အာဆင္နယ္အသင္းကေန မန္ခ်က္စတာယူႏုိက္တက္အသင္းဆီကုိ ေရာက္ရွိလာခဲ႔ၿပီးတဲ႔ေနာက္မွာ သူရဲ႕ နဂုိေျခစြမ္းေကာင္းေတြကုိ မျပသႏိုင္ေတာ့ပဲ ပြဲထြက္ကစားသမားအျဖစ္ ေရြးခ်ယ္ခံရဖုိ႔ကုိပါ ရုန္းကန္လာခဲ႔ရတဲ႔ တုိက္စစ္ကစားသမား အလက္ဆစ္ဆန္းခ်က္ဇ္ဟာ ဒီႏွစ္ေစ်းကြက္အတြင္းမွာ ယူႏိုက္တက္ေန ေရာင္းထုတ္ခံရမယ္လုိ႔ ေရပန္းစားေနခဲ႔ေပမယ့္ ယူႏုိက္တက္အသင္းနည္းျပဆုိးလ္ရွားကေတာ့ ဆန္းခ်က္ဇ္ကုိ အသင္းမွာ ဆက္ထိန္းသိမ္းထားၿပီး အခြင့္အေရးဆက္ေပးဖုိ႔ ဆုံးျဖတ္ခ်က္ခဲ႔ပါတယ္။ ဒီလုိ အခြင့္အေရးရလာခဲ႔တဲ႔ ဆန္းခ်က္ဇ္ကလည္း သူရဲ႕ ဒီရာသီ ပထမဆုံးေျခစြမ္းပြဲမွာပဲ အစြမ္းျပသြားခဲ႔ပါတယ္။

Photo Credit : Getty Images

ခ်ီလီလက္ေရြးစင္ႀကီး ဆန္းခ်က္ဇ္ အစြမ္းျပသြားခဲ႔တာကေတာ့ ဂုိးသြင္းစြမ္းရည္ေတြ အလိမ္အေခါက္စြမ္းရည္ေတြမဟုတ္ပဲ ေဘာလုံးျဖတ္ထုတ္မႈစြမ္းရည္ ျဖစ္ပါတယ္။ တနည္းအားျဖင့္ေျပာရမယ္ဆုိရင္ေတာ့ ကိုပါအေမရိက တတိယေနရာလုပြဲေနာက္ပုိင္းကတည္းက ဒဏ္ရာေၾကာင့္ အနားယူေနရတဲ႔ သူအေနနဲ႔ လက္ရွိမွာ ဘယ္ေလာက္အထိ ႀကံခုိင္မႈျပည့္ဝေနၿပီဆုိတာကုိ သက္ေသျပခဲ႔ရာ ေရာက္ပါတယ္။ ဒါေပမယ့္ သူျဖတ္ထုတ္ခဲ႔တဲ႔ ယူႏုိက္တက္အသင္းေဖာ္ကေတာ့ လက္ရွိ သူ႔ေနရာကုိ လုယူလာႏိုင္တဲ႔ လူငယ္တုိက္စစ္ကစားသမားေလး ေမဆင္ဂရင္းဝုဒ္ပဲျဖစ္ပါတယ္။

Photo Credit : Getty Images

အသက္၃၀အရႊယ္ ကစားသမားဟာ သူရဲ႕ ဒီရာသီ ပထမဆုံးေသာ ေျခစမ္းပြဲမွာ အသင္းေဖာ္ဂရင္းဝုဒ္ရဲ႕ ေဘာလုံးဆြဲေျပးလာခ်ိန္မွာ အားပါျပင္းထန္လွတဲ႔ ျဖတ္ထုတ္မႈကုိ ျပဳလုပ္ခဲ႔တာေၾကာင့္ ဆန္းခ်က္ဇ္နဲ႔ဂရင္းဝုဒ္ၾကားမွာ စကားအေခ်အတင္မ်ားခဲ႔တဲ႔အထိ ျဖစ္သြားခဲ႔ရပါတယ္။ ဆန္းခ်က္ဇ္ဟာ အခုအခ်ိန္မွသာ အသင္းေဖာ္ေတြနဲ႔ ျပန္လည္ေလ့က်င့္ခန္းဆင္းခဲ႔ရတာျဖစ္ၿပီး သူတစ္ဦးတည္း သီးသန္႔ေလ့က်င့္ခန္းဆင္းေနရတာက အခ်ိန္အေတာ္ၾကာခဲ႔ၿပီျဖစ္ၿပီး ဒီရာသီမွာလည္း ခုခ်ိန္ထိ ယူႏုိက္တက္အသင္း ပါဝင္ကစားႏုိင္ျခင္း မရွိေသးပါဘူး။

