MySport Myanmar

ဆာလာကို ကမ်းလှမ်းထားရင်း ဂိုးမက်ဇ်ကိုပါ ပစ်မှတ်ထားနေပြန်တဲ့ အယ်လ်အစ်တီဟတ်

ဆော်ဒီ ပရိုလိဂ်ကလပ် အယ်လ် အစ်တီဟတ်အသင်းကတော့ လီဗာပူးလ် ကစားသမားတွေကိုပဲ တန်းစီ စိတ်ဝင်စားနေပြီး မိုဟာမက် ဆာလာကို ကမ်းလှမ်းမှု ပြုလုပ်ထားတဲ့အပြင် ဂျိုး ဂိုးမက်ဇ်ကိုပါ ပစ်မှတ်ထားလာခဲ့ပြန်ပါတယ်။

အယ်လ် အစ်တီဟတ်အသင်းက လီဗာပူးလ်အသင်းရဲ့ ဘရာဇီးလ် ကွင်းလယ်လူ ဖာဘင်ဟိုကို ခေါ်ယူပြီးနောက်ပိုင်း လီဗာပူးလ် တိုက်စစ် ကစားသမား ဆာလာကို စိတ်ဝင်စားလာခဲ့သလို ကမ်းလှမ်းမှုတွေလည်း လုပ်ဆောင်ထားခဲ့ပါသေးတယ်။

Photo Credit : Sky Sports

ဘန်ဇီမာ ကန်တေ နဲ့ ဖာဘင်ဟိုတို့ကို ခေါ်ယူ အားဖြည့်ထားခဲ့တဲ့ ဆော်ဒီ ပရိုလိဂ်ရဲ့ လက်ရှိ ချန်ပီယံ အယ်လ် အစ်တီဟတ်အသင်းဟာ လက်ရှိမှာ ဆာလာကို အသင်းရဲ့ အဓိက ပစ်မှတ်အဖြစ် သတ်မှတ်ထားပြီး ယူရို သန်း (၂၀၀)နဲ့ ကမ်းလှမ်းသွားဖို့လည်း စီစဉ်နေပါတယ်။

ဆော်ဒီရဲ့ နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်ဟာလည်း ဥရောပ ဘောလုံးသမား အပြောင်းအရွှေ့ ဈေးကွက်ထက် (၃)ပတ်လောက်က နောက်ကျပြီးမှ ပိတ်သိမ်းမှာဖြစ်လို့ လီဗာပူးလ်အနေနဲ့ ဆာလာကို ရောင်းထုတ်မှာ မဟုတ်ဘူးလို့ အသိပေးထားပေမယ့်လည်း လာမယ့် စက်တင်ဘာလအထိ ဒီအပြောင်းအရွှေ့ကို စောင့်ကြည့်သွားရနိုင်ပါတယ်။

Photo Credit : Twitter

လီဗာပူးလ်အနေနဲ့ ဆာလာအပြင် နောက်ထပ် ကစားသမားတစ်ဦးကိုပါ ဆုံးရှုံးရနိုင်တဲ့ အခြေအနေမှာပါ ရှိနေပါတယ်။ ဒီကစားသမားကတော့ နောက်ခံလူ ဂိုးမက်ဇ်ဖြစ်ပြီး ဒီကစားသမားကိုလည်း အယ်လ် အစ်တီဟတ်အသင်းကပဲ ပစ်မှတ်ထားနေတာပါ။

ခံစစ်မှာ နေရာအစုံ လိုက်ပါကစားနိုင်သူ ဂိုးမက်ဇ်ကို အယ်လ် အစ်တီဟတ်အသင်းက စိတ်ဝင်စားလို့နေပြီး လီဗာပူးလ်မှာ ပုံမှန် ကစားခွင့် နည်းပါးတဲ့ အခြေအနေကနေ လစာကောင်းကောင်းနဲ့ ပွဲကစားခွင့် အာမခံချက်တွေနဲ့ပါ ကမ်းလှမ်းသွားဖို့ ရှိနေပါတယ်။

Exit mobile version