လာမယ့်၂၀၂၂ခုနှစ်မှာ အရှေ့အလယ်ပိုင်းနိုင်ငံတစ်ခုဖြစ်တဲ့ ကာတာနိုင်ငံအတွင်းမှာ ကျင်းပပြုလုပ်သွားမယ့် ၂၀၂၂ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အာဖရိကဇုန်ကနေ ဝင်ရောက်ယှဉ်ပြိုင်ကစားနိုင်ဖို့ကို အာဖရိကအသင်းပေါင်း အသင်းပေါင်း၄၀ကို မဲခွဲခဲ့ရမှာ နာမည်ကျော်အီဂျစ်အသင်းက အုပ်စု F မှာ အာဆင်နယ်တိုက်စစ်ကစားသမား အူဘာမီယန်း ပါဝင်လို့နေတဲဲ့ ဂါဘွန်လက်ရွေးစင်အသင်းနဲ့ တစ်အုပ်စုတည်းမှာ ကျရောက်လို့နေပြီး နာမည်ကြီး အာဖရိကအသင်းတော်တော်များများကလည်း တစ်အုပ်စုတည်းမှာ ထိပ်တိုက်တွေ့ဆုံလို့နေပါတယ်။
Photo Credit : BeSoccer
အာဖရိကဘောလုံးအဖွဲ့ချုပ်ရဲဲ့ ၂၀၂၂ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲ အာဖရိကဇုန်ခြေစစ်ပွဲဲ အုပ်စုအဆင့် မဲဲခွဲပွဲကို အီဂျစ်နိုင်ငံ ကိုင်ရိုမြို့မှာ ကျင်းပပြုလုပ်ခဲ့ပြီး အသင်း၄သင်းဆီကို အုပ်စု၁၀စုစီနဲဲ့ ခွဲဝေပေးခဲ့ရာမှာ ဆာလာတို့ရဲ့ အီဂျစ်အသင်းက အူဘာမီယန်းရဲ့ ဂါဘွန်အသင်းက တစ်အုပ်စုတည်းကျရောက်နေသလို နာမည်ကြီး အာဖရိကအသင်းနှစ်သင်းဖြစ်တဲဲ့ ကင်မရွန်းနဲ့ အိုင်ဗရီကို့စ်တို့ကလည်း အုပ်စုDမှာ အတူတကွ ကျရောက်လို့နေပါတယ်။ အုပ်စုအဆင့် မဲခွဲမှုရလဒ်တွေအရ
အုပ်စု(A) – အယ်ဂျီရီးယား ဘာကီနာဖာဆို နိုင်ဂျာ ဒီဘူတီ
အုပ်စု(B) – တူနီရှား ဇမ်ဘီယာ အရှေ့ဂီနီ မာရိန်တေးနီးယား
အုပ်စု( C  ) – နိုင်ဂျီးရီးယား ကိတ်ဗာဒီ အလယ်အာဖရိက လိုက်ဘေးရီးယား
အုပ်စု(D) – ကင်မရွန်း အိုင်ဗရီကို့စ် မိုဇမ်ဘတ် မာလဝီ
အုပ်စု (E ) – မာလီ ယူဂန်ဒါ ကင်ညာ ရဝန်ဒါ
အုပ်စု(F) – အီဂျစ် ဂါဘွန် လစ်ဗျား အန်ဂိုလာ
အုပ်စု(G) – ဂါနာ တောင်အာဖရိက ဇင်ဘာဗွေ အီသိုယိုးပီးယား
အုပ်စု(H) – ဆီနီဂေါ ကွန်ဂို နန်ဘီးယား တိုဂို
အုပ်စု(I) – မော်ရိုကို ဂီနီ ဂီနီဘစ်ဆာ ဆူဒန်
အုပ်စု(J) – ဒီအာကွန်ဂို ဘီနင် မာဒါဂတ်စကာ တန်ဇန်နီးယား
Photo Credit : Twitter
တကယ်တော့ ဒါဟာ အာဖရိကဇုန်ရဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ ဒုတိယအဆင့် ခြေစစ်ပွဲဖြစ်ပြီး ပထမအဆင့် ခြေစစ်ပွဲကိုတော့ World Ranking နိမ့်တဲဲ့ အသင်း၂၆သင်းကို အိမ်ကွင်းအဝေးကွင်း ကစားခဲ့ရာကနေ ၁၄သင်းက ဒုတိယအဆင့်ကို ရောက်လာခဲ့တာဖြစ်ကာ စုစုပေါင်း အသင်း၄၀က လာမယ့်အောက်တိုဘာလကနေစတင်ပြီး ခြေစစ်ပွဲတွေကို ယှဉ်ပြိုင်ကစားမှာပဲဖြစ်ပါတယ်။
(Zawgyi)
ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ တစ်အုပ်စုတည်း ပြိုင်ဘက်တွေအဖြစ် ရင်ဆိုင်ရမယ့် ဆာလာနဲ့အူဘာ
လာမယ့်၂၀၂၂ခုနှစ်မှာ အရှေ့အလယ်ပိုင်းနိုင်ငံတစ်ခုဖြစ်တဲ့ ကာတာနိုင်ငံအတွင်းမှာ ကျင်းပပြုလုပ်သွားမယ့် ၂၀၂၂ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အာဖရိကဇုန်ကနေ ဝင်ရောက်ယှဉ်ပြိုင်ကစားနိုင်ဖို့ကို အာဖရိကအသင်းပေါင်း အသင်းပေါင်း၄၀ကို မဲခွဲခဲ့ရမှာ နာမည်ကျော်အီဂျစ်အသင်းက အုပ်စု F မှာ အာဆင်နယ်တိုက်စစ်ကစားသမား အူဘာမီယန်း ပါဝင်လို့နေတဲ့ ဂါဘွန်လက်ရွေးစင်အသင်းနဲ့ တစ်အုပ်စုတည်းမှာ ကျရောက်လို့နေပြီး နာမည်ကြီး အာဖရိကအသင်းတော်တော်များများကလည်း တစ်အုပ်စုတည်းမှာ ထိပ်တိုက်တွေ့ဆုံလို့နေပါတယ်။
Photo Credit : BeSoccer
Photo Credit : Twitter
တကယ်တော့ ဒါဟာ အာဖရိကဇုန်ရဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ ဒုတိယအဆင့် ခြေစစ်ပွဲဖြစ်ပြီး ပထမအဆင့် ခြေစစ်ပွဲကိုတော့ World Ranking နိမ့်တဲ့ အသင်း၂၆သင်းကို အိမ်ကွင်းအဝေးကွင်း ကစားခဲ့ရာကနေ ၁၄သင်းက ဒုတိယအဆင့်ကို ရောက်လာခဲ့တာဖြစ်ကာ စုစုပေါင်း အသင်း၄၀က လာမယ့်အောက်တိုဘာလကနေစတင်ပြီး ခြေစစ်ပွဲတွေကို ယှဉ်ပြိုင်ကစားမှာပဲဖြစ်ပါတယ်။