MySport Myanmar

ဇီလင်းစကီး အပြီး တာရေမီကိုပါ အလွတ်နဲ့ ခေါ်ယူနိုင်တော့မယ့် အင်တာမီလန်

အီတလီ စီးရီးအေ ထိပ်သီးကလပ် အင်တာမီလန်အသင်းကတော့ နာပိုလီအသင်းရဲ့ ပိုလန် ကွင်းလယ်လူ ဇီလင်းစကီးကို လာမယ့် နွေမှာ အလွတ်နဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှ်ိအပြီး အခုလည်း ပေါ်တိုရဲ့ တိုက်စစ်မှူး တာရေမီကိုပါ free transfer နဲ့ ခေါ်ယူနိုင်တော့မယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

အင်တာမီလန်က ဒီရာသီ အီတလီ စီးရီးအေရဲ့ အမှတ်ပေးဇယား ထိပ်ဆုံးနေရာမှာ ရပ်တည်လျက် ရှိနေပြီး အသင်း ရလဒ်ပိုင်းတွေကလည်း အလွန်ကောင်းမွန်နေပါတယ်။ အသင်းမှာကလည်း ကစားသမားအင်အား တောင့်တင်းလွန်းနေပြီး လာမယ့်နွေမှာပါ အသင်းအတွက် ထိပ်တန်း ကစားသမားတွေကို ခေါ်ယူဖို့ အကြို သဘောတူညီမှုတွေ ရယူထားနိုင်ခဲ့ပါတယ်။

Photo Credit : Sempreinter

အင်တာဟာ ဒီနှစ်ပိုင်းတွေအတွင်း ဆန်းချက်ဇ် မစ်ခီတာရန် ချာဟာနိုဂလူး အိုနာနာ သူရမ် ဒီဗရစ်ချ်တို့လို ထိပ်တန်း ကစားသမားကောင်းတွေကို free transfer တွေနဲ့ အရ ခေါ်ယူထားနိုင်ခဲ့ပြီး ဒီကစားသမားတွေကလည်း အသင်းအတွက် တစ်နည်းမဟုတ် တစ်နည်းနဲ့ အကျိုးပြုနိုင်ခဲ့ပါတယ်။

ဒီရာသီမှာလည်း အင်တာက ပြင်သစ် တိုက်စစ်မှူး မားကပ်စ် သူရမ် ၊ ကစားသမားဟောင်း အလက်ဆစ် ဆန်းချက်ဇ် ၊ နယ်သာလန် ကွင်းလယ်လူ ကလာဆန် နဲ့ စီးရီးအေရဲ့ ဝါရင့် winger ကြီး ဟွမ် ကွာဒရာဒိုတို့ကို အလွတ်နဲ့ ခေါ်ယူထားနိုင်ခဲ့ပြီး ဒီကစားသမားတွေကလည်း အသင်းကို အကျိုးပြုနိုင်ကြပါတယ်။

Photo Credit : Youtube

ဒီလို အကျိုးရှိတဲ့ free transfers တွေကို လုပ်ဆောင်ထားနိုင်တဲ့ အင်တာဟာ လာမယ့်နွေမှာပါ စီးရီးအေရဲ့ ဝါရင့် ကစားသမား ဇီလင်းစကီးနဲ့ တိုက်စစ်မှာ အားထားရမယ့် အီရန် တိုက်စစ်မှူး တာရေမီတို့ကိုပါ အလွတ်နဲ့ ထပ်မံ ဆွဲစိနိုင်တော့မှာပဲ ဖြစ်ပါတယ်။

ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်များအရ အင်တာဟာ ပေါ်တို တိုက်စစ်မှူး တာရေမီကို (၂)နှစ် + (၁)နှစ်စာချုပ်နဲ့ ခေါ်ယူသွားနိုင်တော့မှာဖြစ်ပြီး တာရေမီအနေနဲ့ အီရန်နဲ့အတူ အာရှဖလားပြိုင်ပွဲကို ဆင်နွဲပြီးပါက အင်တာနဲ့ စာချုပ်ကိစ္စကို သေချာ ဆွေးနွေးသွားတော့မှာပဲ ဖြစ်ပါတယ်။

Exit mobile version