အာဆင်နယ် မန်စီးတီးအသင်းတို့ရဲ့ ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ နောက်ခံလူ ဂါးလ်ကလစ်ချီက သူနဲ့ မန်စီးတီးအသင်းမှာ တွဲဖက်ကစားခဲ့ဖူးတဲ့ အသင်းဖော်ဟောင်း အာဂျင်တီးနား တိုက်စစ်ကစားသမား ဆာဂျီယိုအဂွဲရိုးဟာ အာဆင်နယ်ကစားပုံနဲ့ အံ့ဝင်ခွင်ကျဖြစ်နိုင်တဲ့ ကစားသမားမျိုးဖြစ်ပြီး အဂွဲရိုးကိုယ်တိုင်ကလည်း ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း သွင်းဂိုးစံချိန်တွေကို ထပ်မံရယူနိုင်ဖို့အတွက် အင်္ဂလန်မြေမှာပဲ ဆက်လက်ရှိနေချင်လိမ့်မယ်လို့ သုံးသပ်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Goal

အသက်(၃၂)နှစ်အရွှယ်ရှိ အာဂျင်တီးနား တိုက်စစ်ကစားသမား အဂွဲရိုးဟာ ၂၀၁၁ခုနှစ်ကမှ မန်စီးတီးအသင်းကို ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းနဲ့ ဆယ်စုနှစ်တစ်ခုနီးပါးလောက် ဖြတ်သန်းခဲ့ကာ ဆုဖလားအောင်မြင်မှုတွေကိုလည်း ရယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အဂွဲရိုးဟာ ဒီနှစ်ရာသီအကုန်မှာ အသင်းနဲ့ သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး အသင်းနဲ့ လမ်းခွဲတော့မှာဖြစ်တာကြောင့် သူ့ကို ကလပ်အသင်းများစွာကနေ ပစ်မှတ်ထားလျက်ရှိနေကြကာ ဒီအသင်းတွေထဲမှာ အာဆင်နယ်လည်း ပါဝင်လို့နေပါတယ်။ ဒီအကြောင်းကိစ္စနဲ့ပတ်သက်ပြီး ကလစ်ချီက “ကျွန်တော်တို့ သူ့ကို ပရီးမီးယားလိဂ်မှာပဲ ဆက်လက်မြင်တွေ့ရနိုင်ပါတယ်”

Photo Credit : Ace Football

“ဘာကြောင့်လဲဆိုတော့ သူက ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ သွင်းဂိုးအများဆုံးစာရင်းမှာ နံပါတ်(၂) (၃)နေရာအထိ တတ်လှမ်းချင်နေတာကြောင့်ပါ။ သူ ဒီမှာသာ ဆက်ရှိနေမယ်ဆိုရင် အဲ့ဒီစံချိန်တွေက ရနိုင်မှာ သေချာပါတယ်။ သူ့အနေနဲ့ မန်ချက်စတာစီးတီးအသင်းမှာ ဆယ်နှစ်တာလောက် ပါဝင်ကစားခဲ့ရတာကလည်း လုံလောက်မှု ရှိခဲ့ပါတယ်။ အခုလက်ရှိကတော့ သူ့အတွက် ပျော်ရွှင်မှုတွေ ပိုပေးနိုင်မယ့် နေရာမျိုးကို ပြောင်းရွှေ့ကစားသင့်တယ်လို့ ကျွန်တော်ထင်မိပါတယ်။ ကျွန်တော်ကတော့ သူ့ကို အင်္ဂလန်မှာပဲ ဘောလုံးဆက်ကစားတာမျိုးကို ဖြစ်စေချင်ပေမယ့် သူကတော့ ပရီးမီးယားလိဂ်ကနေ ထွက်ခွာသွားဖို့ကိုပဲ ပိုဆန္ဒရှိနေလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ နောက်ပြီး သူသာ အင်္ဂလန်မှာပဲ ဆက်ရှိမယ်ဆိုရင် အာဆင်နယ်က သူ့အတွက် အံ့ဝင်ခွင်ကျဖြစ်နိုင်မယ့်အသင်းလို့ ကျွန်တော်ထင်မိပါတယ်။ အာဆင်နယ်အသင်းရဲ့ ကစားဟန် အခွင့်အရေးကောင်းတွေ ဖန်တီးနိုင်မှုကြောင့် အဂွဲရိုးအတွက် သင့်တော်တဲ့ ကလပ်အသင်း ဖြစ်လာနိုင်တယ်။ ဒါပေမယ့် သူ ဒီကိုလာကစားပါ့မလဲဆိုတာတော့ မပြောတတ်ပါဘူး။ စပိန်မြေဆီကိုပဲ ပြောင်းရွှေ့ကစားလိမ့်မယ်လို့ပဲ ထင်မိပါတယ်” လို့ မှတ်ချက်ပြုပြောဆိုသွားခဲ့ပါတယ်။