ဘိုင်ယန်မြူးနစ်အသင်းကတော့ ဒီနွေဈေးကွက်မှာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ပစ်မှတ်တွေကိုပဲ ရွေးပြီး ပစ်မှတ်ထားနေသလားလို့တောင် ထင်ရလောက်အောင်ပါပဲ။ ကင်မင်ဂျေး ကိုလိုမူအာနီတို့အပြီး အခုလည်း ဟွိုက်လန်းကိုပါ ထပ်မံ ချိန်ရွယ်လာခဲ့ပြန်ပါတယ်။

Who is Rasmus Hojlund? Arsenal face Real Madrid competition for 'next  Erling Haaland' transfer - football.london

Photo Credit : Football London

ဘိုင်ယန်မြူးနစ်က အသင်းရဲ့ အားအထာရဆုံး တိုက်စစ်ကစားသမား ရောဘတ်လီဝန်ဒေါစကီးကို ဘာစီလိုနာဆီ ရောင်းချပြီး ဆာဒီယိုမာနေးကို ပြန်လည် ခေါ်ယူထားခဲ့ပေမယ့် မာနေးက ဘိုင်ယန်မှာ မျှော်လင့်ထားသလို မဖြစ်လာတဲ့အပြင် အသင်းဖော် ဆာနေးနဲ့ပါ ပြသာနာတွေ ဖြစ်ပွားထားသေးတာတွေကြောင့် အသင်းကနေ ပြန်လည် ရောင်းထုတ်ချင်နေပါတယ်။ ဒီလို အခြေအနေတွေကြောင့် ဘိုင်ယန်က အသင်းတိုက်စစ်အတွက် ကစားသမားသစ် ထပ်မံ အားဖြည့်ဖို့ စီစဉ်လာခဲ့ရပြီး လက်ရှိမှာတော့ ဟွိုက်လန်းကို မျက်စိကျနေပါတယ်။

Photo Credit : Man Utd News

အသက် (၂၀)အရွယ်သာ ရှိနေသေးတဲ့ အတ္တလန်တာအသင်းရဲ့ ဒိန်းမတ် တိုက်စစ်ကစားသမားလေး ဟွိုက်လန်းဟာ အရည်အသွေးမြင့် ဆယ်ကျော်သက် talented player လေးတစ်ဦးဖြစ်ပြီး လတ်တလောမှာ မန်ချက်စတာယူနိုက်တက်နဲ့ သတင်းအထွက်ဆုံးသူလည်း ဖြစ်နေပါတယ်။ ဟွိုက်လန်းကိုယ်တိုင်ကလည်း ယူနိုက်တက်လို အသင်းကြီး တစ်သင်းဆီကို ပြောင်းရွှေ့ကစားချင်ကြောင်း ဝန်ခံထားခဲ့ပြီး ယူနိုက်တက်ရဲ့ စိတ်ဝင်စားမှုကိုလည်း သဘောကျလို့နေပါတယ်။

Photo Credit : Sportbuzzer

ဒါပေမယ့် ယူနိုက်တက်ဘက်က ကမ်းလှမ်းမှုတွေ ပြုလုပ်လာခြင်း မရှိသလို အတ္တလန်တာကပါ ယူနိုက်တက်အနေနဲ့ သူတို့ ကစားသမားကို ခေါ်ယူချင်ရင် မြင့်မားတဲ့ ပြောင်းရွှေ့ကြေးမျိုးနဲ့ ကမ်းလှမ်းရမယ်လို့ သတိပေးထားတဲ့အတွက် ယူနိုက်တက်တို့ အခက်တွေ့နေရပါတယ်။ ဒီအချိန်မှာ ဘိုင်ယန်ဘက်က အသင်း တိုက်စစ်ပိုင်းအတွက် စောင့်ကြည့်နေတဲ့ ကစားသမားစာရင်းမှာ ဟွိုက်လန်းကိုပါ ထည့်သွင်းလာခဲ့ပြီး ယူနိုက်တက် ပစ်မှတ် ကင်မင်ဂျေးကို ကြားဖြတ် ကြိုးပမ်းခဲ့သလို ဟွိုက်လန်းကိုပါ ကြိုးပမ်းသွားဖွယ် ရှိနေပါတယ်။