မန္စီးတီးအသင္းရဲ့ ဂႏၲဝင္တိုက္စစ္မွူး တစ္ျဖစ္လဲ ဝါရင့္တိုက္စစ္မွူးျဖစ္တဲ့ ဆာဂ်ီယို အဂူရိုကေတာ့ မေန႔ညက ကစားသြားခဲ့တဲ့ အက္စ္တြန္ဗီလာအသင္းနဲ႔ မန္စီးတီးအသင္းရဲ့ ပြဲစဥ္မွာ ဟက္ထရစ္သြင္းယူခဲ့ၿပီးေနာက္ ပရီးမီးယားလိဂ္ရဲ့ ဂိုးသြင္းအမ်ားဆုံး နိုင္ငံျခားသားဆိုတဲ့ ဂုဏ္ပုဒ္ကို ရယူနိုင္ခဲ့တယ္လို႔ သိရပါတယ္။
Photo Credit: Express.com
အက္စ္တြန္ဗီလာအသင္းကို အေဝးကြင္းမွာ မန္စီးတီးအသင္းက ေျခာက္ဂိုးတစ္ဂိုးဆိုတဲ့ ရလဒ္နဲ႔ပြဲစဥ္မွာ အဂူရိုဟာ ထူးရွယ္ေျခစြမ္းကို ျပသသြားနိုင္ခဲ့ၿပီး အသင္းအတြက္ ဟက္ထရစ္ သြင္းယူနိုင္ခဲ့ပါတယ္။ အဂူရိုဟာ ပြဲကစားခ်ိန္ ၂၈မိနစ္ ၊ ၅၇မိနစ္နဲ႔ ၆၁မိနစ္တို႔မွာ သြင္းဂိုးေတြ အသီးသီးသြင္းယူခဲ့တာလည္း ျဖစ္ပါတယ္။
Photo Credit: Express.com
အဆိုပါဟက္ထရစ္ေၾကာင့္ အဂူရိုဟာ ပရီးမီးယားလိဂ္သြင္းဂိုး ၁၇၇ဂိုးအထိ ရွိလာခဲ့ၿပီျဖစ္ၿပီး သူဟာ ပရီးမီးယားလိဂ္ သြင္းဂိုးအမ်ားဆုံး ကစားသမားစာရင္းရဲ့ စတုတၳေနရာမွာ ခ်ယ္လ္ဆီးနည္းၿပ လမ္းပတ္နဲ႔အတူ ရပ္တည္ ေနခဲ့ပါတယ္။ ဒါ့အျပင္ အဂူရိုဟာ အာဆင္နယ္ အသင္းရဲ့ ဂႏၲဝင္တိုက္စစ္မွူး အြန္နရီရဲ့ ပရီးမီးယားလိဂ္ ဂိုးသြင္းအမ်ားဆုံး နိုင္ငံျခားသားဆိုတဲ့ ဂုဏ္ပုဒ္ကိုလည္း လႊဲေျပာင္းရယူနိုင္ခဲ့ပါတယ္။
Photo Credit: Express.com
အဂူရိုဟာ အဆိုပါသြင္းဂိုး ၁၇၇ဂိုးကို ဘယ္ေျခကန္ခ်က္နဲ႔ ၃၃ဂိုး ၊ ညာေျခကန္ခ်က္နဲ႔ ၁၂၆ဂိုး ၊ ေခါင္းတိုက္သြင္းဂိုး ၁၇ဂိုးနဲ႔ အျခား အစိတ္အပိုင္းနဲ႔ ၁ဂိုး အသီးသီးသြင္းယူခဲ့တာလို႔ သိရပါတယ္။ ဒါ့အျပင္ အဂူရိုဟာ အဆိုပါ ၁၇၇ဂိုးထဲက ၈၈ဂိုးကို ပထမပိုင္းမွာ သြင္းယူခဲ့တာျဖစ္ၿပီး ၈၉ဂိုးကိုေတာ့ ဒုတိယပိုင္းအေရာက္ မွာ သြင္းယူနိုင္ခဲ့တာလည္း ျဖစ္ပါတယ္။
