
Photo Credit: Goal


Photo Credit: Goal


Photo Credit: Goal


{Unicode}

မန်စီးတီး တိုက်စစ်မှူး ဂျေဆပ်ကတော့ သူ့ရဲ့အသင်းဖော် အဂွဲရိုဟာ ပရီးမီးယားလိဂ်ရဲ့ ဂန္တဝင် ကစားသမား နဲ့ မန်စီးတီးအသင်းရဲ့ ဂန္တဝင် ကစားသမား ဖြစ်တယ်လို့ အခိုင်အမာ ပြောခဲ့ပါတယ်။ တိုက်စစ်မှူး အဂွဲရိုဟာ တနင်္ဂနွေနေ့ညက အက်စတွန်ဗီလာအသင်းကို (၆-၁) နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ ဟက်ထရစ် သွင်းယူခဲ့တာမို့ ဟင်နရီရဲ့ ဟက်ထရစ် စံချိန်ကို ကျော်ဖြတ်ခဲ့ပါတယ်။

Photo Credit: Goal

တိုက်စစ်မှူး အဂွဲရိုဟာ တနင်္ဂနွေနေ့က ဟက်ထရစ် သွင်းယူခဲ့တာကြောင့် ဟင်နရီကို ကျော်ပြီး ပြည်ပ ကစားသမားတွေထဲမှာ ဟက်ထရစ် သွင်းဂိုး အများဆုံး ကစားသမား ဖြစ်လာခဲ့ပါတယ်။ အဂွဲရိုဟာ ပြည်ပကစားသမားတွေထဲမှာ ဟက်ထရစ် သွင်းဂိုး အများဆုံးကစားသမား ဖြစ်ရုံမက အလန်ရှီယားကို ကျော်ပြီး ဟက်ထရစ် သွင်းဂိုး အများဆုံး ကစားသမားအသစ် ဖြစ်လာပါတယ်။

Photo Credit: Goal

တိုက်စစ်မှူး ဂျေဆပ်လည်းပဲ အက်စတွန်ဗီလာအသင်းကို (၆-၁) နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ သူ့ရဲ့ အသင်းဖော် အဂွဲရိုလိုပဲ ဂိုးသွင်းယူခဲ့ပြီး၊ ပွဲချိန် (၄၅) မိနစ်မှာ သွင်းဂိုး (၁) ဂိုး သွင်းယူခဲ့ပါတယ်။ တိုက်စစ်မှူး ဂျေဆပ်ကတော့ အခု မန်စီးတီးအသင်းမှာ အဓိက တိုက်စစ်မှူးအဖြစ် အသိအမှတ် ခံရပေမဲ့လည်း တိုက်စစ်မှူး အဂွဲရိုဆီကနေ သင်ယူနေရဆဲ ဖြစ်တယ်လို့ ပြောသွားခဲ့ပါတယ်။


Photo Credit: Goal

တိုက်စစ်မှူး ဂျေဆပ်ကတော့ “သူက ဂန္တဝင် ကစားသမားပါ။ သူက ပရီးမီးယားလိဂ်ရဲ့ ဂန္တဝင် ကစားသမားပါ။ မန်စီးတီးအသင်းရဲ့ ဂန္တဝင် ကစားသမားပါ။ သူ ကွင်းထဲကို ဝင်သွားပြီ ဆိုရင် သူ အမြဲတမ်း ဂိုးသွင်းပါတယ်။ သူက လူကောင်း၊ ဂန္တဝင် ကစားသမားပါ။ ကျွန်တော် သူဆီက သင်ယူရပါတယ်။ နေရာတူမှာ ကစားရတော့ သူဆီက သင်ယူရပါတယ်”လို့ ပြောခဲ့ပါတယ်။