ဘောလုံးအသင်းတွေရဲ့ အပြောင်းအရွှေ့ပိုင်းဆိုင်ရာ အချက်အလက်တွေကို အသေးစိတ်ဖော်ပြလေ့ရှိတဲ့ နာမည်ကျော် ဝက်ဆိုဒ်ကြီးတစ်ခုဖြစ်တဲ့ Transfermarket ကနေပြီးတော့ ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း အခွင့်အရေးကောင်းတွေကို အကြိမ်ပေါင်းများစွာ လွဲချော်ခဲ့ရတဲ့ ကစားသမားတွေကို ဖော်ထုတ်လာခဲ့ရာ မန်စီးတီးအသင်းရဲ့ အာဂျင်တီးနား တိုက်စစ်ကစားသမား ဆာဂျီယိုအဂူရိုက ထိပ်ဆုံးနေရာမှာ ရှိလို့နေသလို အဲဗာတန်နဲ့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှူးဟောင်း လူကာကူက ဒုတိယနေရာမှာ ရှိလို့နေပါတယ်။

Photo Credit : BeSoccer

မန်စီးတီးအသင်းရဲ့ အမြဲတမ်းဂိုးသွင်းအများဆုံး ကစားသမားအဖြစ် သတ်မှတ်ခံထားရတဲ့ ဝါရင့်တိုက်စစ်မှူးကြီး ဆာဂျီယိုအဂူရိုဟာ ၂၀၁၀ခုနှစ်နောက်ပိုင်းကနေစတင်ပြီး အခွင့်အရေးကောင်းတွေကို အကြိမ်ပေါင်း(၁၂၅)ကြိမ်အထိ လွဲချော်ခဲ့လို့ ပရီးမီးယားလိဂ်ရဲ့ Big Chances Missed စာရင်းမှာ ထိပ်ဆုံးကနေ ရှိနေရတာဖြစ်ပါတယ်။ သူရဲ့နောက် ဒုတိယနေရာမှာတော့ လက်ရှိ အင်တာမီလန်တိုက်စစ်မှူး ဖြစ်လို့နေတဲ့ လူကာကူက လွဲချော်မှုပေါင်း (၈၆)ကြိမ်နဲ့ ရပ်တည်လို့နေပါတယ်။ လက်ရှိ ခရစ္စတယ်ပဲလေ့စ်အသင်းမှာ ပါဝင်ကစားလို့နေတဲဲ့ အက်စတွန်ဗီလာနဲဲ့ လီဗာပူးလ်အသင်းရဲ့ တိုက်စစ်မှူးဟောင်း ဘန်တီကီကတော့ လွဲချော်မှုပေါင်း (၈၂)ကြိမ်နဲ့ တတိယနေရာမှာ ရှိလို့နေပါတယ်။

Photo Credit : BeSoccer

ဆက်လက်ပြီးတော့ ပရီးမီးယားလိဂ်မှာ Big Chances Missed လွဲချော်ခဲ့သူ (၁၀)ဦးကိုလည်း ဖော်ပြပေးလိုက်ပါတယ်။

(၁) အဂူရို = ၁၂၅ကြိမ်

(၂) လူကာကူ = ၈၆ကြိမ်

(၃) ဘန်တီကီ = ၈၂ကြိမ်

(၄) ဟယ်ရီကိန်း = ၈၁ကြိမ်

(၅) ဗန်ပါစီ = ၈၀ကြိမ်

(၆) ဂျရှး = ရ၈ကြိမ်

(၇) ဝဲလ်ကော့ = ရ၈ကြိမ်

(၈) ဗာဒီ = ရ၅ကြိမ်

(၉) စတာလင်း = ၆၆ကြိမ်

(၁၀) ရှိန်းလောင်း = ၆၄ကြိမ်