ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးအသင်းဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်အသင်းကတော့ ယခုနှစ်ဘောလုံးရာသီအကုန်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရရှိနိုင်ချေရှိနေတဲ့ ဘိုင်ယန်မြူးနစ် အသင်းရဲ့ စပိန်ကွင်းလယ်လူ အယ်ကန်တာရာကို ခေါ်ယူဖို့အတွက် စတင်ပြီး ကြိုးပမ်းနေပြီလို့ ဂျာမန်သတင်းစာတွေက ဖော်ပြခဲ့ကြပါတယ်​။ အသက်၂၈နှစ်အရွယ် စပိန်ကွင်းလယ်လူဟာ လက်ရှိမှာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ၆လသာ စာချုပ်သက်တမ်းကျန်ရှိတော့သူဖြစ်ပြီး အသင်းဘက်က သူ့ကို စာချုပ်သစ်ကမ်းလှမ်းထားခဲ့ပေမယ့် လက်ရှိအချိန်အထိတော့ သူက အဆိုပါ စာချုပ်ကို တုန့်ပြန်ထားခြင်း မရှိပါဘူး။

Photo Credit: The Sun.com

မန်ယူအသင်းဟာ အယ်ကန်တာရာကို ဘာစီလိုနာအသင်းမှာ ရှိနေစဉ်ကတည်းက ခေါ်ယူလိုခဲ့တဲ့ အသင်းဖြစ်ပြီး အဆိုပါအချိန်တုန်းက အယ်ကန်တာရာဟာ ဘိုင်ယန်အသင်းနဲ့ မန်ယူအသင်းတို့ရဲ့ ကမ်းလှမ်းမှုတွေကို တစ်ပြိုင်ထဲ ရရှိခဲ့ပြီး အဆုံးသတ်မှာတော့ ဘိုင်ယန်အသင်းကို ရွေးချယ်သွားခဲ့သူပါ။ စပိန်သတင်းစာတွေရဲ့ ဖော်ပြချက်အရတော့ မန်ယူအသင်းဟာ အယ်ကန်တာရာနဲ့ ရင်းနှီးတဲ့ဆက်ဆံရေးတစ်ခု ရှိနေတဲ့ အသင်းရဲ့ အဓိကဂိုးသမား ဒီဂီယာကို အသုံးချကာ အယ်ကန်တာရာရဲ့အခြေအနေကို စုံစမ်းနေကြောင်းနဲ့ အယ်ကန်တာရာကသာ အသင်းကို ပြောင်းဖို့ စိတ်ဝင်စားပါက ချက်ချင်း ကမ်းလှမ်းမှုတွေ လုပ်မှာဖြစ်ကြောင်းလည်း သိရှိရပါတယ်။

Photo Credit: The Sun.com

အသက်၂၈နှစ်အရွယ် အယ်ကန်တာရာဟာ ယခုနှစ်ဘောလုံးရာသီမှာ ဘိုင်ယန်မြူးနစ် အသင်းအတွက် ဘွန်ဒက်စ်လီဂါပွဲစဉ် ၂၀ပွဲအထိ ကစားပေးထားခဲ့ပြီး ၃ဂိုးသွင်းယူပေးထားနိုင်သူ ဖြစ်ကာ သူ့ရဲ့တိကျတဲ့ဘောလုံးပေးပို့မှုနှုန်းဟာ ၉၀.၈ရာခိုင်နှုန်းအထိ ရှိတာကြောင့်​ ထိပ်တန်း ကွင်းလယ်လူတစ်ဦး ဖြစ်တယ်ဆိုတာကို ငြင်းဆန်လို့မရပါဘူး။ မန်ယူအသင်းဟာ လာမယ့် နွေရာသီအပြောင်းအရွှေ့မှာ အသင်းရဲ့ အဓိက ကွင်းလယ်လူ ပေါ့ဘာကို ရောင်းထုတ်ဖို့ စဉ်းစားပြီးဖြစ်တာကြောင့် လာမယ့်နွေရာသီမှာ အသင်းထံကို ကွင်းလယ်ကစားသမားသစ် နှစ်ဦးကနေ သုံးဦးအထိ ခေါ်ယူဖွယ်ရှိပါတယ်။ ခြေစွမ်းအရရော အသက်အရွယ်အရပါ ထိပ်တန်းအဆင့်မှာရှိတဲ့ အယ်ကန်တာရာကို မန်ယူအသင်းက အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူသွားနိုင်မှာလားဆိုတာကိုတော့……..။