Photo Credit : Getty Images

လက္ရွိမွာ ဆန္းခ်က္ဇ္ကုိ ရုိးမားအသင္းကေန တစ္ရာသီအငွားစာခ်ဳပ္နဲ႔ ေခၚယူသြားဖုိ႔ ျပင္ဆင္ေနခဲ႔ေပမယ့္လည္း လူကာကူကုိ ေရာင္းခ်လုိက္ၿပီးေနာက္ တုိက္စစ္မွဴးအသစ္ အစားျပန္မေခၚႏုိင္တာေၾကာင့္ ဆန္းခ်က္ဇ္ကုိ အသင္းမွာ ဆက္လက္ထိန္းသိမ္းထားဖုိ႔က ရာခုိင္ႏႈန္းအရမ္းမ်ားေနပါတယ္။ ဆန္းခ်က္ဇ္အေနနဲ႔ကလည္း ပြဲထြက္ခြင့္ေတြ သိပ္မ်ားမ်ားစားစား ရဖုိ႔အတြက္ အာမခံခ်က္မရွိဘူးဆုိရင္ေတာင္ ယူႏုိက္တက္အသင္းက ဒီရာသီမွာ ယူရုိပါလိဂ္ၿပိဳင္ပြဲကုိ ဆင္ႏြဲဖုိ႔ရွိေနတာေၾကာင့္ ဒီၿပိဳင္ပြဲအတြင္းမွာေတာ့ ပါဝင္ကစားခြင့္ေတြ ရလာႏုိင္ပါတယ္ခင္ဗ်ာ။

(Unicode)
အာဆင်နယ်အသင်းကနေ မန်ချက်စတာယူနိုက်တက်အသင်းဆီကို ရောက်ရှိလာခဲ့ပြီးတဲ့နောက်မှာ သူရဲ့ နဂိုခြေစွမ်းကောင်းတွေကို မပြသနိုင်တော့ပဲ ပွဲထွက်ကစားသမားအဖြစ် ရွေးချယ်ခံရဖို့ကိုပါ ရုန်းကန်လာခဲ့ရတဲ့ တိုက်စစ်ကစားသမား အလက်ဆစ်ဆန်းချက်ဇ်ဟာ ဒီနှစ်စျေးကွက်အတွင်းမှာ ယူနိုက်တက်နေ ရောင်းထုတ်ခံရမယ်လို့ ရေပန်းစားနေခဲ့ပေမယ့် ယူနိုက်တက်အသင်းနည်းပြဆိုးလ်ရှားကတော့ ဆန်းချက်ဇ်ကို အသင်းမှာ ဆက်ထိန်းသိမ်းထားပြီး အခွင့်အရေးဆက်ပေးဖို့ ဆုံးဖြတ်ချက်ခဲ့ပါတယ်။ ဒီလို အခွင့်အရေးရလာခဲ့တဲ့ ဆန်းချက်ဇ်ကလည်း သူရဲ့ ဒီရာသီ ပထမဆုံးခြေစွမ်းပွဲမှာပဲ အစွမ်းပြသွားခဲ့ပါတယ်။

