ချဲလ်ဆီး နဲ့ လီဗာပူးလ်အသင်းတို့ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ်အတွင်းမှာ လီဗာပူးလ် ကစားသမားနှစ်ဦးဖြစ်တဲ့ အသင်းခေါင်းဆောင် ဂျော်ဒန်ဟန်ဒါဆန် နဲ့ ဂိုးသမား အယ်လီဆန်ဘတ်ကာတို့ဟာ အသင်းဖော် အချင်းချင်း စကားအချေအတင် ဖြစ်ခဲ့ရတဲ့ ကိစ္စရပ်အပေါ် ဂိုးသမား အယ်လီဆန်က ပြန်လည် ဖြေရှင်းသွားခဲ့ပါတယ်။

Jordan Henderson and Alisson clashed after the Liverpool captain berated the goalkeeper

Photo Credit : Daily Mail

ချဲလ်ဆီး နဲ့ လီဗာပူးလ်အသင်းတို့ ဂိုးမရှိသရေ ဖြစ်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲအတွင်း လီဗာပူးလ် အသင်းဖော်တွေဖြစ်တဲ့ ဟန်ဒါဆန် နဲ့ အယ်လီဆန်တို့က ဒေါသတကြီး အပြန်အလှန် အချေအတင် ဖြစ်ခဲ့ပေမယ့် ဒီကိစ္စက အသင်းအတွက် ပေးဆပ်ပြီး တိုက်ပွဲဝင်ချင်စိတ် အပြည့်ရှိတဲ့ ကစားသမား(၂)ဦးရဲ့ အချေအတင်ဖြစ်မှုသာ ဖြစ်တယ်လို့ အယ်လီဆန်က မှတ်ချက်ပြုသွားခဲ့ပါတယ်။

Alisson took issue with his captain and fired back as they engaged in an argument in the box

Photo Credit : Daily Mail

အယ်လီဆန်က “ကျွန်တော် နဲ့ ဟန်ဒါဆန် ကျွန်တော်တို့နှစ်ယောက်က ကျွန်တော်တို့ အသင်းအတွက် ပေးဆပ်ပြီး တိုက်ပွဲဝင်ရင်းနဲ့ အငြင်းအခုန် ဖြစ်လာရတာ။ နောက်ပြီး ကွင်းထဲမှာဆိုရင်တော့ ကျေးဇူးပြုပြီး ဆိုတာမျိုးတွေ မေးမြန်းဖို့ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် တစ်ခါတစ်ရံမှာ စိတ်ခံစားချက်တွေက မြင့်နေပုံရတာ။ ဒါပေမယ့် ကစားသမားနှစ်ယောက်က အသင်းအတွက် အကောင်းဆုံး နည်းလမ်းနဲ့ လုပ်ဆောင်နေပြီး ကူညီဖို့ ကြိုးစားနေတာပါ။ ဒီရာသီက ခက်ခဲပြီး အတော်လေး စိန်ခေါ်မှု ကြီးမားတာ သေချာပါတယ်။ ကျွန်တော်တို့ကလည်း လူသားတွေ ဖြစ်ပြီးတော့ တခြားလူတွေ နည်းတူ ခံစားမိရပါတယ်။ ဒါကြောင့် တချို့ အပြုသဘောမဆောင်တဲ့ ဖြစ်ရပ်တွေ ဖြစ်လာခဲ့တဲ့အခါ ကျွန်တော်တို့ကြားမှာ စိတ်ပျက်မှုတွေ ရှိလာတတ်တယ်”

The two appeared furious with each other as the game got back underway and they claimed a point

Photo Credit : Daily Mail

“ကျွန်တော်တို့ အကောင်းဆုံး ဖြစ်နေချိန်ဆို ပျော်ရွှင် ဝမ်းမြောက်မိတယ်။ ဒါပေမယ့် ဘောလုံးမှာတော့ ခြးနားတာက ကျွန်တော်တို့ အချိန်အကြာကြီး ပူဆွေးနေလို့ မရပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒါက ဘောလုံးရဲ့ ကောင်းတဲ့ ကိစ္စရပ်မို့ကြောင့်ပါ။ အသင်းက ကောင်းကောင်းမွန်မွန် မကစားနိုင်ခဲ့လို့ ပွဲအပြီး (၂)ရက် (၃)ရက်အတွင်း အဆိုးတွေ ကြုံရချိန်မှာ ဒီလို အခြေအနေကနေ ပြန်လည် ရုန်းထွက်နိုင်တယ်ဆိုတာကို ပြသဖို့ အခွင့်အရေးက ရှိလာတတ်တယ်။ ဒါကြောင့် ဒါက ဒီရာသီမှာ ကျွန်တော်တို့ရဲ့ စိန်ခေါ်မှုပါပဲ။ ပွဲတိုင်းမှာ ကျွန်တော်တို့ရဲ့ စစ်မှန်တဲ့ အရည်အသွေးတွေကို ပြသရလိမ့်မယ်။ ပြီးရင် အသင်းလိုက် သေချာ ကစားရပါမယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။