ဆော်ဒီပရိုလိဂ်ပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံ အယ်လ်အစ်တီဟတ်အသင်းက သူတို့အသင်းရဲ့ အဓိက ပစ်မှတ်ကစားသမားတစ်ဦးဖြစ်တဲ့ မိုဟာမက် ဆာလာကို အသင်းဆီ အရ ခေါ်ဆောင်နိုင်ဖို့အတွက် ယူရို သန်း(၂၀၀)ဝန်းကျင်နဲ့ ထပ်မံ ကမ်းလှမ်းသွားဦးမယ်လို့ သိရှိရပါတယ်။

အယ်လ်အစ်တီဟတ်အသင်းဟာ ဒီနှစ် ဘောလုံးရာသီမှာကတည်းက ကာရန် ဘန်ဇီမာ ၊ အန်ဂိုလို ကန်တေ ၊ ဖာဘင်ဟို နဲ့ ဂျိုတာတို့လို ထိပ်တန်း ကစားသမားတွေကို ခေါ်ယူဖြည့်တင်းထားခဲ့ပေမယ့်လည်း လီဗာပူးလ် တိုက်စစ်ကစားသမား ဆာလာကိုလည်း ပစ်မှတ်ထားလို့နေပြီး ခေါ်ယူနိုင်ဖို့ ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးဖြစ်တဲ့ ယူရို (၂၃၅)သန်းနဲ့ပါ ကြိုးပမ်းခဲ့ပါသေးတယ်။

Photo : TEAMtalk

ဒါပေမယ့်လည်း ဆာလာကိုယ်တိုင်ကရော လီဗာပူးလ်အသင်းကပါ ဒီအပြောင်းအရွှေ့ကို လုံးဝ စိတ်ဝင်စားခြင်း မရှိပဲ အယ်လ်အစ်တီဟတ် ကမ်းလှမ်းမှုတွေကိုလည်း လုံးဝ ပယ်ချခဲ့ပါတယ်။ ဆာလာကလည်း အယ်လ်အစ်တီဟတ်ကို ပြောင်းရွှေ့ဖို့ထက် လီဗာပူးလ်နဲ့သာ စာချုပ်သက်တမ်းတိုးဖို့ ဆန္ဒရှိလို့နေပါတယ်။

ဒီလို အခြေအနေတွေ ရှိနေပေမယ့်လည်း အယ်လ်အစ်တီဟတ်ကတော့ ဆာလာကို ရရှိဖို့ လက်မလျှော့နိုင်သေးပဲ မက်မောလောက်စရာ ကမ်းလှမ်းမှုမျိုးတွေနဲ့ လာမယ့်နွေမှာ ထပ်မံ ကမ်းလှမ်းသွားဖို့ပါ ပြင်ဆင်လာခဲ့ပါတယ်။

Photo : Clutch Points

ဗြိတိန်ရဲ့ ထိပ်တန်း သတင်းမီဒီယာကြီး The Athletic ရဲ့ သတင်းဖော်ပြချက်များအရ ဆော်ဒီ ထိပ်သီးကလပ် အယ်လ်အစ်တီဟတ်အသင်းက မိုဆာလာကို အရ ခေါ်ဆောင်နိုင်ဖို့အတွက် ပြောင်းရွှေ့ကြေး ယူရို သန်း(၂၀၀) ပတ်ချာလည်လောက်နဲ့ ကမ်းလှမ်းသွားဖို့ ရှိနေတယ်လို့ သိရပါတယ်။

လီဗာပူးလ်ကလည်း လာမယ့်နွေမှာ ကလော့ပ်အပြင် ဆာလာကိုပါ ဆုံးရှုံးသွားရဖို့ ရှိနေပြီး ကလော့ပ်နေရာအတွက် ဇာဘီ အလွန်ဆိုနဲ့ အစားထိုးဖွယ် ရှိနေကာ ဆာလာနေရာအတွက်ကိုတော့ ခီယေဇာ ရာဖင်ညာတို့နဲ့ အစားထိုးဖို့ ပစ်မှတ်ထားလျက် ရှိနေပါတယ်။