုံးနည်းပြ အယ်လီဂရီဟာ အေစီမီလန် ဂျုဗင်တပ်စ်အစရှိတဲ့ ထိပ်သီးစီးရီးအေအသင်းတွေကို ကိုင်တွယ်ခဲ့ဖူးတဲ့ နာမည်ကျော်နည်းပြတစ်ဦးဖြစ်ပြီး ဂျုဗင်တပ်စ်အသင်းကို ကိုင်တွယ်ခဲ့စဉ်တုန်းကလည်း စီးရီးအေဆုဖလားကို ၅ကြိမ်ဆက်ပိုင်ဆိုင်နိုင်အောင် အဓိက စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ချန်ပီယံလိဂ်မှာ အောင်မြင်မှုရယူနိုင်ခြင်းမရှိတဲ့ အယ်လီဂရီဟာ ဒီနှစ်ဘောလုံးရာသီမစတင်ခင်မှာပဲ ဂျုဗင်တပ်စ်အသင်းနဲ့ လမ်းခွဲခဲ့ရပြီး လက်ရှိမှာ အသင်းလက်မဲ့ ဖြစ်လို့နေရပါတယ်။

Photo Credit : Ninety Minutes Online

ဒါပေမယ့် နည်းစနစ်ပိုင်း ကျွမ်းကျင်ပိုင်နိုင်သူဖြစ်တဲ့ အယ်လီဂရီကို အသင်းပေါင်းများစွာကနေ ခေါ်ယူနိုင်ဖို့ စိတ်ဝင်စားကြနေပြီး အာဆင်နယ်အသင်းမှာလည်း အူနိုင်းအမ်မရီရဲ့နေရာမှာ အာတီတာကို အစားမထိုးရခင်က အယ်လီဂရီကို ခေါ်ယူဖို့ ကြိုးစားခဲ့ပါသေးတယ်။ အယ်လီဂရီဟာ သိပ်မကြာခင်မှာ နည်းပြလောကထဲကို ပြန်လည်ဝင်ရောက်လာဖို့ ဆန္ဒရှိနေတာကြောင့် သူ့ကို စိတ်ဝင်စားနေတဲ့ အသင်းတွေထဲကမှ လက်ရှိမှာ ရလဒ်ပိုင်းတွေ ဆိုးရွှားလို့နေတဲ့ ယူနိုက်တက်အသင်းရဲ့နည်းပြရာထူးကို လက်ခံသွားဖို့ မျက်စိကျနေတယ်လို့ Sportsmail ကနေ ဖော်ပြလာခဲ့ပါတယ်။ ဒါပေမယ့် ယူနိုက်တက်အသင်းရဲ့ပရိသတ်တွေကတော့ ဆိုးလ်ရှားရဲဲ့နေရာမှာ အယ်လီဂရီထက် စပါးနည်းပြဟောင်း ပိုချက်တီနိုကိုပဲ နည်းပြသစ်အဖြစ်သာ ခန့်အပ်စေချင်နေပြီး အာဂျင်တီးနားလူမျိုး ပိုချက်တီနိုကလည်း ယူနိုက်တက်နည်းပြသစ် ဖြစ်လာဖို့အတွက် ရေပန်းအစားဆုံး ဖြစ်လို့နေပါတယ်။ ယူနိုက်တက်ကတော့ ဒီဇန်နဝါရီလအတွင်းမှာ ရလဒ်တွေ ဆက်လက်ဆိုးလာခဲ့မယ်ဆိုရင်တော့ ဆိုးလ်ရှားကို ထုတ်ပယ်ဖွယ်ရှိပြီး ပိုချက်တီနို ဒါမှမဟုတ် အယ်လီဂရီ တစ်ဦးဦးနဲ့ အစားထိုးဖွယ်ရှိနေပါတယ်။