MySport Myanmar

ရော်နယ်လ်ဒိုနဲ့ တွဲဖက် လုပ်ကိုင်ရတာကို နှစ်သက်မိကြောင်း အယ်လ်နာဆာ နည်းပြ ဝန်ခံ

ဆော်ဒီ ထိပ်သီးကလပ် အယ်လ်နာဆာအသင်းရဲ့ နည်းပြဖြစ်သူ လူးဝစ် ကတ်စထရိုက ခရစ္စတီယာနို ရော်နယ်လ်ဒိုလို ဘောလုံးသမားမျိုးနဲ့ တစ်သင်းတည်းမှာ အတူတူ လက်တွဲပြီး အလုပ်လုပ်နေရတာကို နှစ်သက်မိကြောင်း ဝန်ခံ ပြောဆိုလာခဲ့ပါတယ်။

အသက် (၆၂)နှစ်အရွယ် ပေါ်တူဂီလူမျိုး ဝါရင့် နည်းပြကြီး ကတ်စထရိုဟာ ပြီးခဲ့တဲ့ ဇူလိုင်လကမှ အယ်လ်နာဆာ နည်းပြအဖြစ် စတင် တာဝန်ယူခဲ့တာဖြစ်ပြီး အသင်းကို အာရပ်ကလပ် ချန်ပီယံရှစ်ဖလား ရယူပေးထားနိုင်ခဲ့သလို ဒီရာသီထဲမှာလည်း စက်တင်ဘာလ တစ်လတာ အကောင်းဆုံး နည်းပြဆုကိုပါ ဆွတ်ခူးထားနိုင်ခဲ့ပါတယ်။

Photo Credit : Clutch Points

နည်းပြ ကတ်စထရိုက အယ်လ်နာဆာ အသင်းခေါင်းဆောင် တိုက်စစ်မှူး ရော်နယ်လ်ဒိုနဲ့ ပတ်သက်ပြီး “ခရစ္စတီယာနိုက စည်းကမ်းရှိမှု အလုပ်လုပ်မှုနဲ့ အလုပ်ကြိုးစားမှုတို့ရဲ့ အကြီးကျယ်ဆုံး အောင်မြင်မူ စံနမူနာတစ်ခု ဖြစ်ပါတယ်။”

“သူ့ကို ကျွန်တော့်ဘက်က ဟိုဟာလုပ်ပါ ဒီဟာလုပ်ပါဆိုပြီး တောင်းဆိုနေဖို့ လိုအပ်လားလို့ မေးလာရင်တော့။ No ပါပဲ။ ခရစ္စတီယာနိုကို မင်းဘာမှ တောင်းဆိုနေစရာ မလိုပါဘူး။ သူက သူ့ကိုယ်တိုင်ပဲ လုပ်ဆောင်သွားလိမ့်မယ်။ သူက ကျွန်တော်တို့အတွက် ပြင်းထန်မှု ၊ စည်းကမ်းရှိမှု နဲ့ အမြင့်ဆုံးစံနှုန်းတွေကို ပေးဆောင်တယ်။”

Photo Credit : Twitter X

“သူက အမြဲတမ်း အနိုင်ရချင်တဲ့ ကစားသမား။ နိုင်ပွဲတွေကို ဆာလောင်နေတက်တဲ့သူ။ ကမ္ဘာပေါ်က ပရိသတ်တွေအရှေ့မှာလည်း တောက်ပချင်တဲ့သူ။ ၂၀၂၆ကမ္ဘာ့ဖလားအထိ ဝင်ရောက် ဆင်နွဲဖို့ဆိုတာကလည်း ဘာမဆို ဖြစ်သွားနိုင်တယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။

Exit mobile version