အေဂျက်စ်အသင်းရဲ့ နယ်သာလန် တိုက်စစ်ကစားသမား ဘရိုင်ယန်ဘရော်ဘီက သူတို့အသင်းနဲ့ လက်တွဲဖြုတ်ပြီး မန်ချက်စတာယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့သွားခဲ့တဲ့ နည်းပြအဲရစ်တန်ဟက်ဂ်အနေနဲ့ လာမယ့်နှစ်အနည်းငယ်အတွင်း သူ့ကိုပါ ယူနိုက်တက်အသင်းဆီ ခေါ်ဆာင်သွားဖို့ မျှော်လင့်ပါတယ်ဆိုပြီး အရွှန်းဖောက်ပြောဆိုသွားခဲ့ပါတယ်။

Young striker Brobbey is making a name for himself after returning to Ajax on loan

Photo Credit : Daily Mail

အေဂျက်စ်အသင်းနည်းပြ တန်ဟက်ဂ်ဟာ လာမယ့်ဘောလုံးရာသီမှာ ယူနိုက်တက်အသင်းရဲ့ နည်းပြသစ်အဖြစ် တာဝန်ယူ ဆောင်ရွှက်သွားတော့မှာဖြစ်ပြီး သူရဲ့အသင်းသစ်အတွက် အေဂျက်စ်အသင်းသားတချို့ကို ခေါ်ယူသွားဖွယ် ရှိနေရာ အေဂျက်စ်တိုက်စစ်ကစားသမား ဘရော်ဘီက သူ့ကိုပါ ခေါ်ယူသွားဖို့ အရွှန်းဖောက် တောင်းဆိုသွားခဲ့ပါတယ်။ ဘရော်ဘီက “ကျွန်တော် တန်ဟက်ဂ်အတွက် အရမ်းပျော်နေပြီး သူအေဂျက်စ်အတွက် သူလုပ်ဆောင်ပေးနိုင်ခဲ့တဲ့ အရာအားလုံးတွေ အပြီးမှာ ယူနိုက်တက်နည်းပြရာထူးက တကယ်ကို ထိုက်တန်မှု ရှိပါတယ်”

Brian Brobbey (left) jokingly asked manager Erik ten Hag to bring him to Man United

Photo Credit : Daily Mail

“နောက်နှစ်နှစ်အတွင်းမှာပဲ သူ ကျွန်တော့်ကို ခေါ်ယူဖြစ်ခဲ့မယ်ဆိုရင်ပေါ့။ မဟုတ်ဘူး နောက်နေတာ နောက်တာ” ဆိုပြီး အရွှန်းဖောက် ပြောဆိုသွားခဲ့ပါတယ်။ အသက်(၂၀)အရွှယ်ရှိ ဘရော်ဘီဟာ အေဂျက်စ်လူငယ် အကယ်ဒမီကို ၂၀၂ဝခုနှစ်ကတည်းက ရောက်ရှိနေခဲ့တာဖြစ်ပြီး ၂၀၁၈ခုနှစ် ၂၀၂၁ခုနှစ်အတွင်း အေဂျက်စ်လူငယ်အသင်းနဲ့ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီမှာတော့ အေဂျက်စ်စီနီယာအသင်းအတွက် စတင် ပါဝင်ခွင့် ရရှိခဲ့ပါတယ်။ ၂၀၂၁ခုနှစ် နွေစျေးကွက်မှာ ဂျာမန်ကလပ် လိုက်ပ်ဇစ်အသင်းဆီကို ပြောင်းရွှေ့ဖြစ်ခဲ့တဲ့ ဘရော်ဘီဟာ ဆောင်းစျေးကွက်မှာပဲ လိုက်ပ်ဇစ်ကနေ အေဂျက်စ်ကို အငှားနဲ့ ပြန်လည်ရောက်လာခဲ့ပြီး လက်ရှိအချိန်ထိ အသင်းအတွက် ပွဲစဉ်(၉)ပွဲ ပါဝင်ထားသလို သွင်းဂိုး(၄)ဂိုး သွင်းယူထားနိုင်ခဲ့ပါတယ်။ ဒတ်ချ်လူမျိုးနည်းပြ တန်ဟက်ဂ်က ဘရော်ဘီ အပါအဝင် အေဂျက်စ်ကစားသမားတွေဖြစ်တဲ့ ဘရာဇီးလ်တောင်ပံကစားသမား အန်တိုနီကို ခေါ်ယူသွားချင်နေသလို အေဂျက်စ်ကစားသမားဟောင်းဖြစ်သူ ကွင်းလယ်လူ ဖရန်ကီဒီဂျောင်ကိုပါ ဘာစီလိုနာအသင်းကနေပါ ခေါ်ယူသွားချင်နေပါတယ်။