အာဆင္နယ္ တုိက္စစ္မွဴးေဟာင္း အလန္ စမစ္က အာဆင္နယ္အသင္းအေနနဲ႔ မန္စီးတီးအသင္းရဲ႕ လက္ေထာင္နည္းျပ အာတီတာကုိ အျမဲတမ္း နည္းျပ အျဖစ္ ခန္႔သင့္တယ္လုိ႔ ေျပာသြားခဲ့ပါတယ္။ အာတီတာဟာ အာဆင္နယ္အသင္းရဲ႕ ကစားသမားေဟာင္း ျဖစ္ၿပီး၊ အာဆင္နယ္အသင္းအတြက္ ကစားခဲ့စဥ္က ျပိဳင္ပဲြစုံ ပဲြေပါင္း (၁၄၉) ပဲြ ကစားခဲ့ရာမွာ သြင္းဂုိး (၁၆) ဂုိး သြင္းယူေပးခဲ့ပါတယ္။

Photo Credit: Sportskeeda.com

အာတီတာကေတာ့ အာဆင္နယ္အသင္းမွာ (၅) ႏွစ္ၾကာ ကစားခဲ့ၿပီး (၅) ႏွစ္တာ ကစားစဥ္အတြင္း ကြင္းလယ္ေနရာမွာ အဓိက ကစားခဲ့သလုိ၊ အသင္းေခါင္းေဆာင္အျဖစ္နဲ႔လည္း ကစားခဲ့ဖူးပါတယ္။ ဒါေပမဲ့ သူကေတာ့ (၂၀၁၆) ခုႏွစ္ ဇြန္လုိင္လကတည္းက မန္စီးတီးအသင္းမွာ နည္းျပဂြါဒီယိုလာရဲ႕ လက္ေထာက္နည္းျပ ျဖစ္လာခဲ့ၿပီး ပါးနပ္တဲ့ နည္းဗ်ဴဟာသမားအျဖစ္ ခ်ီးက်ဴးခံေနရပါတယ္။

Photo Credit: Sportskeeda.com

အာတီတာဟာ လက္ေထာင္နည္းျပသာ ျဖစ္ၿပီး၊ နည္းျပခ်ဳပ္အျဖစ္ တစ္ႀကိမ္မွ နည္းျပထားတာ မရွိေသးေပမဲ့ အလန္ စမစ္က အာတီတာကုိ အာဆင္နယ္အသင္းမွာ နည္းျပခ်ဳပ္အျဖစ္ခန္႔သင့္တယ္လုိ႔ ေျပာခဲ့ပါတယ္။ ဂန္းနားအသင္းဟာ နည္းျပ အူႏုိင္း အမ္မရီကို အသင္းနည္းျပအျဖစ္က ထုတ္ပယ္ခဲ့ၿပီးေနာက္ လက္ရွိမွာ အသင္းကစားသမားေဟာင္း ယြန္းဘတ္ကုိ ယာယီနည္းျပ အျဖစ္ ခန္႔အပ္ထားပါတယ္။

Photo Credit: Sportskeeda.com

အာတီတာကုိ နည္းျပအျဖစ္ ခန္႔အပ္သင့္တာနဲ႔ ပက္သက္ၿပီး အလန္ စမစ္က “အာဆင္နယ္အသင္းကို ရဲရင့္ၿပီး လူငယ္နည္းျပ ခန္႔အပ္တာကုိ လုိခ်င္ပါတယ္။ ပုိ တုိးတတ္လာႏုိင္တဲ့ နည္းျပေပါ့။ အာတီတာကုိ ခန္႔ေစခ်င္ပါတယ္။ အာတီတာက ဘယ္ေတာ့မွ နည္းျပ ျဖစ္လာႏုိင္မွာ မဟုတ္ဘူးလုိ႔ အာဆင္နယ္ ပရိသတ္ေတြ ေျပာတာေတြကုိ ၾကားရပါတယ္။ဘာလုိ႔ အဲလုိ ေျပာႏုိင္ရတာလဲ”လုိ႔ ေျပာခဲ့ပါတယ္။

