လီဗာပူးလ်အသင်း ပထမ ဂိုးသမား အလီဆွန်ကတော့ လီဗာပူးလ်အသင်းနဲ့ အတူ ပရီးမီယားလိဂ် ဆုဖလားကိုသာမက ဆုဖလားတိုင်းကို ရရှိချင်တယ်လို့ ပြောခဲ့ပြီး သူတို့ရဲ့ အသင်းက မယုံနိုင်စရာအသင်းပါလို့ ပြောခဲ့ပါတယ်။ နည်းပြ ကလော့ပ်ရဲ့ လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ် ပွဲစဉ် (၂၅) ပွဲ ကစားပြီးတဲ့ အချိန်မှာ ရှုံးပွဲ မရှိသေးတာကြောင့် ရမှတ် (၇၃) မှတ် ရရှိလျက်ရှိပြီး နှစ် (၃၀) ကြာ စောင့်စားခဲ့ရတဲ့ ပရီးမီးယားလိဂ် ဆုဖလားကို ရရှိဖို့ သေချာနေပြီ ဖြစ်ပါတယ်။

Photo Credit: Goal

လီဗာပူးလ်အသင်းဟာ ပြီးခဲ့တဲ့ ရာသီမှာ ချန်ပီယံလိဂ်၊ ကလပ်ကမ္ဘာ့ဖလား နဲ့ ယူအီအက်ဖ်အေ စူပါဖလားတို့ကို ရရှိခဲ့ပြီး လက်ရှိရာသီမှာလည်း ပြီးခဲ့တဲ့ ရာသီကလို ဥရောပ ဆုဖလားတွေကို ပြန်သိမ်းပိုက်သွားမလား ဆိုတာ စောင့်ကြည့်ရမှာပါ။ လီဗာပူးလ် ဂိုးသမား အလီဆွန်ကတော့ လက်ရှိရာသီမှာ နှစ် (၃၀) ကြာ စောင့်ခဲ့ရတဲ့ ပရီးမီးယားလိဂ် ဆုဖလားကိုသာမကဘဲ ဆုဖလား မှန်သမျှကို ရရှိချင်တယ်လို့ ပြိုင်ဘက်အသင်းတွေကို သတိပေး ပြောကြားသွားလိုက်ပါတယ်။

Photo Credit: Goal

အလီဆွန်က “ကျွန်တော်တို့ ဆုဖလားတွေကို ရရှိချင်ပါတယ်။ ဆုဖလားတွေကို ရရှိချင်ပါတယ် ဆိုတာက ဆုဖလားတိုင်းကို ရချင်တာပါ။ ကျွန်တော်တို့က ကျွန်တော်တို့ရဲ့ အဓိက ပန်းတိုင်ကို ကြည့်ရုံပါပဲ။ ပြီးသွားခဲ့တာက ပြီးသွားခဲ့ပါပြီ။ ကျွန်တေ်ာတို့ ကျွန်တော်တို့ရဲ့ အရည်အသွေးကို အာရုံစိုက်ရမှာပါ။ ကျွန်တော်တို့မှာ မယုံနိုင်စရာ ကစားသမားတွေ ပါဝင်နေကြတဲ့ မယုံနိုင်စရာ အသင်း ရှိပြီး တစ်ယောက် ထွက်သွားရင် တစ်ယောက် ဝင်လာပါတယ်”လို့ ပြောသွားပါတယ်။