လီဗာပူးလ်အသင်းရဲ့ ဂိုးသမား အလီဆွန်ကတော့ အာဆင်နယ်အသင်းကို ရှုံးနိမ့်ခဲ့ရပြီးနောက် စံချိန်တင် ရမှတ် မရနိုင်တော့တဲ့ အချိန်မှာ လီဗာပူးလ်အသင်းရဲ့ အဓိက ပန်းတိုင်က စံချိန်တင် ရမှတ် ရရှိဖို့ မဟုတ်ဘဲ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ဝင်ရောက် ကစားခွင့် ရရှိဖို့ပါလို့ ပြောခဲ့ပါတယ်။ နည်းပြ ကလော့ပ်ရဲ့ လီဗာပူးအသင်းဟာ ပြီးခဲ့တဲ့ ရာသီမှာ ချန်ပီယံလိဂ် ဆုဖလားကို ရရှိခဲ့တဲ့ အတွက်ကြောင့် ချန်ပီယံလိဂ် လက်ရှိ ချန်ပီယံ ဖြစ်နေပေမယ့်လည်း ချန်ပီယံလိဂ် (၁၆) သင်း အဆင့် ရှုံးထွက် ပွဲစဉ်မှာ အက်သလက်တီကိုအသင်းကို ရှုံးလို့ ပြိုင်ပွဲက ထွက်သွားခဲ့ရပါတယ်။ 

 

Photo Credit: Goal

နည်းပြ ကလော့ပ်ရဲ့ လီဗာပူးလ်အသင်းဟာ လက်ရှိရာသီမှာ ပရီးမီးယားလိဂ် ဖလားကို နှစ် (၃၀) အတွင်း ပထမဆုံး အကြိမ် ရရှိခဲ့ပြီ ဖြစ်တာကြောင့် ချန်ပီယံလိဂ် ဝင်ခွင့် ရရှိဖို့အတွက် သေချာသွားပြီ ဖြစ်ပြီး နောက်နှစ်ရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ကစားရတော့မှာပဲ ဖြစ်ပါတယ်။ လီဗာပူးလ်အသင်းဟာ မန်စီးတီးအသင်းကို ကျော်ပြီး စံချိန်တင် ရမှတ်နဲ့ ပရီးမီးယားလိဂ် ဖလား ရရှိနိုင်ချေ ရှိပေမယ့်လည်း အာဆင်နယ်အသင်းကို ရှုံးနိမ့်ခဲ့တာကြောင့် မရနိုင်တော့မှာ ဖြစ်ပြီး လီဗာပူးလ် ဂိုးသမား အလီဆွန်က စံချိန်တင် ရမှတ်က ပန်းတိုင် မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။

Photo Credit: Goal

beIN Sports မှာ ဂိုးသမား အလီဆွန်က “စံချိန်တင် ရမှတ်က အမှန်အတိုင်း ပြောရမယ် ဆိုရင် ကျွန်တော်တို့ရဲ့ ပန်းတိုင် မဟုတ်ခဲ့ပါဘူး။ ဒါပေမယ့် လူတွေက ကျွန်တော်တို့ကို စံချိန်တွေကို ရိုက်ချိုးနိုင်မယ်လို့ ထင်ခဲ့ကြပါတယ်။ ဒါကလည်း ကောင်းပါတယ်။ ဒါပေမယ့်လည်း စံချိန်တွေ မချိုးနိုင်ရင်လည်း အဆင်ပြေပါတယ်။ အရေးကြီးဆုံးက ကျွန်တော်တို့ရဲ့ ပန်းတိုင် ဖြစ်ပြီးတော့ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ကစားရခွင့် ဖြစ်ပါတယ်။ ဒါက ကျွန်တော်တို့ရဲ့ အဓိက ပန်းတိုင် ဖြစ်ပြီး ကျွန်တော်တို့ ဒါကို ရရှိခဲ့ပါတယ်။ အခု ကျွန်တော်တို့ လုပ်နေတာက ဘာမှ မဟုတ်တော့ပါဘူး။ အသေးအမွှားကိစ္စတွေမှာ အမှားပြုလုပ်ခဲ့ပါတယ်။ ချန်ပီယံလိဂ်မှာ ကစားရမှာပါ”လို့ ဆိုပါတယ်။