MySport Myanmar

လာပေါ့တ်၊ အိုတာဗီယိုတို့နဲ့ Here We Go သွားခဲ့တဲ့ အယ်လ် နာဆာ

နွေဈေးကွက်အတွင်းမှာ ဆာဒီယို မာနေး ၊ မာဆယ်လို ဘရိုဇိုဗစ်တို့လို ကစားသမားကောင်းတွေ ဖြည့်တင်းထားပြီး ခရစ္စတီယာနို ရော်နယ်လ်ဒိုလို GOAT ကြီးတစ်ဦးကိုပါ ပိုင်ဆိုင်ထားတဲ့ အယ်လ် နာဆာအသင်းဟာ မကြာခင်မှာပဲ ကစားသမားသစ် (၂)ဦးကို ထပ်မံ ဖြည့်တင်းနိုင်တော့မှာပဲ ဖြစ်ပါတယ်။

ဆော်ဒီ ထိပ်သီးကလပ် အယ်လ် နာဆာအသင်းကတော့ ဒီရက်ပိုင်းအတွင်းမှာ မန်စီးတီး နောက်ခံလူ လာပေါ့တ် ၊ ပေါ်တို ကွင်းလယ်လူ အိုတာဗီယိုတို့ကို ခေါ်ယူအားဖြည့်ဖို့ Here We Go သွားခဲ့ပြီပဲ ဖြစ်ပါတယ်။

Photo Credit : Twitter

ပြိုင်ဘက် အယ်လ် ဟီလာအသင်းက နေမာ ဘိုနို နဲ့ မီထရိုဗစ်ကို ခေါ်ယူအားဖြည့်ထားပြီးနောက် အယ်လ် နာဆာကလည်း ကစားသမားသစ် (၂)ဦးကို အလျင်အမြန် ကြိုးပမ်းခဲ့ပြီး ပေါ်တူဂီ ကစားသမား အိုတာဗီယိုဆိုရင် ဘာအသံမှတောင် မထွက်လိုက်ပဲနဲ့ Here We Go အဆင့်ထိတောင် ရောက်သွားခဲ့တာပဲ ဖြစ်ပါတယ်။

အသက် (၂၆)နှစ်အရွယ် ပေါ်တူဂီ လက်ရွေးစင် ကွင်းလယ် တိုက်စစ် နဲ့ တောင်ပံ ကစားသမား အိုတာဗီယို အယ်လ် နာဆာက ကစားသမားရဲ့ စာချုပ် ဖျက်သိမ်းကြေး ယူရို သန်း(၆၀)နဲ့ ကမ်းလှမ်းခဲ့ရာမှာ သဘောတူညီမှု ရရှိထားခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit : Twitter

အိုတာဗီယိုနဲ့ Here We Go ပြီးချိန်မှာ နောက်ထပ် ပစ်မှတ်ဖြစ်သူ လာပေါ့တ်ကိုလည်း ဆက်လက် ကြိုးပမ်းခဲ့ပြီး နောက်ဆုံးမှာတော့ လာပေါ့တ်နဲ့ပါ ထပ်မံ Here We Go သွားပြန်ပါတယ်။ အယ်လ် နာဆာက လာပေါ့တ်အတွက် ပြောင်းရွှေ့ကြေးအဖြစ် ယူရို သန်း(၃၀)တန် package နဲ့ ကမ်းလှမ်းထားခဲ့ကာ လာပေါ့တ်အတွက်ကိုတောင် တစ်နှစ်လုပ်ခ ယူရို သန်း(၂၀)ခန့် ပေးချေဖွယ် ရှိနေပါတယ်။

အယ်လ် နာဆာအသင်းက ဒီနွေမှာ မာနေး ဘရိုဇိုဗစ် ဖိုဖာနာ တဲလက်စ်တို့ကို ခေါ်ယူထားပြီး ရော်နယ်လ်ဒို တာလီစကာတို့လည်း ရှိနေချိန် လာပေါ့တ် နဲ့ အိုတာဗီယိုတို့ပါ ထပ်ရောက်လာမယ်ဆိုရင်တော့ အယ်လ် နာဆာရဲ့ ကစားသမား အစုအဖွဲ့ဟာလည်း အထင်ကြီးလောက်စရာ ဖြစ်လာမှာ သေချာနေပါတယ်။

Exit mobile version