MySport Myanmar

ချန်ပီယံလိဂ် ဆက်ကစားဖို့အတွက် မာဆေးလ်ကို ရွေးချယ်ဖွယ်ရှိနေတဲ့ ဆန်းချက်ဇ်

ဒီနွေဈေးကွက်အတွင်းမှာ အင်တာမီလန်အသင်းကနေ ထွက်ခွာရဖွယ် ရှိလို့နေတဲ့ ဝါရင့် ချီလီ တိုက်စစ်ကစားသမား အလက်ဆစ်ဆန်းချက်ဇ်က အင်တာကနေသာ ထွက်ခွာသွားရမယ်ဆိုရင် သူ့ကို ခေါ်ယူချင်နေတဲ့ ကလပ်အသင်းတွေထဲကမှ ချန်ပီယံလိဂ်ပြိုင်ပွဲ ဆင်နွဲခွင့် ရရှိထားတဲ့ လီဂူးကလပ် မာဆေးလ်အသင်းဆီကိုပဲ ရွေးချယ်သွားဖွယ် ရှိနေတယ်လို့ သိရှိရပါတယ်။

Photo Credit : Forbes

အသက်(၃၃)နှစ်အရွယ်ရှိ ချီလီလက်ရွေးစင် တိုက်စစ်ကစားသမား ဆန်းချက်ဇ်ဟာ သူရဲ့လက်ရှိကလပ် အင်တာမှာ ဆက်လက်ရှိနေဖို့ မလွယ်ကူတော့ပဲ အင်တာဘက်က ဆန်းချက်ဇ်လို လုပ်ခလစာ မြင့်မားနေတဲ့ ကစားသမားတွေကို ပြန်လည် ရှင်းထုတ်ပြီး အသင်းဘဏ္ဍာရေး ဟန်ချက်ညီဖို့အတွက် လုပ်ဆောင်သွားချင်နေပါတယ်။ အင်တာအသင်းဟာ အသင်းရဲ့ ကစားသမားဟောင်းဖြစ်သူ တိုက်စစ်မှူး လူကာကူကို ချယ်လ်ဆီးအသင်းကနေ အငှားခေါ်ယူခွင့် ယူရို(၈)သန်းနဲ့ ခေါ်ယူထားခဲ့သလို အသင်းရဲ့ နောက်ထပ် လစာမြင့် ကစားသမားဖြစ်သူ လော်တာရိုမာတီနက်ဇ်ကိုပါ အသင်းမှာပဲ ဆက်လက် ထိန်းသိမ်းသွားဖို့ ဆုံးဖြတ်လိုက်တဲ့အတွက် တစ်ပတ်လုပ်ခ ပေါင်(၁၂၀၀၀၀)ထိ ရရှိနေတဲ့ ဆန်းချက်ဇ်လို ကစားသမားမျိုးကို အသင်းကနေ ရောင်းထုတ်သွားချင်နေတာ ဖြစ်ပါတယ်။

Photo Credit : Semperinter

ဘာစီလိုနာ အာဆင်နယ် မန်ချက်စတာယူနိုက်တက်နဲ့ အင်တာမီလန်အသင်းတွေမှာ ပါဝင်ကစားခဲ့ဖူးပြီး အတွေ့အကြုံကောင်းတွေကိုလည်း ပိုင်ဆိုင်ထားတဲ့ ဆန်းချက်ဇ်လို ဝါရင့်ကစားသမားတစ်ဦးကို ခေါ်ယူချင်နေတဲ့ ကလပ်အသင်းတွေက ဥရောပမှာသာမကပဲ တောင်အမေရိက ကလပ်အသင်းတွေကပါ စိတ်ဝင်စားနေတယ် ဆိုပေမယ့်လည်း ဆန်းချက်ဇ်ကိုယ်တိုင်ကတော့ ဥရောပရဲ့ အမြင့်မားဆုံး ဘောလုံးပြိုင်ပွဲကြီးဖြစ်တဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာပါ ပါဝင်ကစားနိုင်ဖို့အတွက် ချန်ပီယံလိဂ်ဝင်ခွင့် ရရှိထားတဲ့ မာဆေးလ်အသင်းကို ရွေးချယ်သွားဖွယ် ရှိနေရပါတယ်။ အင်တာမီလန်အသင်းနဲ့အတူ စီးရီးအေ ကိုပါအီတလီယာနဲ့ စူပါကိုပါအီတလီယာဖလားတွေကို ပ်ိုင်ဆိုင်နိုင်ခဲ့တဲ့ ဆန်းချက်ဇ်ဟာ ၂၀၁၉ခုနှစ်မှာပဲ မန်ယူနိုက်တက်ကနေ အာဆင်နယ်ကို ရောက်ရှိလာခဲ့ရတာဖြစ်ပြီး အသင်းအတွက် (၂)ရာသီခွဲအထိ ဖြတ်သန်းခဲ့ပြီးနောက်မှာ ပြိုင်ပွဲစုံ ပွဲပေါင်း (၁၀၉)ပွဲ ပါဝင်ကစားထားခဲ့သလို စုစုပေါင်း သွင်းဂိုး (၂၀)ထိ သွင်းယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဆန်းချက်ဇ်က လာမယ့် ၂၀၂၂-၂၀၂၃ ဘောလုံးရာသီမှာ သူရဲ့လက်ရှိကလပ် အင်တာမီလန်အသင်းနဲ့ ဆက်လက် ဖြတ်သန်းသွားရမယ့် အခြေအနေမှာ ရှိမနေတော့ပဲ ကလပ်အသင်း တစ်သင်းနဲ့သာ ဖြတ်သန်းရဖွယ် ရှိနေရပါတယ်။

Exit mobile version