Photo Credit : Getty Images

ချီလီလက်ရွေးစင်ကြီး ဆန်းချက်ဇ် အစွမ်းပြသွားခဲ့တာကတော့ ဂိုးသွင်းစွမ်းရည်တွေ အလိမ်အခေါက်စွမ်းရည်တွေမဟုတ်ပဲ ဘောလုံးဖြတ်ထုတ်မှုစွမ်းရည် ဖြစ်ပါတယ်။ တနည်းအားဖြင့်ပြောရမယ်ဆိုရင်တော့ ကိုပါအမေရိက တတိယနေရာလုပွဲနောက်ပိုင်းကတည်းက ဒဏ်ရာကြောင့် အနားယူနေရတဲ့ သူအနေနဲ့ လက်ရှိမှာ ဘယ်လောက်အထိ ကြံခိုင်မှုပြည့်ဝနေပြီဆိုတာကို သက်သေပြခဲ့ရာ ရောက်ပါတယ်။ ဒါပေမယ့် သူဖြတ်ထုတ်ခဲ့တဲ့ ယူနိုက်တက်အသင်းဖော်ကတော့ လက်ရှိ သူ့နေရာကို လုယူလာနိုင်တဲ့ လူငယ်တိုက်စစ်ကစားသမားလေး မေဆင်ဂရင်းဝုဒ်ပဲဖြစ်ပါတယ်။

Photo Credit : Getty Images

အသက်၃၀အရွှယ် ကစားသမားဟာ သူရဲ့ ဒီရာသီ ပထမဆုံးသော ခြေစမ်းပွဲမှာ အသင်းဖော်ဂရင်းဝုဒ်ရဲ့ ဘောလုံးဆွဲပြေးလာချိန်မှာ အားပါပြင်းထန်လှတဲ့ ဖြတ်ထုတ်မှုကို ပြုလုပ်ခဲ့တာကြောင့် ဆန်းချက်ဇ်နဲ့ဂရင်းဝုဒ်ကြားမှာ စကားအချေအတင်များခဲ့တဲ့အထိ ဖြစ်သွားခဲ့ရပါတယ်။ ဆန်းချက်ဇ်ဟာ အခုအချိန်မှသာ အသင်းဖော်တွေနဲ့ ပြန်လည်လေ့ကျင့်ခန်းဆင်းခဲ့ရတာဖြစ်ပြီး သူတစ်ဦးတည်း သီးသန့်လေ့ကျင့်ခန်းဆင်းနေရတာက အချိန်အတော်ကြာခဲ့ပြီဖြစ်ပြီး ဒီရာသီမှာလည်း ခုချိန်ထိ ယူနိုက်တက်အသင်း ပါဝင်ကစားနိုင်ခြင်း မရှိသေးပါဘူး။

Photo Credit : Getty Images

လက်ရှိမှာ ဆန်းချက်ဇ်ကို ရိုးမားအသင်းကနေ တစ်ရာသီအငှားစာချုပ်နဲ့ ခေါ်ယူသွားဖို့ ပြင်ဆင်နေခဲ့ပေမယ့်လည်း လူကာကူကို ရောင်းချလိုက်ပြီးနောက် တိုက်စစ်မှူးအသစ် အစားပြန်မခေါ်နိုင်တာကြောင့် ဆန်းချက်ဇ်ကို အသင်းမှာ ဆက်လက်ထိန်းသိမ်းထားဖို့က ရာခိုင်နှုန်းအရမ်းများနေပါတယ်။ ဆန်းချက်ဇ်အနေနဲ့ကလည်း ပွဲထွက်ခွင့်တွေ သိပ်များများစားစား ရဖို့အတွက် အာမခံချက်မရှိဘူးဆိုရင်တောင် ယူနိုက်တက်အသင်းက ဒီရာသီမှာ ယူရိုပါလိဂ်ပြိုင်ပွဲကို ဆင်နွဲဖို့ရှိနေတာကြောင့် ဒီပြိုင်ပွဲအတွင်းမှာတော့ ပါဝင်ကစားခွင့်တွေ ရလာနိုင်ပါတယ်ခင်ဗျာ။