ဘိုင်ယန်မြူးနစ်အသင်းရဲ့ နောက်ခံလူ အလာဘာကတော့ ဘိုင်ယန်မြူးနစ်အသင်းရဲ့ အနာဂတ်အကြောင်း အမေးခံရတဲ့ အချိန်မှာ လာမယ့် ချန်ပီယံလိဂ် ပွဲစဉ်ကိုသာ အာရုံစိုက်နေပြီး ဘာစီလိုနာအသင်းနဲ့ ကစားမယ့် ပွဲစဉ်မှာ ပုန်းကွယ်နေမှာ မဟုတ်ဘူးလို့ ပြောသွားခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းဟာ ချန်ပီယံလိဂ် (၁၆) သင်းအဆင့် ပြိုင်ပွဲမှာ ချဲလ်ဆီးအသင်းကို နှစ်ကျော့ပေါင်း (၇-၁) ရလဒ်နဲ့ အနိုင်ရရှိခဲ့တာကြောင့် ကွာတား ဖိုင်နယ် ပွဲစဉ်ကို တက်လှမ်းသွားခဲ့ပြီး ကွာတား ဖိုင်နယ်မှာ ဘာစီလိုနာအသင်းနဲ့ ကစားရမှာ ဖြစ်ပါတယ်။

Photo Credit: Goal

ဘိုင်ယန်အသင်းရဲ့ စွယ်စုံရ နောက်ခံ ကစားသမား အလာဘာဟာ လာမယ့် နှစ်မှာ ဘိုင်ယန်အသင်းနဲ့ စာချုပ် ကုန်ဆုံးသွားတော့မှာ ဖြစ်ပေမယ့်လည်း စာချူပ်သစ် ထပ်တိုးခြင်း မရှိသေးတာကြောင့် အသင်းက ထွက်သွားနိုင်တယ်လို့ သတင်းတွေ ထွက်လာခဲ့ပါတယ်။ အလာဘာဟာ ချဲလ်ဆီးအသင်းကို အနိုင်ရရှိခဲ့တဲ့ ချန်ပီဝံလိဂ် (၁၆) သင်းအဆင့် ဒုတိယ အကျော့ ပွဲစဉ်မှာ ကစားခဲ့ပြီး ဘာစီလိုနာအသင်းနဲ့ ကစားရမယ့် ချန်ပိယံလိဂ် ကွာတား ဖိုင်နယ် ပွဲစဉ်မှာ တိုက်စစ်ဆင်ကစားသွားကြမယ်လို့ ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Goal

အလာဘာဟာ သူ့ရဲ့ အနာဂတ် အကြောင်း အမေးခံရတဲ့ အချိန်မှာ သူက “ကျွန်တော့်ရဲ့ အာရုံက လာမယ့် အပတ်မှာပဲ ရှိပါတယ်။ ဒီတော့ ကျွန်တော့်ကို ဘာမှ မနှောင့်ယှက်နိုင်ပါဘူး။ လာမယ့် အပတ်မှာ ပြိုင်ပွဲက ပို ပြင်းထန်မယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ကောင်းစွာ ပြင်ဆင်ချင်ပြီး အဆင်သင့် ဖြစ်ချင်ပါတယ်။ မျှော်လင့်ချက်က ကြီးမားပါတယ်။ သေချာတာပေါ့။ ဘာစီလိုနာအသင်းက အသင်းကောင်း ဖြစ်ပြီး ဒါကို ကျွန်တော်တို့ သိပါတယ်။ သူတို့က တစ်ဦးချင်း ကောင်းကြပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ တိုက်စစ်ဆင် ကစားသွားမှာ ဖြစ်ပြီး ပုန်းကွယ်နေမှာ မဟုတ်ပါဘူး”လို့ ပြောကြားသွားလိုက်တာ ဖြစ်ပါတယ်။