{Unicode}

အာဆင်နယ် တိုက်စစ်မှူးဟောင်း အလန် စမစ်က အာဆင်နယ်အသင်းအနေနဲ့ မန်စီးတီးအသင်းရဲ့ လက်ထောင်နည်းပြ အာတီတာကို အမြဲတမ်း နည်းပြ အဖြစ် ခန့်သင့်တယ်လို့ ပြောသွားခဲ့ပါတယ်။ အာတီတာဟာ အာဆင်နယ်အသင်းရဲ့ ကစားသမားဟောင်း ဖြစ်ပြီး၊ အာဆင်နယ်အသင်းအတွက် ကစားခဲ့စဉ်က ပြိုင်ပွဲစုံ ပွဲပေါင်း (၁၄၉) ပွဲ ကစားခဲ့ရာမှာ သွင်းဂိုး (၁၆) ဂိုး သွင်းယူပေးခဲ့ပါတယ်။

Photo Credit: Sportskeeda.com

အာတီတာကတော့ အာဆင်နယ်အသင်းမှာ (၅) နှစ်ကြာ ကစားခဲ့ပြီး (၅) နှစ်တာ ကစားစဉ်အတွင်း ကွင်းလယ်နေရာမှာ အဓိက ကစားခဲ့သလို၊ အသင်းခေါင်းဆောင်အဖြစ်နဲ့လည်း ကစားခဲ့ဖူးပါတယ်။ ဒါပေမဲ့ သူကတော့ (၂၀၁၆) ခုနှစ် ဇွန်လိုင်လကတည်းက မန်စီးတီးအသင်းမှာ နည်းပြဂွါဒီယိုလာရဲ့ လက်ထောက်နည်းပြ ဖြစ်လာခဲ့ပြီး ပါးနပ်တဲ့ နည်းဗျူဟာသမားအဖြစ် ချီးကျူးခံနေရပါတယ်။

Photo Credit: Sportskeeda.com

အာတီတာဟာ လက်ထောင်နည်းပြသာ ဖြစ်ပြီး၊ နည်းပြချုပ်အဖြစ် တစ်ကြိမ်မှ နည်းပြထားတာ မရှိသေးပေမဲ့ အလန် စမစ်က အာတီတာကို အာဆင်နယ်အသင်းမှာ နည်းပြချုပ်အဖြစ်ခန့်သင့်တယ်လို့ ပြောခဲ့ပါတယ်။ ဂန်းနားအသင်းဟာ နည်းပြ အူနိုင်း အမ်မရီကို အသင်းနည်းပြအဖြစ်က ထုတ်ပယ်ခဲ့ပြီးနောက် လက်ရှိမှာ အသင်းကစားသမားဟောင်း ယွန်းဘတ်ကို ယာယီနည်းပြ အဖြစ် ခန့်အပ်ထားပါတယ်။

Photo Credit: Sportskeeda.com

အာတီတာကို နည်းပြအဖြစ် ခန့်အပ်သင့်တာနဲ့ ပက်သက်ပြီး အလန် စမစ်က “အာဆင်နယ်အသင်းကို ရဲရင့်ပြီး လူငယ်နည်းပြ ခန့်အပ်တာကို လိုချင်ပါတယ်။ ပို တိုးတတ်လာနိုင်တဲ့ နည်းပြပေါ့။ အာတီတာကို ခန့်စေချင်ပါတယ်။ အာတီတာက ဘယ်တော့မှ နည်းပြ ဖြစ်လာနိုင်မှာ မဟုတ်ဘူးလို့ အာဆင်နယ် ပရိသတ်တွေ ပြောတာတွေကို ကြားရပါတယ်။ဘာလို့ အဲလို ပြောနိုင်ရတာလဲ”လို့ ပြောခဲ့ပါတယ်။