MySport Myanmar

အေတီကို ကွင်းလယ်လူ ဒီပေါလ်နဲ့ ဆွေးနွေးနေတဲ့ အယ်လ် အာလီ

ဆော်ဒီ ပရိုလိဂ် ကလပ်အသင်းတွေထဲမှာ ကစားသမား ဖြည့်တင်းမှုတွေ ရှယ်လုပ်ဆောင်ထားတဲ့ အယ်လ် အာလီအသင်းက  အခုလည်း လီယွန်နယ် မက်ဆီရဲ့ အသင်းဖော် ဘော်ဒီဂတ် ကွင်းလယ်လူ ရိုဒရီဂို ဒီပေါလ်ကိုပါ ထပ်မံ ခေါ်ယူသွားဖို့ စတင် လှုပ်ရှားနေပြီ ဖြစ်ပါတယ်။

မာရက်ဇ် ဖာမီနို စိန့်မက်ဆီမန် အပါအဝင် ကစားသမားကောင်းတွ အများအပား ခေါ်ယူထားနိုင်ခဲ့ပြီး ရှက်တာဒိုးနက် နည်းပြကိုပါ နည်းပြသစ်အဖြစ် ခန့်အပ်ထားတဲ့ အယ်လ် အာလီအသင်းက ခုလည်း (၉)ယောက်​​​မြောက် ကစားသမား ခေါ်ယူမှုအဖြစ် ဒီပေါလ်ကိုပါ ချိန်ရွယ်လာခဲ့ပြန်ပါတယ်။

Photo Credit : Football365

လက်ရှိမှာ အယ်လ် အာလီက အသက်လက်တီကို မက်ဒရစ်အသင်းရဲ့ အာဂျင်တီးနား ကွင်းလယ်လူ ရိုဒရီဂို ဒီပေါလ်ကိုပါ ထပ်မံ ပစ်မှတ်ထားလာခဲ့တယ်လို့ ဖာဘရီဇီယို ရိုမာနိုက ဖော်ပြထားခဲ့ပါတယ်။ ရိုမာနိုရဲ့ ဖော်ပြချက်ထဲမှာ အယ်လ် အာလီအသင်းက ဒီပေါလ်ကို ခေါ်ယူဖို့ ဆွေးနွေးမှုတွေပါ ပြုလုပ်နေပြီလို့ ဖော်ပြထားပါတယ်။

တကယ်တော့ အယ်လ် အာလီက စီးရီးအေ လက်ရှိချန်ပီယံ နာပိုလီအသင်းရဲ့ ပိုလန် ကစားသမား ဇီလင်းစကီးကို အဓိက ပစ်မှတ်အဖြစ် သတ်မှတ်ထားခဲ့ရာ အပြောင်းအရွှေ့က ပျက်ပြယ်သွားခဲ့ရတာကြောင့် ဇီလင်းစကီးအစား ဒီပေါလ်ကိုသာ ပြောင်းလဲ ချိန်ရွယ်လာခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit : Goal

အသက် (၂၉)နှစ် ကွင်းလယ် ကစားသမား ဒီပေါလ်ဟာ အသက်လက်တီကိုအသင်းရဲ့ အရေးပါလှတဲ့ ကစားသမား​​တ​စ်ဦး ဖြစ်နေတာကြောင့် အယ်လ် အာလီအနေနဲ့ ဒီပေါလ်ကို ခေါ်ယူနိုင်ဖို့က အသက်လက်တီကိုအသင်းနဲ့ ခက်ခက်ခဲခဲ ဆွေးနွေးသွားရနိုင်ပေမယ့် အယ်လ် အာလီကတော့ ဒီပေါလ်ကို အသင်းရဲ့ main target အဖြစ် သတ်မှတ်လို့ထားပါတယ်။

အာဂျင်တီးနားအသင်းနဲ့ ကမ္ဘာ့ ချန်ပီယံပါ ဖြစ်ထားခဲ့တဲ့ အူဒီးနီးစ် ကစားသမားဟောင်း ဒီပေါလ်ဟာ သူရဲ့ လက်ရွေးစင် အသင်းဖော် မက်ဆီအပေါ် အကာအကွယ်ပေးတက်သူအဖြစ် ​လူသိများပြီး ကွင်းလယ်ပိုင်းမှာ aggressive ဆန်ဆန် ကစားတတ်သူတစ်ဦးလည်း ဖြစ်ပါတယ်။

Exit mobile version