ၿပီးခဲ႔တဲ႔ ေဘာလုံးရာသီတုန္းက ေအဂ်က္စ္အသင္းမွာေရာ နယ္သာလန္လက္ေရြးစင္အသင္းမွာပါ ေျခစြမ္းအထူးျပသခဲ႔တဲ႔ ေနာက္ခံကစားသမား ဒီလစ္ကုိ ဥေရာပအသင္းေပါင္းမ်ားစြာကေန ေခၚယူဖုိ႔ အၿပိဳင္အဆုိင္ ႀကိဳးပမ္းၾကရာ ေနာက္ဆုံးမွာေတာ့ ဂ်ဳဗင္တပ္စ္အသင္းဆီကုိပဲဲ ေျပာင္းေရႊ႕ေၾကး ေပါင္၆၈သန္းနဲ႔ ေျပာင္းေရြ႕သြားခဲ႔ပါတယ္။ ဒါေပမယ့္ ဒီလစ္က စီးရီးေအမွာ အံ့ဝင္ေအာင္ကစားဖုိ႔က သူ႔အတြက္ ခက္ခဲေနခဲ႔ရၿပီး ဒီေနာက္ပုိင္းမွာလည္း ပြဲထြက္ကစားခြင့္ေတြ နည္းပါးလာခဲ႔လုိ႔ အခုဆုိရင္ သူရဲ႕အသင္းေဟာင္းေအဂ်က္စ္ကေတာင္ အငွားနဲ႔ ျပန္လည္ေခၚယူဖုိ႔ ႀကိဳးပမ္းလာဖြယ္ရွိေနပါတယ္။

Photo Credit : Getty Images

အသက္၂၀သာရွိေသးတဲ႔ နယ္သာလန္လက္ေရြးစင္ ဗဟုိေနာက္ခံကစားသမား ဒီလစ္ဟာ ဂ်ဳဗင္တပ္စ္ကုိ ေရာက္ရွိခ်ိန္မွာ အသင္းရဲ႕လူစာရင္းအတြင္း ပုံမွန္ပြဲထြက္ကစားခြင့္ေတြ ေတာက္ေလွ်ာက္ရရွိခဲ႔ေပမယ့္ ကုိယ့္ဂုိးကုိသြင္းယူမိေတြ ပင္နယ္တီျပစ္ဒဏ္ေဘာေတြ ခဏခဏေပးေနခဲ႔ရတာေၾကာင့္ ေနာက္ပုိင္းပြဲေတြမွာ လူစာရင္းကေန ခ်န္လွပ္ခံခဲ႔ရကာ တူရကီေနာက္ခံလူ ဒီမီရယ္ကေတာင္ သူရဲ႕ေနရာမွာ ပါဝင္ကစားလာခဲ႔ရပါတယ္။ ဒီလစ္က စီးရီးေအကစားဟန္နဲ႔ လုိက္ေလ်ာညီေထြေအာင္ မကစားႏုိင္ေသးလုိ႔ သူရဲ႕ကစားပုံကုိ ပရိ္သတ္တခ်ိဳ႕ကေန နယ္သာလန္ရဲ႕ဖီးလ္ဂ်ံဳးလုိ႔ပါ ေလွာင္ေျပာင္သတ္မွတ္ခံေနရပါတယ္။

Photo Credit : Getty Images

ဒီလစ္ဟာ အခုဆုိရင္ ဂ်ဳဗင္တပ္စ္အသင္းရဲ႕ေနာက္ဆုံး၅ပြဲဆက္ ပါဝင္ကစားခြင့္မရရွိခဲ႔ပဲ ဒါက သူရဲ႕ပခုံးဒဏ္ရာေၾကာင့္သာ့ျဖစ္တယ္လုိ႔ အီတလီမီဒီယာေတြကေန ေဖာ္ျပထားခဲ႔ပါတယ္။ ဒီလုိ အေျခအေနဆုိးေတြနဲ႔ ရင္ဆုိင္ေနရတဲ႔ ဒီလစ္ကုိ ပြဲထြက္ကစားခြင့္ေတြ ျပန္လည္ရရွိေအာင္လုိ႔ သူရဲ႕အသင္းေဟာင္း ေအဂ်က္စ္အသင္းကေန အငွားစာခ်ဳပ္နဲ႔ ျပန္လည္ေခၚယူဖုိ႔ ႀကိဳးပမ္းလာဖြယ္ရွိေနၿပီး အခု ေဆာင္းရာသီေစ်းကြက္မွာပဲ ရာသီကုန္အငွားစာခ်ဳပ္နဲ႔ ကမ္းလွမ္းဖြယ္ရွိေနပါတယ္။ ဒါေပမယ့္ ဂ်ဳဗင္တပ္စ္နည္းျပဆာရီကေတာ့ ဒီလစ္အေနနဲ႔ လက္ရွိအေျခအေနေတြေပၚမွာ စိတ္ရွည္သည္းခံကာ ဆက္လက္ႀကိဳးစားသင့္ၿပီး ဒီလုိသာ ႀကိဳးစားမယ္ဆုိရင္ေတာ့ တစ္ေန႔မွာ ကမာၻ႕အေကာင္းဆုံး ေနာက္ခံကစားသမားတစ္ေယာက္ ျဖစ္လာလိမ့္မယ္လုိ႔ ထုတ္ေဖာ္ေျပာဆုိသြားခဲ႔ၿပီး သူ႔အတြက္ ဘာသာစကား အခက္အခဲနဲ႔ အရင္လိဂ္နဲ႔ ကြဲျပားျခားတဲ႔ေနရာမွာ လာေရာက္ကစားေနရတဲ႔ အခက္အခဲေတြေၾကာင့္ ရုန္းကန္ေနရတာျဖစ္တယ္လုိ႔ ရွင္းလင္းေျပာဆုိသြားခဲ႔ပါတယ္။

