ဆော်ဒီ ထိပ်သီးကလပ် အယ်လ်ဟီလယ်အသင်းကတော့ ဒီဈေးကွက်ထဲမှာ အသင်းအတွက် ထိပ်တန်း ကစားသမား ခေါ်ယူမှုတွေကို လုပ်ဆောင်ဖို့ ကြိုးပမ်းလျက် ရှိနေရာ အခုတော့ ဝုလ်ဗ်အသင်းရဲ့ ပေါ်တူဂီ ကွင်းလယ်ကစားသမား ရူဘင်နေးဗက်စ်ကို ယူရို (၅၅)သန်းနဲ့ ခေါ်ယူနိုင်ခဲ့ပြီဖြစ်ပြီး ကူလီဘလီကိုပါ ထပ်မံ ကြိုးပမ်းသွားဖို့လည်း ရှိနေပါတယ်။

Rúben Neves lämnar Wolves… :: Speltipsochdesign

Photo Credit : Clutch Points

ဈေးကွက်အစမှာ GOAT ကြီး လီယွန်နယ်မက်ဆီကို ကမ္ဘာ့စံချိန်တင် တစ်နှစ်လုပ်ခ အမြောက်အများနဲ့ ခေါ်ယူဖို့ ကမ်းလှမ်းခဲ့သေးတဲ့ ဆော်ဒီ အမှတ်ပေးလိဂ် ချန်ပီယံဟောင်း အယ်လ်ဟီလယ်ဟာ မက်ဆီကို မခေါ်ယူနိုင်ခဲ့လို့ နေမာ မာရက်ဇ်တို့ကို ထပ်မံ ကြိုးပမ်းခဲ့သေးပေမယ့်လည်း မအောင်မြင်ခဲ့တာကြောင့် နောက်ပိုင်းမှာ ပေါ်တူဂီ ကွင်းလယ်လူ နေးဗက်စ်ကို ကြိုးပမ်းလာခဲ့ပါတယ်။ အယ်လ်ဟီလယ်ရဲ့ နေးဗက်စ်ကို ကြိုးပမ်းမှုကတော့ အဆင်ပြေသွားခဲ့ရပြီး ပြောင်းရွှေ့ကြေး ယူရို (၅၅)သန်းနဲ့ ခေါ်ယူလိုက်နိုင်သလို ၂၀၂၆ခုနှစ် ဇွန်လအထိ စာချုပ်ချုပ်ဆိုဖို့ပါ သဘောတူညီမှု ရရှိခဲ့ပါတယ်။

Photo Credit : Record

ဆော်ဒီကလပ်အသင်းတွေ တော်တော်များများ ဥရောပရဲ့ ထိပ်တန်း ကစားသမားတွေကို အလွတ် ပြောင်းရွှေ့ကြေးတွေနဲ့ ခေါ်ယူတာဖြစ်ပြီး ကစားသမားအတွက် လစာ ပေးချေမှသာ ဥရောပမှာ မရနိုင်လောက်တဲ့ လစာမျိုးကို ပေးချေတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အယ်လ်ဟီလယ်ကတော့ နေးဗက်စ်အတွက် ပြောင်းရွှေ့ကြေးကို ယူရို (၅၅)သန်းအထိ အသုံးပြုခဲ့ပြီး လစာကိုလည်း အမြောက်အများ ပေးဆောင်သွားမှာလည်း ဖြစ်ပါတယ်။

အခု နေးဗက်စ်ကို ခေါ်ယူထားပြီးတဲ့ အယ်လ်ဟီလယ်ဟာ နောက်ထပ် mega signing အဖြစ် ချယ်လ်ဆီးအသင်းရဲ့ ဆီနီဂေါ ကျောက်ဆောင် ခံစစ်ကစားသမား ကာလီဒိုကူလီဘလီကိုပါ ထပ်မံ ခေါ်ယူသွားဖို့ ကြိုးပမ်းသွားဖို့ ရှိနေပြီး ဒီကစားသမားအတွက်ကိုလည်း ပြောင်းရွှေ့ကြေးတချို့နဲ့ ကမ်းလှမ်းသွားဖွယ်လည်း ရှိနေပါတယ်။