Photo Credit : AFP.com
ပြီးခဲ့တဲ့ နောက်ဆုံးတစ်ကြိမ်တုန်းက အီဂျစ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ ၂၀၁၉ခုနှစ် အာဖရိကနိုင်ငံများဖလားပြိုင်ပွဲဟာ ကလပ်အသင်းတွေရဲ့ ဘောလုံးရာသီအပြီးဖြစ်တဲ့ ဇွန်လနဲ့ဇူလိုင်လတွေမှာ ကျင်းပခဲ့တာဖြစ်လို့ ကလပ်အသင်းတွေအတွက် အဆင်ပြေချော့မွေစေခဲ့ရပေမယ့် ၂၀၂၁ခုနှစ်မှာ ကျင်းပပြုလုပ်သွားမယ့် အာဖရိကဖလားပြိုင်ပွဲကိုတော့ ၂၀၂၁ ဇန်နဝါရီ ၉ရက်နေ့ကနေ ဖေဖော်ဝါရီလ ၆ရက်နေ့အထိ ကျင်းပမှာဖြစ်လို့ အာဖရိက ကစားသမားတွေများစွာ ပိုင်ဆိုင်ထားရတဲ့ ကလပ်အသင်းတွေအတွက် အကျပ်ရိုက်စရာ ဖြစ်လာနိုင်ပြီး သက်ရောက်မှုတွေ များစွာလည်းရှိလာနိုင်ပါတယ်။
(Unicode)
၂၀၂၁ အာဖရိကဖလားပြိုင်ပွဲကြောင့် ပရီးမီးယားလိဂ်အသင်းများ အခက်အခဲကြုံရနိုင်
၂၀၂၁ခုနှစ် အာဖရိကနိုင်ငံများဖလားပြိုင်ပွဲကတော့ နာမည်ကျော်အာဖရိကအသင်းကြီးဖြစ်တဲ့ ကင်မရွန်းနိုင်ငံမှာ ကျင်းပမှာဖြစ်ပြီးတော့ ယခင်ကျင်းပနေတဲ့ ကာလကိုပြောင်းလဲကျင်းပမှာဖြစ်လို့ ပရီးမီးယားလိဂ်အပါအဝင် အာဖရိက ကစားသမားတွေကို ပိုင်ဆိုင်လို့ထားတဲ့ တခြားလိဂ်က အသင်းတွေအတွက်လည်း ခေါင်းခြောက်စရာ ဖြစ်လာနိုင်ပါတယ်။ ကင်မရွန်းနိုင်ငံ လာမယ့်နှစ်မှာ ပြုလုပ်သွားမယ့် အာဖရိကဖလားပြိုင်ပွဲကြီးကို ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလတွေမှာ ပြောင်းလဲကျင်းပမှာဖြစ်လို့ ကလပ်အသင်းတွေအနေနဲ့ အာဖရိက ကစားသမားတော်တော်များများကို ရက်သတ္တပတ်များစွာ လက်လွတ်ရတော့မှာဖြစ်ပါတယ်။
Photo Credit : AFP.com
ပြီးခဲဲ့တဲ့ နောက်ဆုံးတစ်ကြိမ်တုန်းက အီဂျစ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ ၂၀၁၉ခုနှစ် အာဖရိကနိုင်ငံများဖလားပြိုင်ပွဲဟာ ကလပ်အသင်းတွေရဲ့ ဘောလုံးရာသီအပြီးဖြစ်တဲ့ ဇွန်လနဲဲ့ဇူလိုင်လတွေမှာ ကျင်းပခဲ့တာဖြစ်လို့ ကလပ်အသင်းတွေအတွက် အဆင်ပြေချော့မွေစေခဲ့ရပေမယ့် ၂၀၂၁ခုနှစ်မှာ ကျင်းပပြုလုပ်သွားမယ့် အာဖရိကဖလားပြိုင်ပွဲဲကိုတော့ ၂၀၂၁ ဇန်နဝါရီ ၉ရက်နေ့ကနေ ဖေဖော်ဝါရီလ ၆ရက်နေ့အထိ ကျင်းပမှာဖြစ်လို့ အာဖရိက ကစားသမားတွေများစွာ ပိုင်ဆိုင်ထားရတဲဲ့ ကလပ်အသင်းတွေအတွက် အကျပ်ရိုက်စရာ ဖြစ်လာနိုင်ပြီး သက်ရောက်မှုတွေ များစွာလည်းရှိလာနိုင်ပါတယ်။
Photo Credit : theSocre.com
ကင်မရွန်းဘောလုံးအဖွဲ့ချုပ်ဖြစ်တဲ့ Facefoot ရဲ့ထုတ်ပြန်ချက်အရ အခုလို ပြိုင်ပွဲကာလ ပြောင်းလဲကျင်းပရတာက နိုင်ငံရဲ့ရာသီဥတုအခြေအနေကြောင့်ဖြစ်ပြီး ဇွန် ဇူလိုင်ကာလက နိုင်ငံအတွင်း အပူချိန်မြင့်မားလွန်းတဲ့အတွက်ကြောင့်ဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့် အခုပြောင်းလဲလိုက်တဲ့အချိန်က ကလပ်အသင်းတွေအတွက် ဘောလုံးရာသီဝက်အချိန် ဖြစ်လို့နေပြီး အသင်းတိုင်းအတွက် အရေးပါလှတဲ့အချိန်ဖြစ်နေတာမို့ အာဖရိက ကစားသမားတွေကို အားထားနေရတဲ့ ကလပ်အသင်းတွေအတွက် ခေါင်းခဲစေနိုင်ပါတယ်။ အာဖရိက ကစားသမားတွေကလည်း ပရီးမီးယားလိဂ် စီးရီးအေ လာလီဂါအစရှိတဲဲ့ ထိပ်တန်းအမှတ်ပေးလိဂ်တွေအသီးသီးမှာ ပါဝင်ကစားနေကြပြီး ထိပ်သီးကစားသမားတွေများစွာက အင်္ဂလန်မှာ ကစားနေကြတာဖြစ်လို့ ပရီးမီးယားလိဂ်အသင်းတွေအတွက် သက်ရောက်မှုကြီးမားနိုင်ပါတယ်။ လက်ရှိမှာတော့ လီဗာပူးလ်အသင်းက ဆာလာ မာနေး ကီတာတို့လို ထိပ်တန်းအာဖရိက ကစားသမားတွေကို ပိုင်ဆိုင်ထားသလို အာဆင်နယ်မှာ အူဘာမီယန်း ပေပေ မန်စီးတီးမှာ မာရက်ဇ် မန်ချက်စတာယူနိုက်တက်မှာ ဘိုင်လီ လက်စတာအသင်းမှာ အမ်ဒီဒီ စပါးအသင်းမှာ အော်ရီယာတို့လို အာဖရိက ကစားသမားတွေရှိနေလို့ အခုုလို ပြောင်းလဲကျင်းပမှုက ဒီအသင်းအပေါ် ရိုက်ခတ်မှုတွေ ဖြစ်လာနိုင်ပါတယ်။