MySport Myanmar

ကန်ဆယ်လိုကို ခေါ်ယူနိုင်ဖို့ အခြေအနေ ကောင်းလာခဲ့တဲ့ အယ်လ်ဟီလာ

ဆော်ဒီပရိုလိဂ်ပြိုင်ပွဲရဲ့ ထိပ်သီးကလပ် အယ်လ်ဟီလာအသင်းဟာ မန်ချက်စတာ စီးတီးအသင်းရဲ့ ပေါ်တူဂီ နောက်ခံအစွန်လူ ဂျာအို ကန်ဆယ်လိုကို ပြောင်းရွှေ့ကြေး ယူရို (၃၈)သန်းနဲ့ ခေါ်ယူနိုင်ဖို့ အခြေအနေ ကောင်းလာနေပြီလို့ ဆော်ဒီသတင်းမီဒီယာကနေ ဖော်ပြလာခဲ့ပါတယ်။

အသက် (၃၀)အရွယ် ရှိနေပြီဖြစ်တဲ့ ပေါ်တူဂီ လက်ရွေးစင် ညာနောက်ခံကစားသမား ကန်ဆယ်လိုဟာ မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာနဲ့ ဆက်ဆံရေးပိုင်း အဆင်မပြေမှုကြောင့် ၂၀၂၂-၂၃ ဘောလုံးရာသီရဲ့ လက်ကျန်ရာသီဝက်မှာပဲ ဘိုင်ယန်မြူးနစ်ဆီ အငှားချခံခဲ့ရသလို ပြီးခဲ့တဲ့ ရာသီမှာလည်း ဘာစီလိုနာထံ ထပ်မံ အငှားချခံရပါတယ်။

Photo Credit : Goal

ဘာစီလိုနာကလည်း ကန်ဆယ်လိုကို အပြီးသတ် ခေါ်ယူချင်နေပေမယ့် ဘဏ္ဍာရေး အခက်အခဲတွေကြောင့် ခေါ်ယူနိုင်ခြင်း မရှိတော့သလို မန်စီးတီးဘက်ကလည်း ကန်ဆယ်လိုကို ထပ်မံ အငှားချဖို့ထက် အသင်းကနေသာ အပြီးသတ် ရောင်းထုတ်သွားချင်နေပါတယ်။

ဒီအခြေအနေမှာ ဆော်ဒီလိဂ်ရဲ့ လက်ရှိချန်ပီယံလည်း ဖြစ်သလို ထိပ်သီးကလပ်အသင်းလည်းဖြစ်တဲ့ အယ်လ်ဟီလာက ကန်ဆယ်လိုကို ခေါ်ယူသွားဖို့ စိတ်ဝင်စားလာခဲ့ပြီး အယ်လ်ဟီလာရဲ့ ပေါ်တူဂီလူမျိုး ဘောလုံးနည်းပြကြီး ဂျော့ ဂျီးဆပ်စ်ကလည်း ပေါ်တူဂီ နောက်ခံအစွန်လူ ကန်ဆယ်လိုကို အလိုရှိနေပါတယ်။

Photo Credit : FC Barcelona Noticias

အယ်လ်ဟီလာလို နေမာလို ကမ္ဘာ့ထိပ်သီး ဘောလုံးသမားကိုပါ ခေါ်ယူထားနိုင်တဲ့ ဆော်ဒီကလပ်ဖြစ်ပြီး မီထရိုဗစ် ၊ မီလင်ကိုဗစ် ဆာဗစ် ၊ နေးဗက်စ် ၊ မယ်လ်ကွန် ၊ ကူလီဘလီ ၊ ဘိုနူနဲ့ လိုဒီတို့လို ကစားသမားကောင်းတွေကိုပါ ခေါ်ယူထားတဲ့ အသင်းလည်း ဖြစ်ပါတယ်။ အခုလည်း အယ်လ်ဟီလာက နောက်ထပ် ထိပ်တန်းကစားသမားတွေဖြစ်တဲ့ ကန်ဆယ်လိုကိုပါ ထပ်မံ ဖြည့်တင်းသွားချင်နေပြန်ပါတယ်။

လက်ရှိမှာ အယ်လ်ဟီလာက ကန်ဆယ်လိုရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး မန်စီးတီးနဲ့ရော ကန်ဆယ်လိုနဲ့ပါ ဆွေးနွေး ညှိနှိုင်းနေပြီဖြစ်ပြီး မန်စီးတီးဘက်ကတော့ ကန်ဆယ်လိုကို အပြီးသတ် ရောင်းထုတ်သွားချင်တာမို့ သူတို့ အလိုရှိတဲ့ တန်ကြေးမျိုးရမယ်ဆိုရင် ရောင်းချသွားမှာ ဖြစ်တာကြောင့် အပြောင်းအရွှေ့ ဖြစ်လာဖို့က ကန်ဆယ်လိုရဲ့ ဆုံးဖြတ်ချက်ပေါ်မှာ မူတည်နေပါတော့တယ်။

Exit mobile version