လီဗာပူးလ်အသင်းရဲ့ ဘယ်အစွန် နောက်ခံ ကစားသမား ရော်ဘတ်ဆန်ကတော့ အသင်းဖော် ဂိုးသမား အလီဆွန်ကို ကမ္ဘာ့ အကောင်းဆုံး ဂိုးသမား ဖြစ်တယ်လို့ ချီးကျူးခဲ့ပြီး အလီဆွန်အနေနဲ့ နောက်တန်းကို ဘောလုံး ရောက်လာပြီ ဆိုရင် နိုးကြားလေ့ရှိတယ်လို့လည်း ပြောသွားပါတယ်။ ဘရာဇီး လက်ရွေးစင် ဂိုးသမား အလီဆွန်ဟာ လွန်ခဲ့တဲ့ (၂၀၁၈) ခုနှစ်က နွေရာသီ အပြောင်းအရွေ့ ဈေးကွက်မှာ ရိုးမားအသင်းကနေ လီဗာပူးလ်အသင်းကို ရောက်ရှိလာပြီးနောက် ပုံမှန်နေရာရနေခဲ့ပြီး မနှစ်ကလည်း အကောင်းဆုံး ဂိုးသမားဆု၊ ရွှေလက်အိတ်ဆုကို ရရှိခဲ့ပါတယ်။

Photo Credit: Goal

 

လီဗာပူးလ်အသင်းရဲ့ နံပါတ်တစ် ဂိုးသမား အလီဆင်ဟာ လက်ရှိရာသီမှာ ဒဏ်ရာ အနည်းငယ် ရရှိခဲ့ပေမယ့်လည်း လီဗာပူးလ်အသင်းအတွက် ပြိုင်ပွဲစုံ ပွဲစဉ် (၃၂) ပွဲ ကစားထားတာ ဖြစ်ပြီး နောက်ဆုံး ကစားခဲ့တဲ့ အက်စတွန်ဗီလာအသင်းနဲ့ ပွဲစဉ်မှာ လက်စွမ်းပြသခဲ့တာပဲ ဖြစ်ပါတယ်။ ဂိုးသမား အလီဆွန်ဟာ အက်စတွန်ဗီလာအသင်းနဲ့ ကစားသွားခဲ့တဲ့ ပွဲစဉ်မှာ ဂျက် ဂရီလစ်ချ်ရဲ့ ကန်ချက်ကို အကောင်းဆုံး ကာကွယ်နိုင်ခဲ့ပြီး လီဗာပူးလ်အသင်းရဲ့ ဘယ်နောက်ခံ ကစားသမား ရော်ဘတ်ဆန်က အလီဆွန်ကို ကမ္ဘာ့ အကောင်းဆုံး ဂိုးသမား ဖြစ်တယ်လို့ ချီးကျူးသွားပါတယ်။

Photo Credit: Goal

 

အသင်းရဲ့ တရားဝင် ဝက်ဆိုဒ်မှာ ဘယ်နောက်ခံလူ ရော်ဘတ်ဆန်က “ကွန်တော်တို့အနေနဲ့ ဂိုးသမား အလီဆွန်ကို ဘာမှသံသယမရှိဘဲ အသိအမှတ် ပြုကြရမှာ ဖြစ်ပြီး သူက ကမ္ဘာ့ အကောင်းဆုံး ဂိုးသးမား ဖြစ်ပါတယ်။ သူက နောက်တန်းကို ဘောလုံးရောက်လာပြီ ဆိုရင် နိုးကြားလေ့ရှိပြီး ဘောလုံးကိုလည်း ရှင်းထုတ်နိုင်ပါတယ်။ ဘောလုံးပွဲကို လာပြီး ကြည့်တဲ့ အချို့လူတွေက အဲဒီလိုအရာကို မေ့ကောင်းမေ့နိုင်ပြီး သူ့ကို အသိအမှတ်မပြုဘဲ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့လည်း ကျွန်တော်တို့ကတော့ မဟုတ်ပါဘူး။ သူက သိပ် ကောင်းတဲ့ ဂိုးသမား ဖြစ်ပြီး သိပ် ကောင်းတဲ့ သူလည်း ဖြစ်ပါတယ်။ သူ အက်စတွန်ဗီလာအသင်းနဲ့ ပွဲစဉ်မှာလည်း ကြီးမားတဲ့ ကာကွယ်မှုကို ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒါကြောင့်လည်း သူက ဒီဂိုးသမားနေရာကို ရရှိတာပါပဲ”လို့ ပြောခဲ့ပါတယ်။