MySport Myanmar

လာဗီယာကို အာဆင်နယ်အသင်းဆီ ရောက်လာဖို့ ကူညီပေးသွားမယ့် ထရိုဆက်ဒ်

အာဆင်နယ်အသင်းရဲ့ ဘယ်လ်ဂျီယံ တိုက်စစ်ကစားသမား လီအန်ဒရိုထရိုဆက်ဒ်ဟာ သူရဲ့ ဘယ်လ်ဂျီယံ အသင်းဖော်ဖြစ်သူ ဆောက်သမ်တန် ကွင်းလယ်လူ ရိုမီအိုလာဗီယာကို ဆောက်သမ်တန်ကနေ အာဆင်နယ်အသင်းဆီ ပြောင်းရွှေ့လာဖို့အတွက် အေးဂျင့်တစ်ဦးအဖြစ် ကူညီ ဆောင်ရွက်ပေးသွားဖွယ် ရှိနေပါတယ်။

Photo Credit : Arsenal FC

ပြီးခဲ့တဲ့ ဆောင်းဈေးကွက်ကမှ ဘရိုက်တန်ကနေ အာဆင်နယ်အသင်းဆီ ပြောင်းရွှေ့ ရောက်ရှိလာခဲ့သူ ထရိုဆက်ဒ်ဟာ international break ကာလအတွင်း ဘယ်လ်ဂျီယံအသင်းအတွက် ပါဝင် ဆင်နွဲနေရချိန် လက်ရွေးစင်အသင်းဖော် လာဗီလာနဲ့ပါ တွဲဖက် ကစားနေရတာဖြစ်လို့ အာဆင်နယ် ပရိသတ်တွေက မန်စီးတီး လူငယ်ကစားသမားဟောင်းလေး လာဗီယာကို အာဆင်နယ်ဆီ ပြောင်းရွှေ့လာဖို့အတွက် ထရိုဆက်ဒ်အနေနဲ့ ကူညီပေးပါလို့ တောင်းဆိုလာကြပါတယ်။

Photo Credit : The Athletic

အသက်(၁၉)နှစ်အရွယ်သာ ရှိနေသေးတဲ့ ဆယ်ကျော်သက် ဘယ်လ်ဂျီယံ ကွင်းလယ်ကစားသမားလေး လာဗီယာဟာ ဒီရာသီကမှ မန်စီးတီးကနေ ဆောက်သမ်တန်အသင်းဆီ ပြောင်းရွှေ့ထားခဲ့သူဖြစ်ပြီး သူရဲ့ ခြေစွမ်းပိုင်းတွေကြောင့် ပရီးမီးယားလိဂ် ထိပ်သီးအသင်းတွေက သတိထားလာမိပါတယ်။ လက်ရှိမှာလည်း ဆောက်သမ်တန်က ပရီးမီးယားလိဂ်ကနေ တန်းဆင်းရမယ့် အရေးနဲ့ ရင်ဆိုင်နေရတာဖြစ်လို့ ဆောက်သမ်တန်သာ တန်းဆင်းသွားမယ်ဆိုရင် လာဗီယာအနေနဲ့လည်း အသင်းကနေ ထွက်ခွာဖို့က သေချာသလောက် ရှိလာနိုင်ပါတယ်။

Photo Credit : Goal

မန်စီးတီးအသင်းက လာဗီယာကို ရောင်းချတုန်းက ပြန်လည် ခေါ်ယူခွင့်ကိုပါ ထည့်သွင်းထားခဲ့တယ် ဆိုပေမယ့်လည်း အဲ့ဒီအချက်က ၂၀၂၄မှသာ စတင် သက်ရောက်မှာဖြစ်လို့ ၂၀၂၃ခုနှစ် နွေဈေးကွက်ကတည်းကမှာပဲ လာဗီယာကို ကလပ်အသင်းတွေက အပြိုင်ကမ်းလှမ်းလာနိုင်ပြီး ဒီအသင်းတွေထဲမှာ အာဆင်နယ်လည်း အပါအဝင် ဖြစ်နေပါတယ်။ ချာကာ ပါတေး ဂျော်ဂျင်ဟို အယ်လ်နီနီ အစရှိတဲ့ ကွင်းလယ်ကစားသမားတွေ ပိုင်ဆိုင်ထားတဲ့ အာဆင်နယ်ဟာ လာမယ့်ရာသီမှာ ကွင်းလယ်ပိုင်းအတွက် ကစားသမားတစ်ဦးခန့် ထပ်မံ ခေါ်ယူသွားလိုတာကြောင့် လာဗီလာကို ပစ်မှတ်ထားနေတာဖြစ်ပြီး Agent Leo ကလည်း ကူညီပေးဖွယ် ရှိနေပါတယ်။

Exit mobile version