လီဗာပူးလ်အသင်းရဲ့လက်ရှိအောင်မြင်မှုတွေဟာ တစ်သင်းလုံးရဲ့အကောင်းဆုံးခြေစွမ်းတွေနဲ့ သက်ဆိုင်လျက်ရှိသလို အသင်းရဲ့နည်းပြ ယာဂင်ကလော့နဲ့လည်း အဓိကဆက်နွယ်လို့နေပါတယ်။ လီဗာပူးလ်အသင်းရဲ့ဒီလိုတိုးတတ်လာမှုတွေက အသင်းကို ဗန်ဒိုက်နဲ့ အယ်လီဆင်တို့လို ထိပ်သီးကစားသမားတွေ ရောက်ရှိလာပြီးနောက်ပိုင်းမှာ စတင်ဖြစ်ပေါ်လာခဲ့ရတာဖြစ်ပြီး အသင်းက နေရာစုံမှာ ကစားသမားကောင်းတွေကို ပိုင်ဆိုင်လိုက်ရလို့ ယခင်နှစ်တွေကထက် ခြေစွမ်းပိုင်း ပိုမိုကောင်းမွန်လာခဲ့ရပြီး ချန်ပီယံလိဂ်ဆုဖလားကြီးကိုပါ ပိုင်ဆိုင်နိုင်ခဲ့သလို အဲ့ဒီနောက်မှာလည်း ဥရောပစူပါဖလား ဖီဖာကလပ်ကမ္ဘာ့ဖလားတွေကိုပါ ဆက်တိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။
(Unicode)
ဆမ်ဘာဂိုးလ်ဆုကို ပထမဆုံး ပိုင်ဆိုင်ခဲ့တဲ့ ဂိုးသမားတစ်ဦးဖြစ်လာတဲ့ အယ်လီဆင်
လီဗာပူးလ်အသင်းရဲ့လက်ရှိအောင်မြင်မှုတွေဟာ တစ်သင်းလုံးရဲ့အကောင်းဆုံးခြေစွမ်းတွေနဲဲ့ သက်ဆိုင်လျက်ရှိသလို အသင်းရဲ့နည်းပြ ယာဂင်ကလော့နဲ့လည်း အဓိကဆက်နွယ်လို့နေပါတယ်။ လီဗာပူးလ်အသင်းရဲ့ဒီလိုတိုးတတ်လာမှုတွေက အသင်းကို ဗန်ဒိုက်နဲဲ့ အယ်လီဆင်တို့လို ထိပ်သီးကစားသမားတွေ ရောက်ရှိလာပြီးနောက်ပိုင်းမှာ စတင်ဖြစ်ပေါ်လာခဲ့ရတာဖြစ်ပြီး အသင်းက နေရာစုံမှာ ကစားသမားကောင်းတွေကို ပိုင်ဆိုင်လိုက်ရလို့ ယခင်နှစ်တွေကထက် ခြေစွမ်းပိုင်း ပိုမိုကောင်းမွန်လာခဲ့ရပြီး ချန်ပီယံလိဂ်ဆုဖလားကြီးကိုပါ ပိုင်ဆိုင်နိုင်ခဲ့သလို အဲ့ဒီနောက်မှာလည်း ဥရောပစူပါဖလား ဖီဖာကလပ်ကမ္ဘာ့ဖလားတွေကိုပါ ဆက်တိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။
Photo Credit : Getty Images
ဒီလို လီဗာပူးလ်အတွက် အကောင်းဆုံးနှစ်တစ်ခုကို ဖြတ်သန်းခဲ့ပြီးတဲ့နောက်မှာ အသင်းရဲ့ဂိုးပေါက်ကို အကောင်းဆုံးကာကွယ်မှုတွေ လုပ်ဆောင်ပေးနိုင်ခဲ့တဲ့ ဂိုးသမားအယ်လီဆင်ဘတ်ကာကို ဘောလုံးအဖွဲ့အစည်းများစွာကနေ ဆုပေါင်းများစွာ ချီးမြှင့်ခဲ့တဲ့အပြင် တစ်နှစ်တာအတွင်း အကောင်းဆုံးသော ဘရာဇီးကစားသမားတွေကို ပေးအပ်လေ့ရှိတဲ့ ဆမ်ဘာဂိုးလ်(ဆမ်ဘာဒီအော)ဆုချီးမြှင့်ရေးအသင်းကနေ ၂၀၁၉ခုနှစ်အတွက် ဆမ်ဘာဂိုးလ်ဆုရရှိသူအဖြစ် ရွေးချယ်လိုက်ကြောင်း သိရှိရပါတယ်။ ဒီဆုကို လွန်ခဲ့တဲ့ ၂၀၀၈ခုနှစ်ကမှ စတင်ပေးအပ်ခဲ့တာဖြစ်ပြီးတော့ နှစ်တိုင်းလိုလို နောက်ခံလူ ကွင်းလယ်လူ တိုက်စစ်ကစားသမားတွေသာ ပေးအပ်ခဲ့တာဖြစ်ပြီး ဂိုးသမားတစ်ယောက်ကနေ ဒီဆုကို ပိုင်ဆိုင်ခဲ့ရတာတော့ အခုမှ ပထမဆုံးအကြိမ် ဖြစ်လာခဲ့ရတာလို့ သိရပါတယ်။
Photo Credit : Getty Images
ဆမ်ဘာဂိုးလ်ဆုအတွက် ဘောလုံးနယ်ပယ်အတွင်းက ဂျာနယ်လစ်သမားတွေ ဘောလုံးသမားဟောင်းတွေနဲ့ ဘောလုံးပရိသတ်တွေက မဲပေးရွေးချယ်ခဲ့ကြတာဖြစ်ပြီး စစချင်းပေးအပ်တဲ့နှစ်မှာ ဘရာဇီးကွင်းလယ်ကစားသမားဟောင်း ကာကာက ပိုင်ဆိုင်ခဲဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ ဖေဘီယာနို မိုင်ကွန် သီယာဂိုဆေးဗား(၃နှစ်ဆက်တိုက်) နေမာ(၂နှစ်ဆက်တိုက်) ကော်တင်ဟို နေမာ ဖေမီနိုတို့က ဆမ်ဘာဂိုးလ်ဆုတွေကို နှစ်အလိုက်ပိုင်ဆိုင်နိုင်ခဲ့ရတာဖြစ်ပါတယ်။ ဒီနှစ်မှာတော့ လီဗာပူးလ်ဂိုးသမား အယ်လီဆင်က မဲပေးမှုပေါင်း ၃၅.၅၄% နဲ့ ပထမနေရာကို ရရှိခဲ့တာဖြစ်ပြီး သူရဲဲ့လီဗာပူးလ်နဲ့ ဘရာဇီးအသင်းဖော် တိုက်စစ်ကစားသမား ရောဘတ်တိုဖေမီနိုက ၂၃.၄၈% နဲ့ ဒုတိယနေရာ ပီအက်စ်ဂျီအသင်းရဲ့ဝါရင့်နောက်ခံလူကြီး သီယာဂိုဆေးဗားကတော့ ၁၀.၄၆% နဲ့ တတိယနေရာတွေမှာ အသီးသီးရပ်တည်နိုင်ခဲ့ပါတယ်။