ရာသီအစမွာ အသင္းရဲ့အဓိက ဂိုးသမား အယ္လီဆင္ ဒဏ္ရာရခဲ့တာေၾကာင့္ လီဗာပူးလ္အသင္းရဲ့ ကတိုက္ကရိုက္ေခၚယူျခင္းကို ခံခဲ့ရတဲ့ ဝါရင့္ဂိုးသမားႀကီး အက္ဒရီယန္ကေတာ့ လက္ရွိအခ်ိန္မွာ သူ႔ရဲ့ ကစားသမားဘဝမွာ အထူးျခားဆုံး အခိုက္အတန႔္တစ္ခုကို ရရွိေနတဲ့သူဆိုရင္ မမွားပါဘူး။

Photo Credit: Express.com

ကစားသမားဘဝမွာ အသင္းငယ္ေတြမွာပဲ အခ်ိန္ကုန္ခဲ့ရတဲ့ ဂိုးသမား အက္ဒရီယန္ဟာ လက္ရွိေဘာလုံးရာသီမွာေတာ့ လီဗာပူးလ္နဲ႔အတူ ဥေရာပစူပါဖလား ၊ ကမၻာ့ကလပ္ဖလားစတဲ့ ကစားသမားတိုင္း လိုခ်င္တဲ့ ဆုဖလားေတြကို ရရွိခဲ့သူပါ။ လက္ရွိမွာေတာ့ အက္ဒရီယန္က သူ႔ကို ယုံယုံၾကည္ၾကည္နဲ႔ေခၚယူခဲ့တဲ့ နည္းၿပ ကေလာ့ပ္ဟာ ကမၻာ့အေကာင္းဆုံးနည္းၿပ တစ္ဦးျဖစ္ပါတယ္လို႔ ခ်ီးက်ဴးေျပာဆိုသြားခဲ့ပါတယ္။

Photo Credit: Express.com

လက္ရွိေဘာလုံးရာသီမွာ ကေလာ့ပ္ရဲ့ ဦးေဆာင္မွုနဲ႔အတူ လီဗာပူးလ္အသင္းဟာ ပရီးမီးယားလိဂ္ဖလားကို ရယူဖို႔အတြက္ အေကာင္းဆုံးအေနအထားတစ္ခုမွာ ရွိေနသလို ရွုံးပြဲမရွိ စံခ်ိန္မွတ္တမ္းတစ္ခုနဲ႔ ပရီးမီးယားလိဂ္ ခ်န္ပီယံဆုကို ရယူဖို႔အတြက္ အေျခအေနေကာင္းလို႔ ေနပါတယ္။ ဒါ့ေၾကာင့္လည္း အက္ဒရီယန္က ကေလာ့ပ္ကို ကမၻာ့အေကာင္းဆုံးနည္းျပလို႔ ခ်ီးက်ဴးသြားခဲ့တာလည္း ျဖစ္ပါတယ္။

Photo Credit: Express.com

ကေလာ့ပ္ရဲ့စြမ္းေဆာင္ရည္နဲ႔ ပတ္သတ္ၿပီး အက္ဒရီယန္က ” အခုခ်ိန္မွာ ကၽြန္ေတာ္ ေျပာနိုင္တာကေတာ့ ကေလာ့ပ္ဟာ အေကာင္းဆုံး နည္းျပျဖစ္ၿပီဆိုတာပါပဲ။ လူတိုင္းဟာ သူ႔ရဲ့ အေနာက္မွာပဲ ရွိေနမွာပါ။ ကၽြန္ေတာ္တို႔ဟာ အခုခ်ိန္မွာ ေက်ာက္တုံးတစ္တုံးလို ျဖစ္ေနပါၿပီ။ ဘာလို႔လည္းဆိုေတာ့ ေက်ာက္တုံးကို ဖ်က္ဆီးဖို႔က ခက္ခဲတယ္ေလ ” လို႔ ခ်ီးက်ဴးေျပာဆိုသြားခဲ့တာပါ။

ရာသီအစမှာ အသင်းရဲ့အဓိက ဂိုးသမား အယ်လီဆင် ဒဏ်ရာရခဲ့တာကြောင့် လီဗာပူးလ်အသင်းရဲ့ ကတိုက်ကရိုက်ခေါ်ယူခြင်းကို ခံခဲ့ရတဲ့ ဝါရင့်ဂိုးသမားကြီး အက်ဒရီယန်ကတော့ လက်ရှိအချိန်မှာ သူ့ရဲ့ ကစားသမားဘဝမှာ အထူးခြားဆုံး အခိုက်အတန့်တစ်ခုကို ရရှိနေတဲ့သူဆိုရင် မမှားပါဘူး။

Photo Credit: Express.com

ကစားသမားဘဝမှာ အသင်းငယ်တွေမှာပဲ အချိန်ကုန်ခဲ့ရတဲ့ ဂိုးသမား အက်ဒရီယန်ဟာ လက်ရှိဘောလုံးရာသီမှာတော့ လီဗာပူးလ်နဲ့အတူ ဥရောပစူပါဖလား ၊ ကမ္ဘာ့ကလပ်ဖလားစတဲ့ ကစားသမားတိုင်း လိုချင်တဲ့ ဆုဖလားတွေကို ရရှိခဲ့သူပါ။ လက်ရှိမှာတော့ အက်ဒရီယန်က သူ့ကို ယုံယုံကြည်ကြည်နဲ့ခေါ်ယူခဲ့တဲ့ နည်းပြ ကလော့ပ်ဟာ ကမ္ဘာ့အကောင်းဆုံးနည်းပြ တစ်ဦးဖြစ်ပါတယ်လို့ ချီးကျူးပြောဆိုသွားခဲ့ပါတယ်။

Photo Credit: Express.com

လက်ရှိဘောလုံးရာသီမှာ ကလော့ပ်ရဲ့ ဦးဆောင်မှုနဲ့အတူ လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ်ဖလားကို ရယူဖို့အတွက် အကောင်းဆုံးအနေအထားတစ်ခုမှာ ရှိနေသလို ရှုံးပွဲမရှိ စံချိန်မှတ်တမ်းတစ်ခုနဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရယူဖို့အတွက် အခြေအနေကောင်းလို့ နေပါတယ်။ ဒါ့ကြောင့်လည်း အက်ဒရီယန်က ကလော့ပ်ကို ကမ္ဘာ့အကောင်းဆုံးနည်းပြလို့ ချီးကျူးသွားခဲ့တာလည်း ဖြစ်ပါတယ်။

Photo Credit: Express.com

ကလော့ပ်ရဲ့စွမ်းဆောင်ရည်နဲ့ ပတ်သတ်ပြီး အက်ဒရီယန်က ” အခုချိန်မှာ ကျွန်တော် ပြောနိုင်တာကတော့ ကလော့ပ်ဟာ အကောင်းဆုံး နည်းပြဖြစ်ပြီဆိုတာပါပဲ။ လူတိုင်းဟာ သူ့ရဲ့ အနောက်မှာပဲ ရှိနေမှာပါ။ ကျွန်တော်တို့ဟာ အခုချိန်မှာ ကျောက်တုံးတစ်တုံးလို ဖြစ်နေပါပြီ။ ဘာလို့လည်းဆိုတော့ ကျောက်တုံးကို ဖျက်ဆီးဖို့က ခက်ခဲတယ်လေ ” လို့ ချီးကျူးပြောဆိုသွားခဲ့တာပါ။