လီဗာပူးလ်အသင်းရဲ့ ညာအစွန် နောက်ခံ ကစားသမား ဖြစ်သူ အာနိုးလ်က ကစားသမားဘဝက အနားမယူခင်မှာ လီဗာပူးလ်အသင်းရဲ့ အသင်းခေါင်းဆောင် ဖြစ်ချင်တယ်လို့ ပြောကြားသွားခဲ့ပြီး လက်ရှိအချိန်မှာ ဥပမာကောင်း ဖြစ်အောင် ကြိုးစားနေတယ်လို့လည်း ပြောခဲ့တာ ဖြစ်ပါတယ်။ ညာနောက်ခံကစားသမား အာနိုးလ်ဟာ လီဗာပူးလ်အသင်းရဲ့ အိမ်မွေးခြံပေါက် အကယ်ဒမီထွက် ကစားသမား ဖြစ်ပြီး နည်းပြ ကလော့ပ်ရဲ့ လီဗာပူးလ်အသင်းနဲ့ အတူ ပြည်တွင်းလိဂ် ပရီးမီးယား လိဂ် ဆုဖလား နဲ့ ဥရောပရဲ့ အမြင့်မားဆုံး ချန်ပီယံလိဂ် ဆုဖလားတို့ကို ရရှိထားတာ ဖြစ်ပါတယ်။

Photo Credit: Goal

အသက် (၂၁) နှစ်အရွယ် လူငယ် ကစားသမား အာနိုးလ်ဟာ လက်ရှိရာသီမှာ လီဗာပူးလ်အသင်းအတွက် ပရီးမီးယားလိဂ် ပွဲစဉ် (၃၁) ပွဲ ကစားထားရာမှာ ပရီးမီးယားလိဂ် သွင်းဂိုး (၃) ဂိုး သွင်းယူနိုင်ခဲ့ပြီး ပရီးမီးယားလိဂ် ဆုဖလားကိုလည်း ထိုက်ထိုက်တန်တန် ရရှိသွားခဲ့တာ ဖြစ်ပါတယ်။ လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ် ဆုဖလားကို အလျှင်မြန်ဆုံး ရရှိတဲ့ အသင်း အဖြစ် စံချိန်သစ် တင်နိုင်ခဲ့ပြီး လီဗာပူးလ် နောက်ခံလူ အာနိုးလ်ကတော့ ကစားသမားဘဝက အနားမယူခင်မှာ လီဗာပူးလ်အသင်းရဲ့ အသင်းခေါင်းဆောင် ဖြစ်ချင်တယ်လို့ အခိုင်အမာ ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Goal

TheTelegraph မှာ အာနိုးလ်က “လီဗာပူးလ်အသင်းရဲ့ အသင်းခေါင်းဆောင် ဖြစ်ချင်တာက နေ့တိုင်း ကျွန်တော့်ကို အင်အားသစ်ပေးပါတယ်။ ဒါက ကျွန်တော် လိုချင်တဲ့ အရာပါပဲ။ ဒါက ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော် ကစားသမားဘဝကနေ အနားယူမခင်မှာ လီဗာပူးလ် အသင်းခေါင်းဆောင် မဖြစ်နိုင်ဘူး ဆိုရင် ကျွန်တော် စိတ်ပျက်မိပါလိမ့်မယ်။ ကျွန်တော် ဒီအကြောင်းကို အမြဲတမ်း တွေးဖြစ်ပါတယ်။ ကျွန်တော် လီဗာပူးလ်အသင်းခေါင်း ဖြစ်လာရင်ပဲ ဖြစ်ဖြစ်၊ မဖြစ်လာရင်ပဲ ဖြစ်ဖြစ်၊ လီဗာပူးလ်အသင်းမှာ ဥပမာအနေနဲ့ ဦးဆောင်ရမယ် ဆိုတာက ကျွန်တော့်ရဲ့ တာဝန်လို ခံစားရပါတယ်။ ကျွန်တော် အခုအချိန်မှာ အဲလို နေဖို့ ကြိုးစားပါတယ်။ တိုးတတ်လာမယ့် လူငယ်အတွက် ဥပမာ ဖြစ်ချင်ပါတယ်”လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။