ဒီနှစ်ဘောလုံးရာသီအကုန်မှာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် နောက်ခံလူ ဒေးဗစ်အလာဘာကတော့ အသင်းနဲ့ စာချုပ်သက်တမ်း ထမ်မံတိုးမြှင့်ဖို့အတွက် ဆန္ဒမရှိပဲ သူ့ဘက်ကနေ တစ်နှစ်လုပ်ခကိုလည်း ယူရိုသန်း(၂၀)လောက်အထိ တောင်းဆိုထားခြင်းကိုလည်း ဘိုုင်ယန်မြူးနစ်ဘက်ကနေ ပယ်ချထားခဲ့တာကြောင့် အလာဘာကလည်း ဘိုင်ယန်နဲ့ လက်တွဲဖြုတ်ဖို့ကိုပါ စိတ်ပိုင်းဖြတ်ထားခဲ့ရပါတယ်။ ဒါကြောင့် လာမယ့်ဇန်နဝါရီလအတွင်းမှာပဲ ဂျာမန်ကလပ်အသင်းတွေများမှအပ ကျန်တဲ့ကလပ်အသင်းမှန်သမျှက အလာဘာနဲ့ အပြောင်းအရွှေ့ကိစ္စကို လွတ်လပ်စွာ ဆွေးနွေးနိုင်တော့ဖြစ်ပါတယ်။

Photo Credit : Goal

အသက်(၂၈)နှစ်အရွှယ်ရှိ သြစတြီးယားလက်ရွေးစင် နောက်ခံကစားသမား အလာဘာဟာ ဘိုင်ယန်မြူးနစ်အသင်းမှာ ဆယ်နှစ်စုတစ်ခုလောက်အထိ ပါဝင်ခဲ့သူဖြစ်ပြီးတော့ နေရာအစုံမှာ ပါဝင်ကစားခဲ့ပြီး လက်ရှိတော့ ဗဟိုခံစစ်နေရာမှာ ပါဝင်ကစားနေသူဖြစ်ပါတယ်။ ဘိုင်ယန်နဲ့အတူ တစ်ရာသီအတွင်း ဖလား(၃)လုံးကို (၂)ကြိမ်အထိ ပိုင်ဆိုင်ခဲ့တဲ့ အလာဘာဟာ အသင်းရဲ့ အဓိက ကစားသမားတစ်ယောက်ဖြစ်လို့ ဘိုင်ယန်ဘက်ကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွတ်ရဖို့အရေးကို တွန့်ဆုတ်နေပြီး စာချုပ်သစ်ချုပ်ဆိုုဖို့ကို လုပ်ဆောင်ခဲ့ပေမယ့် ကစားသမားဘက်က သက်တမ်းမတိုးချင်တော့တာကြောင့် ရာသီအကုန်မှာ လမ်းခွဲရတော့မှာဖြစ်ပါတယ်။

Photo Credit : Goal

ဘောလုံးရာသီအကုန်မှာ အသင်းနဲ့ သက်တမ်းကုန်ဆုံးတော့မယ့် ဘောလုံးသမားတိုင်းက စာချုပ်သက်တမ်း (၆)လအကျန်မှာ ပြည်တွင်းကလပ်အသင်းတွေကလွဲပြီး ကြိုက်တဲ့ပြည်ပအသင်းနဲ့ အပြောင်းအရွှေ့ကိစ္စကို ဆွေးနွေးနိုင်တာဖြစ်လို့ အလာဘာအနေနဲ့ကလည်း လာမယ့်ဇန်နဝါရီလမှာ သူ့ကို လာရောက်ကမ်းလှမ်းတဲ့ ကလပ်အသင်းတိုင်းနဲ့ လွတ်လပ်စွာ ဆွေးနွေးနိုင်မှာဖြစ်ပြီး ဂျာမန်အခြေစိုက် Blid ကနေ ဖော်ပြလာခဲ့တဲ့ သတင်းတွေအရ လက်ရှိမှာတော့ အလာဘာကို ခေါ်ယူချင်နေတဲ့ အသင်းတွထဲမှာ ချယ်လ်ဆီးမှာ ပါဝင်လာခဲ့ပြီလို့ သိရပါတယ်။ ချယ်လ်ဆီးအသင်းဟာ သူတို့အသင်းရဲ့ခံစစ်ပိုင်းကို အားကောင်းလာစေဖို့အတွက် အလာဘာလို အတွေ့အကြုံရှိ World-Class ကစားသမားတစ်ယောက်ကို ခေါ်ယူသွားချင်နေပြီး လာမယ့်ဆောင်းစျေးကွက်အတွင်းမှာပဲ အပြောင်းအရွှေ့ကိစ္စအတွက် ဆွေးနွေးမှုတွေ လုပ်ဆောင်သွားတော့မှာဖြစ်ပါတယ်။ ဒါပေမယ့် အလာဘာကို ရီးရဲလ်မက်ဒရစ် ဂျူဗင်တပ်စ် ပီအက်စ်ဂျီ လီဗာပူးလ် မန်စီးတီး မန်ချက်စတာယူနိုက်အသင်းတို့ကနေလည်း အပြိုင်စိတ်ဝင်စားနေကြလို့ ချယ်လ်ဆီးအသင်းအနေနဲ့ ခက်ခက်ခဲခဲကြိုးပမ်းရနိုင်ပါတယ်။