MySport Myanmar

မန်ယူနိုက်တက်နဲ့ ပွဲစဉ်မှာပဲ ပြန်လည် ပါဝင်ကစားနိုင်တော့မယ့် အယ်လီဆန်

လီဗာပူးလ်အသင်းရဲ့ အဓိက ဂိုးသမားဖြစ်သူ အယ်လီဆန် ဘတ်ကာကတော့ လာမယ့် ဒီဇင်ဘာ (၁၇)ရက်နေ့ အန်ဖီးလ်မှာ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ ရင်ဆိုင်သွားရမယ့် ပရီးမီးယားလိဂ် ပွဲစဉ်မှာပဲ အသင်းအတွက် ပြန်ကစားပေးနိုင်တော့မယ်လို့ သိရှိရပါတယ်။

လီဗာပူးလ်ရဲ့ ဘရာဇီးလ် လက်ရွေးစင် ဂိုးသမား အယ်လီဆန်ဟာ မန်စီးတီးပွဲစဉ်ကို ပါဝင်ကစားလို့အပြီး တံကောက်ကြော ဒဏ်ရာ ရရှိသွားခဲ့တာကြောင့် LASK နဲ့ ယူရိုပါလိဂ်ပွဲစဉ် အပါအဝင် ဖူလ်ဟမ် ရှက်ဖီးတို့နဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေကိုပါ ဆက်တိုက် လွဲချော်ခဲ့ရပါတယ်။

Photo Credit : beIN SPORTS

အခုလို အယ်လီဆန် မပါဝင်နိုင်တဲ့ ပွဲစဉ်တွေမှာ လီဗာပူးလ်က အသင်းရဲ့ အရန် ဂိုးသမားတစ်ဦးဖြစ်တဲ့ အိုင်ယာလန် ဂိုးသမား ကယ်လေဟာကို အစားထိုး အသုံးပြုခဲ့ရပြီး ကယ်လေဟာကလည်း LASK ရှက်ဖီးတို့ ပွဲတွေမှာ Clean Sheets တွေ ရယူနိုင်ခဲ့ပေမယ့် ဖူလ်ဟမ်နဲ့ပွဲမှာတော့ (၃)ဂိုးအထိတောင် ခွင့်ပြုခဲ့ရပါတယ်။

အခုလည်း မနက်ဖြန် ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာပါ ကယ်လေဟာကိုသာ ဆက်လက် အသုံးပြုသွားရဖွယ် ရှိနေတယ် ဆိုပေမယ့်လည်း ပရီးမီးယားလိဂ် ပွဲစဉ် (၁၇)မှာတော့ အယ်လီဆန်က လီဗာပူးလ်အတွက် ပြန်ကစားပေးသွားနိုင်ပါတယ်။

Photo Credit : Goal

ပွဲစဉ် (၁၇)မှာတော့ လီဗာပူးလ်က ခါးသီးပြိုင်ဘက် မန်ယူနိုက်တက်အသင်းကို အန်ဖီးလ်မှာ ဧည်ခံသွားရမှာဖြစ်ပြီး ဒီလိုပွဲမျိုးမှာလည်း အယ်လီဆန်လို အသင်းအတွက် အရေးပါတဲ့ ကစားသမားတစ်ဦး ပြန်လည် ပါဝင်လာနိုင်ဖွယ် ရှိနေတာက လီဗာပူးလ်အတွက် အားတက်စရာ ဖြစ်လာနိုင်ပါတယ်။

ဒါပေမယ့် လီဗာပူးလ်အသင်းရဲ့ နောက်ထပ် အရေးကြီး ကစားသမားဖြစ်သူ ကင်မရွန်း ခံစစ်မှူး ဂျိုရယ် မာတစ်ကတော့ ဖူလ်ဟမ်နဲ့ပွဲစဉ်မှာ ရရှိခဲ့တဲ့ ဒူးအရွတ်စုတ်ပြဲမှု ACL Injury ကြောင့် အခု ဘောလုံးရာသီကုန်ဆုံးချိန်အထိ အနားယူသွားရနိုင်ဖို့ ရှိနေရပါတယ်။

Exit mobile version