တိုက်စစ်မှူး အဂူရိုဟာ ဇန်နဝါရီလ တစ်လတာ အကောင်းဆုံး ပရီးမီးယားလိဂ် ကစားသမားဆုကို ရရှိသွားပြီးတဲ့နောက် ပရီးမီးယားလိဂ် သမိုင်းမှာ ပရီးမီးယားလိဂ် တစ်လတာ အကောင်းဆုံးဆုကို အများဆုံး ရရှိသူ ဖြစ်လာခဲ့ပါတယ်။ သူဟာ ပရီးမီးယားလိဂ် တစ်လတာ အကောင်းဆုံးဆုကို (၇) ကြိမ်မြောက် ရရှိသွားတာကြောင့် ပရီးမီးယားလိဂ် တစ်လတာ အကောင်းဆုံးဆု (၆) ကြိမ်မြောက် ရရှိခဲ့ကြတဲ့ တိုက်စစ်မှူး ဟယ်ရီကိန်း နဲ့ ကွင်းလယ်လူ ဂျာရတ်တို့ကို ကျော်လွန်သွားခဲ့ပါတယ်။

Photo Credit: Goal

မန်စီးတီး တိုက်စစ်မှူး အဂူရိုဟာ ပရီးမီးယားလိဂ် တစ်လတာ အကောင်းဆုံး ကစားသမားဆုကို လွန်ခဲ့တဲ့ (၂၀၁၃) ခုနှစ် အောက်တိုဘာလက ပထမဆုံး အကြိမ် ရရှိခဲ့ပြီး (၆) နှစ်ကျော် အကြာမှာ ပရီးမီးယားလိဂ် တစ်လတာ အကောင်းဆုံး ကစားသမားဆုကို အများဆုံး ရရှိသူ ဖြစ်လာပါတယ်။ သူဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလက ပရီးမီးယားလိဂ် ပွဲစဉ် (၃) ပွဲ ကစားခဲ့ရာမှာ သွင်းဂိုး (၆) ဂိုး သွင်းခဲ့တာကြောင့် ဇန်နဝါရီလ တစ်လတာ အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Goal

အာဂျင်တီးနား လက်ရွေးစင်တိုက်စစ်မှူး အဂူရိုဟာ ဇန်နဝါရီလ (၁၂) ရက်နေ့က အက်စတွန်ဗီလာ အသင်းကို (၁-၆) ရလဒ်နဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ ဟက်ထရစ်သွင်းယူခဲ့တာကြောင့် ပရီးမီးယားလိဂ်သွင်းဂိုး အများဆုံး သွင်းယူတဲ့ ပြည်ပ ကစားသမား ဖြစ်သွားခဲ့ပါတယ်။ သူဟာ အက်စတွန်ဗီလာအသင်းကို အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ ဟက်ထရစ် သွင်းယူနိုင်ခဲ့တာကြောင့် ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ဟက်ထရစ် (၁၂) ကြိမ် သွင်းယူခဲ့ပြီး ဟက်ထရစ် အများဆုံး သွင်းယူသူပါ ဖြစ်သွားခဲ့ပါတယ်။