ဘိုင်ယန်မြူးနစ် အသင်း ရဲ့ ခံစစ်ကစားသမား တစ်ဦးဖြစ်တဲ့ ဒေးဗစ် အလာဘာ ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ရာသီကုန်ရင် ရီးရဲလ်မက်ဒရစ် အသင်းထံ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ဖို့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ အလာဘာနဲ့ ဘိုင်ယန်ရဲ့ စာချုပ်ဟာ ၂၀၂၁ ဇွန်လမှာ ကုန်ဆုံးမှာ ပဲ ဖြစ်ပါတယ်။ အလာဘာနဲ့ ဘိုင်ယန်မြူးနစ် အသင်းဟာ စာချုပ်သစ် ချုပ်ဆိုဖို့ အတွက် ပြီးခဲ့တဲ့လ အနည်းငယ်လောက်က ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြပေမယ့် လည်း သဘောတူညီမှုတော့ မရရှိခဲ့ပါဘူး။

Photo Credit: Marca

ရီးရဲလ်မက်ဒရစ်အသင်း အနေနဲ့ ကတော့ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မယ့် ကစားသမားတွေကို ကမ်းလှမ်းတာဟာ ယခုတစ်ကြိမ်က ပထမဆုံး အကြိမ်တော့ မဟုတ်ပါဘူး။ ကာဗာနီတုန်းကလည်း ဘာနေမြူးကို အလွတ်‌ ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိဖို့ နီးစပ်ခဲ့ပြီးတော့ အခုတစ်ကြိမ်မှာလည်း အလာဘာနဲ့ အလားတူဖြစ်ရပ်မျိုး ကြုံနေရတာ ဖြစ်ပါတယ်။ ဒါဟာ အလာဘာနဲ့ ရီးရဲလ်မက်ထရစ်အကြား ပထမဆုံး အကြိမ် ချိတ်ဆက်မှုတော့ မဟုတ်ပါဘူး။ အလာဘာနဲ့ ဘိုင်ယန်ကြား ပြဿနာကတော့ ကစားသမားအနေနဲ့ လုပ်ခလစာ အဖြစ် တစ်နှစ်ကို ယူရို သန်း ၂၀ လိုချင်နေတာကြောင့်ပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဘိုင်ယန်မြူးနစ် အသင်းက အလာဘာကို လာမယ့် ဇန်နဝါရီလ အပြောင်းအရွှေ့မှာ ရောင်းချဖို့ စဉ်းစားနေပေမယ့် အလာဘာနဲ့ သူ့ရဲ့ ဖခင်ဖြစ်သူတို့ဟာ ဘိုင်ယန်မြူးနစ် အသင်းကနေ အလွတ် ပြောင်းရွှေ့ကြေးနဲ့သာ ထွက်ခွာလို နေပါတယ်။

Photo Credit: Marca

ရီးရဲလ်မက်ဒရစ်နဲ့ အလာဘာရဲ့ကြားမှာ စာချုပ်သစ် ချုပ်ဆိုဖို့ ညှိနှိုင်းတာ ကြာမြင့်နေရတဲ့ အကြောင်းအရင်းက ကိုဗစ်ရောဂါကြောင့် ဘဏ္ဍာရေး အခြေအနေ ထိခိုက်ထားတာကြောင့် ရီးရဲလ်အနေနဲ့ အလာဘာ လိုချင်နေတဲ့ လစာကို အခုချက်ချင်း မပေးနိုင်သေးတာကြောင့်ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အလာဘာဟာ နေရာစုံမှာ ကစားနိုင်တဲ့ ကစားသမားတစ်ဦး ဖြစ်တာကြောင့် ရီးရဲလ်မက်ဒရစ် အသင်းအနေနဲ့ အလာဘာကို လက်လွှတ်မှာ မဟုတ်ဘူးလို့ စပိန် အခြေစိုက် နာမည်ကြီး သတင်းဌာန တစ်ခုဖြစ်တဲ့ မာကာသတင်းဌာနက ဖော်ပြ သွားခဲ့ပါတယ်။ အလာဘာ ကစားနိုင်တဲ့ နေရာတွေကတော့ ခံစစ် အလယ်ဗဟို၊ ဘယ်ခြမ်း ခံစစ် နဲ့ ကွင်းလယ်ဗဟို တို့ပဲ ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ် အနေနဲ့ ဘတ်ဂျက်မရှိတာကြောင့် အလာဘာကို လာမယ့် ဇန်နဝါရီမှာတော့ ခေါ်ယူအုန်းမှာ မဟုတ်သေးပါဘူး။ နောက်နှစ် နွေရာသီ အပြောင်းအရွှေ့ ရောက်မှသာ အလွတ်နဲ့ ခေါ်ယူမယ်လို့ ခန့်မှန်းရပါတယ်။