ဆော်ဒီစူပါလိဂ်ပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံ အယ်လ်အီတီဟတ်အသင်းဟာ ဝါရင့် ပြင်သစ် တိုက်စစ်ကစားသမားကြီး ကာရန်ဘန်ဇီမာကို ခေါ်ယူနိုင်ခဲ့ပြီးနောက်မှာ နောက်ထပ် ပြင်သစ် ကစားသမားတစ်ဦးဖြစ်သူ ကွင်းလယ်လူ အန်ဂိုလိုကန်တေကိုပါ ထပ်မံ ခေါ်ယူနိုင်ဖို့ အခြေအနေကောင်းနေပြီလို့ သိရပါတယ်။

N'Golo Kante to Al-Ittihad is on! Chelsea star will sign €100m-per-year  deal to join Cristiano Ronaldo & Karim Benzema in Saudi Pro League |  Goal.com US

Photo Credit : Goal

ဘောလုံးအပြောင်းအရွှေ့နဲ့ ပတ်သက်ရင် စိတ်ချ ယုံကြည်ရတဲ့ သတင်းထောက် ဖာဘရီဇီယိုရိုမာနိုရဲ့ ဖော်ပြချက်တွေအရ ကန်တေဟာ အယ်လ်အီတီဟတ်အသင်းဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိဖို့အတွက် အလွန် နီးစပ်နေပြီလို့ သိရပါတယ်။ နောက်ဆုံး အသေးစိတ် အချက်အလက်များကို ဆွေးနွေးပြီးတာနဲ့ ကမ်းလှမ်းမှုကို လက်ခံသွားမယ်လို့လည်း သိရပါတယ်။ လက်ရှိမှာလည်း အယ်လ်အီတီဟတ်အသင်းရဲ့ ဒါရိုက်တာတွေက လန်ဒန်မြို့ကို ရောက်ရှိနေပြီဖြစ်ပြီး စာရွှက်စာတမ်းတွေ ပြင်ဆင်ဖို့အတွက် PIF ဆော်ဒီကိုယ်စားလှယ် အဖွဲ့နဲ့လည်း ချိတ်ဆက်နေပါတယ်။

Photo Credit : The Transfer Room

အယ်လ်အီတီဟတ်အသင်းဘက်ကတော့ ကမ္ဘာ့ချန်ပီယံဟောင်း ကစားသမား ကန်တေအတွက် တစ်နှစ်လုပ်ခ ယူရိုသန်း(၁၀၀)အထိ ပေးချေသွားဖို့ စီစဉ်ထားပြီး ၂၀၂၅ခုနှစ်အထိလည်း စာချုပ်ချုပ်ဆိုသွားမယ်လို့ သိရပါတယ်။ ဒီရာသီမှာ ဆော်ဒီအမှတ်ပေးလိဂ်ဖလားကို ဆွတ်ခူးထားတဲ့ အယ်လ်အီတီဟတ်အသင်းဟာ စပါး နဲ့ ဝုလ်ဗ်နည်းပြဟောင်း နူနိုဆန်းတို့စ် ကိုင်တွယ်နေတဲ့ ကလပ်အသင်းဖြစ်ပြီး မနေ့ကပဲ ရီးယဲလ်မက်ဒရစ်ရဲ့ တိုက်စစ်ကစားသမားကြီး ဘန်ဇီမာကို တစ်နှစ်လုပ်ခ ယူရိုသန်း(၂၀၀)နဲ့ ခေါ်ယူထားခဲ့တာ ဖြစ်ပါတယ်။ ဒီနွေမှာတော့ ဆော်ဒီကလပ်အသင်းတွေအနေနဲ့ ထိပ်တန်း ကစားသမား ခေါ်ယူမှုတွေကို အရှိန်အဟုန်မြင့် လုပ်ဆောင်သွားဖို့ ရှိနေပြီး အယ်လ်ဟီလဲလ်အသင်းဆိုရင်လည်း လီယွန်နယ်မက်ဆီကို အရ ခေါ်ယူနိုင်ဖို့ ကြိုးပမ်းနေသလို ခရစ္စတီယာနိုရော်နယ်လ်ဒိုရဲ့ အယ်လ်နာဆာအသင်းဟာလည်း ဇာဟာကို ခေါ်ယူဖို့ လုပ်ဆောင်လျက် ရှိနေပါတယ်။