MySport Myanmar

လာကာဇက်ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး နွေရာသီမှသာ ဆုံးဖြတ်ချက် ချမှတ်သွားမယ့် အာဆင်နယ်

LONDON, ENGLAND - DECEMBER 11: Alex Lacazette celebrates scoring the 1st Arsenal goal during the Premier League match between Arsenal and Southampton at Emirates Stadium on December 11, 2021 in London, England. (Photo by Stuart MacFarlane/Arsenal FC via Getty Images)

ဒီနှစ်ဘောလုံးရာသီအကုန်မှာ အာဆင်နယ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် အသင်းခေါင်းဆောင် တိုက်စစ်ကစားသမား အလက်ဆန်းဒါးလာကာဇက်ရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး လတ်တလော အခြေအနေမှာ ဘာကိုမှ ဆွေးနွေးသွားဦးမှာ မဟုတ်ပေမယ့်လည်း ဒီနှစ်ဘောလုံးရာသီအပြီး နွေရာသီ ရောက်ပြီဆိုတာနဲ့ လာကာဇက်ရဲ့ စာချုပ်ကိစ္စကို အသေအချာ ဆွေးနွေးသွားမှာ ဖြစ်တယ်လို့ သိရှိရပါတယ်။

Photo Credit : Premier League

အသက်(၃၀)အရွှယ်ရှိပြီဖြစ်တဲ့ ပြင်သစ်တိုက်စစ်ကစားသမား လာကာဇက်ဟာ လွန်ခဲ့တဲ့ ၂၀၁ရခုနှစ်ကမှ လိုင်ယွန်အသင်းကနေ အာဆင်နယ်အသင်းဆီ ပြောင်းရွှေ့ရောက်ရှိလာခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ အသင်းရဲ့တိုက်စစ်အတွက် အရေးပါတဲ့ ကစားသမားတစ်ဦး ဖြစ်နေရသလို အူဘာမီယန်း အသင်းကနေ ထွက်ခွာသွားတဲ့နောက်မှာလည်း အသင်းရဲ့ အသင်းခေါင်းဆောင် တာဝန်ကို ဆက်လက်ထမ်းဆောင်နေရသူ ဖြစ်ပါတယ်။ ဒီလို အခြေအနေတွေ ရှိနေပေမယ့်လည်း အာဆင်နယ်အသင်းနဲ့ လာကာဇက်တို့ကြားက စာချုပ်သက်တမ်းက လပိုင်းလောက်သာ ကျန်ရှိနေတော့တာဖြစ်ပြီး လာကာဇက်ကိုလည်း ကလပ်အသင်း တချို့ကနေ စောင့်ကြည့်လာခဲ့တာကြောင့် အာဆင်နယ်ဘက်က ကစားသမားရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး စာချုပ်သက်တမ်း မကုန်ဆုံးခင် အချိန်မှာ စာချုပ်ကိစ္စ ဆွေးနွေးသွားဖို့ သဘောတူညီမှုပါ ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

Photo Credit : Daily Mail

၂၀၁၇-၂၀၁၈ ဘောလုံးရာသီကနေ စတင်ပြီး အာဆင်နယ်အသင်းအတွက် စတင်ပါဝင်ကစားခဲ့တဲ့ လာကာဇက်ဟာ အခုဆိုရင် အာဆင်နယ်အတွက် ပြိုင်ပွဲစုံ (၁၉၆)ပွဲ ကစားထားပြီး သွင်းဂိုးစုစုပေါင်း (၇၀)ထိ သွင်းယူထားနိုင်ပေမယ့် ဒီနှစ်ဘောလုံးရာသီအတွင်းမှာတော့ လာကာဇက်ဟာ သွင်းဂိုးတွေ ရယူပေးဖို့ ရုန်းကန်နေရသလို (၂၆)ပွဲမှာ သွင်းဂိုး(၅)ဂိုးသာ သွင်းယူထားနိုင်လို့ ဝေဖန်မှုတွေနဲ့ပါ ရင်ဆိုင်နေရပါတယ်။ ဒါပေမယ့် အသင်းအတွက် အကောင်းဆုံး တိုက်ပွဲဝင် ကစားတတ်သလို ဂိုးမသွင်းနိုင်ရင်တောင် အသင်းဖော်တွေ ဂိုးရရှိဖို့ အကောင်းဆုံး စွမ်းဆောင်နေပြီး အသင်းကိုလည်း ချန်ပီယံလိဂ်ဝင်ခွင့်ရအောင် လုပ်ဆောင်ပေးနေတာကြောင့် အသင်းဘက်က လာကာဇက်ကို သက်တမ်းထပ်တိုးဖို့ ဆန္ဒရှိနေသလို ကစားသမားကလည်း အာဆင်နယ်နဲ့ ဆက်လက် လက်တွဲမယ်ဆိုရင် နောက်ထပ် နှစ်အနည်းငယ်လောက် သက်တမ်းတိုးဖွယ် ရှိနိုင်ပါတယ်။ ဒါ့အပြင် အာဆင်နယ် ကစားသမား အများစုကလည်း လာကာဇက်လို ကစားသမားမျိုးကို အသင်းမှာသာ ဆက်လက်ရှိနေချင်တာကြောင့် သက်တမ်းတိုးဖို့က ဖြစ်နိုင်ခြေ အရမ်းများလို့နေပါတယ်။

Exit mobile version