မန်စီးတီးအသင်းရဲ့ ဂန္တဝင်တိုက်စစ်မှူး တစ်ဖြစ်လဲ ဝါရင့်တိုက်စစ်မှူးဖြစ်တဲ့ ဆာဂျီယို အဂူရိုကတော့ မနေ့ညက ကစားသွားခဲ့တဲ့ အက်စ်တွန်ဗီလာအသင်းနဲ့ မန်စီးတီးအသင်းရဲ့ ပွဲစဉ်မှာ ဟက်ထရစ်သွင်းယူခဲ့ပြီးနောက် ပရီးမီးယားလိဂ်ရဲ့ ဂိုးသွင်းအများဆုံး နိုင်ငံခြားသားဆိုတဲ့ ဂုဏ်ပုဒ်ကို ရယူနိုင်ခဲ့တယ်လို့ သိရပါတယ်။
Photo Credit: Express.com
အက်စ်တွန်ဗီလာအသင်းကို အဝေးကွင်းမှာ မန်စီးတီးအသင်းက ခြောက်ဂိုးတစ်ဂိုးဆိုတဲ့ ရလဒ်နဲ့ပွဲစဉ်မှာ အဂူရိုဟာ ထူးရှယ်ခြေစွမ်းကို ပြသသွားနိုင်ခဲ့ပြီး အသင်းအတွက် ဟက်ထရစ် သွင်းယူနိုင်ခဲ့ပါတယ်။ အဂူရိုဟာ ပွဲကစားချိန် ၂၈မိနစ် ၊ ၅၇မိနစ်နဲ့ ၆၁မိနစ်တို့မှာ သွင်းဂိုးတွေ အသီးသီးသွင်းယူခဲ့တာလည်း ဖြစ်ပါတယ်။
Photo Credit: Express.com
အဆိုပါဟက်ထရစ်ကြောင့် အဂူရိုဟာ ပရီးမီးယားလိဂ်သွင်းဂိုး ၁၇၇ဂိုးအထိ ရှိလာခဲ့ပြီဖြစ်ပြီး သူဟာ ပရီးမီးယားလိဂ် သွင်းဂိုးအများဆုံး ကစားသမားစာရင်းရဲ့ စတုတ္ထနေရာမှာ ချယ်လ်ဆီးနည်းပြ လမ်းပတ်နဲ့အတူ ရပ်တည် နေခဲ့ပါတယ်။ ဒါ့အပြင် အဂူရိုဟာ အာဆင်နယ် အသင်းရဲ့ ဂန္တဝင်တိုက်စစ်မှူး အွန်နရီရဲ့ ပရီးမီးယားလိဂ် ဂိုးသွင်းအများဆုံး နိုင်ငံခြားသားဆိုတဲ့ ဂုဏ်ပုဒ်ကိုလည်း လွှဲပြောင်းရယူနိုင်ခဲ့ပါတယ်။
Photo Credit: Express.com
အဂူရိုဟာ အဆိုပါသွင်းဂိုး ၁၇၇ဂိုးကို ဘယ်ခြေကန်ချက်နဲ့ ၃၃ဂိုး ၊ ညာခြေကန်ချက်နဲ့ ၁၂၆ဂိုး ၊ ခေါင်းတိုက်သွင်းဂိုး ၁၇ဂိုးနဲ့ အခြား အစိတ်အပိုင်းနဲ့ ၁ဂိုး အသီးသီးသွင်းယူခဲ့တာလို့ သိရပါတယ်။ ဒါ့အပြင် အဂူရိုဟာ အဆိုပါ ၁၇၇ဂိုးထဲက ၈၈ဂိုးကို ပထမပိုင်းမှာ သွင်းယူခဲ့တာဖြစ်ပြီး ၈၉ဂိုးကိုတော့ ဒုတိယပိုင်းအရောက် မှာ သွင်းယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။