(Unicode)

ဒီလစ်ကို ဂျုဗင်တပ်စ်ကနေ အငှားနဲ့ ပြန်လည်ခေါ်ယူဖို့ ကြိုးပမ်းဖွယ်ရှိနေတဲ့ အေဂျက်စ်

ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက အေဂျက်စ်အသင်းမှာရော နယ်သာလန်လက်ရွေးစင်အသင်းမှာပါ ခြေစွမ်းအထူးပြသခဲ့တဲ့ နောက်ခံကစားသမား ဒီလစ်ကို ဥရောပအသင်းပေါင်းများစွာကနေ ခေါ်ယူဖို့ အပြိုင်အဆိုင် ကြိုးပမ်းကြရာ နောက်ဆုံးမှာတော့ ဂျုဗင်တပ်စ်အသင်းဆီကိုပဲဲ ပြောင်းရွှေ့ကြေး ပေါင်၆၈သန်းနဲ့ ပြောင်းရွေ့သွားခဲ့ပါတယ်။ ဒါပေမယ့် ဒီလစ်က စီးရီးအေမှာ အံ့ဝင်အောင်ကစားဖို့က သူ့အတွက် ခက်ခဲနေခဲ့ရပြီး ဒီနောက်ပိုင်းမှာလည်း ပွဲထွက်ကစားခွင့်တွေ နည်းပါးလာခဲ့လို့ အခုဆိုရင် သူရဲ့အသင်းဟောင်းအေဂျက်စ်ကတောင် အငှားနဲ့ ပြန်လည်ခေါ်ယူဖို့ ကြိုးပမ်းလာဖွယ်ရှိနေပါတယ်။

Photo Credit : Getty Images

အသက်၂၀သာရှိသေးတဲ့ နယ်သာလန်လက်ရွေးစင် ဗဟိုနောက်ခံကစားသမား ဒီလစ်ဟာ ဂျုဗင်တပ်စ်ကို ရောက်ရှိချိန်မှာ အသင်းရဲ့လူစာရင်းအတွင်း ပုံမှန်ပွဲထွက်ကစားခွင့်တွေ တောက်လျှောက်ရရှိခဲ့ပေမယ့် ကိုယ့်ဂိုးကိုသွင်းယူမိတွေ ပင်နယ်တီပြစ်ဒဏ်ဘောတွေ ခဏခဏပေးနေခဲ့ရတာကြောင့် နောက်ပိုင်းပွဲတွေမှာ လူစာရင်းကနေ ချန်လှပ်ခံခဲ့ရကာ တူရကီနောက်ခံလူ ဒီမီရယ်ကတောင် သူရဲ့နေရာမှာ ပါဝင်ကစားလာခဲ့ရပါတယ်။ ဒီလစ်က စီးရီးအေကစားဟန်နဲ့ လိုက်လျောညီထွေအောင် မကစားနိုင်သေးလို့ သူရဲ့ကစားပုံကို ပရိ်သတ်တချို့ကနေ နယ်သာလန်ရဲ့ဖီးလ်ဂျုံးလို့ပါ လှောင်ပြောင်သတ်မှတ်ခံနေရပါတယ်။

Photo Credit : Getty Images

ဒီလစ်ဟာ အခုဆိုရင် ဂျုဗင်တပ်စ်အသင်းရဲ့နောက်ဆုံး၅ပွဲဆက် ပါဝင်ကစားခွင့်မရရှိခဲ့ပဲ ဒါက သူရဲ့ပခုံးဒဏ်ရာကြောင့်သာ့ဖြစ်တယ်လို့ အီတလီမီဒီယာတွေကနေ ဖော်ပြထားခဲ့ပါတယ်။ ဒီလို အခြေအနေဆိုးတွေနဲ့ ရင်ဆိုင်နေရတဲ့ ဒီလစ်ကို ပွဲထွက်ကစားခွင့်တွေ ပြန်လည်ရရှိအောင်လို့ သူရဲ့အသင်းဟောင်း အေဂျက်စ်အသင်းကနေ အငှားစာချုပ်နဲ့ ပြန်လည်ခေါ်ယူဖို့ ကြိုးပမ်းလာဖွယ်ရှိနေပြီး အခု ဆောင်းရာသီစျေးကွက်မှာပဲ ရာသီကုန်အငှားစာချုပ်နဲ့ ကမ်းလှမ်းဖွယ်ရှိနေပါတယ်။ ဒါပေမယ့် ဂျုဗင်တပ်စ်နည်းပြဆာရီကတော့ ဒီလစ်အနေနဲ့ လက်ရှိအခြေအနေတွေပေါ်မှာ စိတ်ရှည်သည်းခံကာ ဆက်လက်ကြိုးစားသင့်ပြီး ဒီလိုသာ ကြိုးစားမယ်ဆိုရင်တော့ တစ်နေ့မှာ ကမ္ဘာ့အကောင်းဆုံး နောက်ခံကစားသမားတစ်ယောက် ဖြစ်လာလိမ့်မယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပြီး သူ့အတွက် ဘာသာစကား အခက်အခဲနဲ့ အရင်လိဂ်နဲ့ ကွဲပြားခြားတဲ့နေရာမှာ လာရောက်ကစားနေရတဲ့ အခက်အခဲတွေကြောင့် ရုန်းကန်နေရတာဖြစ်တယ်လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။