ကမ္ဘာ့အကောင်းဆုံး ဗဟိုခံစစ်ကစားသမားတွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ပြင်သစ်နောက်ခံကစားသမား ရာဖေးလ်ဗာရန်းဟာ ဒီ ၂၀၂ဝခုနှစ်အတွင်းမှာတော့ သူရဲ့အကောင်းဆုံးပုံစံကို ပြသနိုင်ဖို့ ရုန်းကန်နေရတဲ့အပြင် အရင်ကထက် ပိုအမှားတွေများလာခဲ့သလို ကိုယ့်ဂိုးကိုယ်သွင်းယူမှုတွေကလည်း အကြိမ်ရေများလာခဲ့ရပါတယ်။ ဒီလို Form အောက်နေရတဲ့ ဗာရန်းကို သူရဲ့ရီးရဲလ်အသင်းဖော် ကာရန်ဘန်ဇီမာရဲ့ အေးဂျင့်ဖြစ်သူက သူရဲ့တွစ်တာပေါ်ကနေ ဝေဖန်စကားတွေ ရေးသားလာခဲ့ပါတယ်။

Photo Credit : Tribuna

အသက်(၂၇)နှစ်အရွှယ်ရှိ ပြင်သစ်လက်ရွေးစင် နောက်ခံကစားသမားဗာရန်းဟာ ရီးရဲလ်အသင်းမှာရော ပြင်သစ်အသင်းမှာပါ အောင်မြင်မှုတွေများစွာ ပိုင်ဆိုင်ခဲ့ဖူးတဲ့ ကစားသမားကောင်းတစ်ယောက်ဖြစ်ပေမယ့် ၂၀၂ဝခုနှစ်ထဲမှာတော့ သူရဲ့ခြေစွမ်းတွေက အကောင်းဆုံးပုံစံမှာ ရှိလို့မနေပဲ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဗလင်စီယာအသင်းကို အရေးနိမ့်ခဲ့တဲ့ လာလီဂါပွဲစဉ်အတွင်း Og တစ်ဂိုးကိုလည်း သွင်းယူခဲ့ပါသေးတယ်။ ဒီလို ပုံစံကောင်းမပြနိုင်တာနဲ့ပတ်သက်ပြီး ဗာရန်းရဲ့အသင်းဖော် တစ်နိုင်ငံတည်းသား ဘန်ဇီမာရဲ့ အေးဂျင့် ကာရန်ဂျက်ဇီရီက သူရဲ့တွစ်တာပေါ်ကနေ ဝေဖန်စကားဆိုလာခဲ့ပါတယ်။

Photo Credit : Sportbible

ဂျက်ဇီရီက “မန်စီးတီးအသင်းနဲ့ပွဲစဉ်နောက်ပိုင်းကတည်းက သူက သူကိုယ်တိုင် အရိပ်ဆိုးအောက်ကနေ လွတ်မထွက်နိုင်သေးတာ” ဆိုတဲ့ ဝေဖန်တဲ့စကားလုံးတွေကို သူရဲ့တွစ်တာပေါ်မှာ ရေးသားဖော်ပြသွားခဲ့ပါတယ်။ ဒါပေမယ့် ဗာရန်းဟာ ပြင်သစ်လက်ရွေးစင်အသင်းရဲ့ လူစာရင်းမှာတော့ အမြဲလိုုလို ရွေးချယ်ခံခဲ့ရသူဖြစ်သလို အသင်းနဲ့လည်း ၂၀၁၈ ကမ္ဘာ့ဖလားချန်ပီယံဆုကိုလည်း ဆွတ်ခူးထားနိုင်ခဲ့ပါသေးတယ်။ ဗာရန်းရဲ့လက်ရှိအခြေအနေနဲ့ပတ်သက်ပြီး “ကစားသမားတိုင်းက အဆိုးဆုံးပွဲတွေနဲ့ ကြုံတွေ့ရနိုင်ပေမယ့် ပွဲတိုင်းကိုတော့ သူတို့ရဲ့အကောင်းဆုံးပုံစံနဲ့ ကြိုးစားကစားရပါမယ်။ အခုလက်ရှိမှာဆိုရင် ကစားသမားတိုင်းက တစ်ပတ်မှာ (၃)ပွဲလောက်ကို ကစားနေရတာပါ။ သူ့အသင်းက ရှံးခဲ့မယ်ဆိုရင် သူက နောက်ခံလူဖြစ်နေတဲ့ သွင်းဂိုးခွင့်ပြုရတဲ့အခါမှာ ဒီသွင်းဂိုးအတွက် ဒီရှုံးပွဲအတွက် တာဝန်ရှိသူ ဖြစ်သွားတတ်တယ်။ သူက ဘယ်ဂိုးကိုမဆို တာဝန်ယူတတ်တဲ့သူပါ။ နောက်ပြီး သူက ဘယ်လောက်အထိကို စွမ်းဆောင်တတ်သလဲဆိုတာကိုလည်း ကျွန်တော်သိပြီးသားပါ” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ ဗာရန်းဟာ ဒီနိုဝင်ဘာလထဲမှာ နိုင်ငံတကာပွဲတွေ ယှဉ်ပြိုင်ကစားရမယ့် ပြင်သစ်လက်ရွေးစင်အသင်းရဲ့ လူစာရင်းထဲမှာလည်း ရွေးချယ်ခံထားရပါတယ်။