MySport Myanmar

ညာခြမ်း ခံစစ်နေရာအတွက် ဘစ်ဆာခါကို ကမ်းလှမ်းသွားဖို့ အယ်လ်နာဆာ ပြင်ဆင်နေ

ဆော်ဒီပရိုလိဂ်ပြိုင်ပွဲရဲ့ နာမည်ကျော် ထိပ်သီးကလပ် အယ်လ်နာဆာအသင်းဟာ ညာခြမ်း ခံစစ်နေရာအတွက် ကစားသမား ဖြည့်တင်းမှု ပြုလုပ်သွားဖို့အတွက် မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ညာနောက်ခံလူ အာရွန် ဝမ်ဘစ်ဆာခါကို ကမ်းလှမ်းသွားချင်နေတယ်လို့ သတင်းထွက်ရှိလာခဲ့ပါတယ်။

အယ်လ်နာဆာအသင်းဟာ ဆောင်းဈေးကွက်အတွင်းမှာ ကစားသမားသစ် ခေါ်ယူမှုတွေ မလုပ်ဆောင်သေးပေမယ့်လည်း ကစားသမား အများအပြားကိုတော့ ပစ်မှတ်ထားလျက် ရှိနေပြီး ကမ်းလှမ်းမှု တချို့လည်း လုပ်ဆောင်ထားပါသေးတယ်။

Photo Credit : UtdDistrict

ဒီရက်ပိုင်းအတွင်းကလည်း အယ်လ်နာဆာအသင်းဟာ စပါးအသင်းရဲ့ ဘရာဇီးလ် ညာနောက်ခံလူ အီမာဆန် ရွိုင်ရယ်လ်ကို ကမ်းလှမ်းမှုတွေ လုပ်ဆောင်ခဲ့ပေမယ့် စပါးဘက်ကတော့ ဒီကမ်းလှမ်းချက်ကို ငြင်းဆန် ပယ်ချသွားခဲ့ပါတယ်။

လက်ရှိမှာ အယ်လ်နာဆာက အသင်းရဲ့ right-back နေရာအတွက် ကစားသမားသစ် လိုအပ်နေရာ ယူနိုက်တက်ရဲ့ အင်္ဂလန် ညာနောက်ခံကစားသမား ဘစ်ဆာခါကိုပါ မျက်စိကျလာခဲ့ပြီး ကမ်းလှမ်းမှုတွေ လုပ်ဆောင်ဖို့ပါ ပြင်ဆင်လာခဲ့ပါတယ်။

Photo Credit : Khel Now

အယ်လ်နာဆာအသင်းမှာ ဘစ်ဆာခါရဲ့ အသင်းဖော်ဟောင်းတွေဖြစ်တဲ့ ရော်နယ်လ်ဒို နဲ့ တဲလက်စ်တို့ ရှိနေတဲ့အပြင် အယ်လ်နာဆာက ဘစ်ဆာခါအပြင် ကက်စီမဲရိုးကိုပါ ခေါ်ယူသွားဖို့ ရှိနေပါသေးတယ်။ ဒါပေမယ့် ယူနိုက်တက်အနေနဲ့ကတော့ ဒီဆောင်းဈေးကွက်မှာ အသင်းအတွက် အားထားရတဲ့ ကစားသမားတွေကိုတော့ ရောင်းထုတ်ဖို့ ဆန္ဒမရှိပဲ နွေမှသာ ရောင်းချသွားနိုင်ပါတယ်။

ဘစ်ဆာခါနဲ့ ပတ်သက်ပြီး လက်ရှိမှာ သူ့အသင်းဟောင်း ခရစ္စတယ် ပဲလေ့စ် အပါအဝင် ပရီးမီးယားလိဂ် ကလပ်အသင်းများက စုံစမ်းမှုတွေ လုပ်ဆောင်ထားသလို အင်တာမီလန်ကလည်း ဒမ်ဖရိုင်းစ်နဲ့ ကစားသမားချင်း အလဲအလှယ် လုပ်ဆောင်ဖို့ ကမ်းလှမ်းထားပေမယ့် ယူနိုက်တက်က ပယ်ချထားခဲ့ပါတယ်။

 

Exit mobile version