အေဂျက်အသင်းနဲ့အတူ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ လက်စွမ်းကောင်းတွေ ထုတ်ပြထားနိုင်တဲ့ အသက် ၂၃နှစ်အရွယ် ဂိုးသမားလေး အိုနာနာဟာ လာမယ့်နွေရာသီအပြောင်းအရွှေ့မှာ ပရီးမီးယားလိဂ် နာမည်ကြီးအသင်းတစ်သင်း ဖြစ်တဲ့ ချယ်လ်ဆီးအသင်းထံကို ပြောင်းရွှေ့လိုနေတယ်လို့ နယ်သာလန်အခြေစိုက် သတင်းဌာနတွေက ဖော်ပြခဲ့ကြပါတယ်။

Photo Credit: Metro.com

ချယ်လ်ဆီးအသင်းနည်းပြ လမ်းပတ်ဟာ လက်ရှိမှာ ဂိုးသမားအခက်အခဲနဲ့ တွေ့ကြုံနေရတာဖြစ်ပြီး အသင်းက အားကိုးတကြီးနဲ့ ခေါ်ယူထားတဲ့ ကမ္ဘာ့စံချိန်ရှင် လူငယ်ဂိုးသမား ကီပါ ဟာ လက်ရှိမှာ လက်စွမ်းမတည်ငြိမ်မှုတွေ ဖြစ်နေသလို အရန်ဂိုးသမားဖြစ်တဲ့ ကာဘယ်လာရိုရဲ့ လက်စွမ်းဟာလည်း ယုံကြည် စိတ်ချလို့ မရသေးတဲ့ အနေအထားမှာ ရှိလို့နေပါတယ်။

Photo Credit: Metro.com

ဒါ့ကြောင့်လည်း ချယ်လ်ဆီးအသင်းဟာ လာမယ့်နွေရာသီ အပြောင်းအရွှေ့မှာ အသင်းရဲ့ နံပါတ်တစ်ဂိုးသမားနေရာအတွက် ကီပါကို ယှဉ်ပြိုင်နိုင်မယ့် ဂိုးသမားတစ်ဦးကို ရှာဖွေနေတာဖြစ်ပြီး ဘန်လေအသင်းရဲ့ နစ်ပုဗ် ၊ ရှက်ဖီးအသင်းမှာ အငှားနဲ့ကစားနေတဲ့ ယူနိုက်တက်ရဲ့ ဟန်ဒါဆန်နဲ့ အိုနာနာတို့ ပါဝင်လျက်ရှိတယ်လို့ လန်ဒန်အခြေစိုက် သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။

Photo Credit: Metro.com

လက်ရှိထွက်ပေါ်နေတဲ့ သတင်းတွေအရ အိုနာနာဟာ လာမယ့်ဘောလုံးရာသီမှာ စိန်ခေါ်မှု အသစ်တွေကို လိုချင်နေတာကြောင့် အသင်းမှ ထွက်ခွာလိုနေပြီး ချယ်လ်ဆီးအသင်းကနေ သူ့ကို ကမ်းလှမ်းလာမှာကို စောင့်မျှော်နေကြောင်း သိရပါတယ်။ အိုနာနာရဲ့ တန်ကြေးဟာ ပေါင် ၅၀သန်းဝန်းကျင်အထိ ရှိလို့နေတယ်လို့ ဘောလုံးကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ်။