MySport Myanmar

လက်ရှိ form ကြောင့်သာ ဂါနာချိုကို ချန်လှပ်ခဲ့ရတာလို့ စကာလိုနီ ရှင်းလင်း

၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲအတွက် အာဂျင်တီးနား ကစားသမားစာရင်းကို ထုတ်ပြန်ခဲ့ရာမှာ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အာဂျင်တီးနား တောင်ပံကစားသမား အလက်ဟန်ဒရို ဂါနာချို ထပ်မံ အရွေးမခံရတော့တာနဲ့ ပတ်သက်ပြီး နည်းပြ စကာလိုနီက ရှင်းလင်း ပြောဆိုလာခဲ့ပါတယ်။

အသက် (၁၉)နှစ်အရွယ် တောင်အမေရိက ကြယ်ပွင့် ကစားသမားလေး ဂါနာချိုဟာ ၂၀၂၂နှစ်မှာကတည်းက အာဂျင်တီးနားအတွက် ရွေးချယ်ခံရပေမယ့်လည်း ၂၀၂၃မှာသာ စတင် ကစားခဲ့ရတာဖြစ်ပြီး လက်ရှိအချိန်ထိ (၃)ပွဲ ပါဝင်ထားခဲ့ရပါတယ်။

Photo Credit : United in Focus

ဒါပေမယ့် ဂါနာချိုဟာ ကစားသမားကောင်းတွေ ကြွယ်ဝနေတဲ့ အာဂျင်တီးနားအသင်းမှာ မိနစ်အနည်းငယ်လောက်သာ ကစားခွင့် ရရှိခဲ့သလို ပြီးခဲ့တဲ့ အောက်တိုဘာကဆိုရင်လည်း တစ်မိနစ်မှ မကစားခဲ့ရပဲ အရန်ခုံမှာသာ အချိန်ကုန်ခဲ့ရပါတယ်။

အခုလည်း ဥရုဂွေး ဘရာဇီးလ်တို့လို အသင်းကောင်းတွေနဲ့ ရင်ဆိုင်သွားရမယ့် ကမ္ဘာ့ဖလား ခြေစစ်ပွဲအတွက်ကိုလည်း လူစာရင်းကနေ ချန်လှပ်ခဲ့ပြီး ဒီလို ချန်လှပ်ခဲ့ရတဲ့ အကြောင်းအရင်းကို နည်းပြ စကာလိုနီက ရှင်းပြသွားခဲ့ပါတယ်။

Photo Credit : Sky Sports

“ဂါနာချို ရွေးချယ်မခံရတာက သူရဲ့ လက်ရှိ form နဲ့ ပတ်သက်တဲ့ အခြေအနေတွေကြောင့်ပါပဲ။ အရင်လတွေတုန်းက သူ့ကို ရွေးချယ်ခဲ့စဉ်တုန်းကလည်း သူ့မှာ ပွဲကစားချိန် လုံလုံလောက်လောက် မရရှိခဲ့ပါဘူး။ ဒါပေမယ့် သူက ကျွန်တော်တို့ရဲ့ အစီအစဉ်ထဲမှာ ဆက်လက် ပါဝင်နေဦးမယ့် ကစားသမားတစ်ယောက်ဆိုတာ သေချာပါတယ်။” လို့ စကာလိုနီက ရှင်းလင်း ပြောဆိုသွားခဲ့ပါတယ်။

တောင်ပံ ကစားသမားလေး ဂါနာချိုဟာ ဒီနှစ် ဘောလုံးရာသီအတွင်း မန်ယူနိုက်တက်အသင်းအတွက် ခြေစွမ်းကောင်းတွေ ပြသဖို့ ရုန်းကန်နေရပြီး ပြိုင်ပွဲစုံ (၁၆)ပွဲ ကစားထားရမှာလည်း လိဂ်ဖလားပွဲမှာသာ သွင်းဂိုး (၁)ဂိုး သွင်းယူနိုင်ခဲ့ပြီး ဂိုးဖန်တီးမှုဆိုရင် တစ်ကြိမ်မှတောင် မလုပ်ဆောင်နိုင်သေးပဲ ရှိနေပါတယ်။

Exit mobile version