နည်းပြ ဆာရီရဲ့ ဂျုဗင်တပ်အသင်းဟာ အသင်းရဲ့ တိုက်စစ်မှူး ရော်နယ်ဒိုနဲ့ တွဲကစားဖို့အတွက် လက်ရှိရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ခြေစွမ်းပြနေတဲ့ ဝုဗ်လ်အသင်းရဲ့ တောင်ပံ ကစားသမား ထရာအိုရေးကို ဂျုဗင်တပ် ကစားသမား (၃) ဦးနဲ့ အလဲအထပ် ပြုလုပ်ပြီး ခေါ်ယူချင်နေတာပဲ ဖြစ်ပါတယ်။ တောင်ပံ ကစားသမား ထရာအိုရေးဟာ လက်ရှိရာသီမှာလည်းပဲ နည်းပြ နူနိုရဲ့ ဝုဗ်လ်အသင်းအတွက် ခြေစွမ်းပြ ကစားနေလျက် ရှိပြီး လက်ရှိရာသီမှာ ပြိုင်ပွဲစုံ ပွဲစဉ် (၄၈) ပွဲ ကစားခဲ့ပြီးတဲ့ အချိန်မှာ သွင်းဂိုး (၆) ဂိုး နဲ့ ဂိုးဖန်တီးမှု (၁၂) ကြိမ်အထိ ပြုလုပ်ပေးထားနိုင်တာပဲ ဖြစ်ပါတယ်။

Photo Credit: TheSun

 

အသက် (၂၄) နှစ်အရွယ် တောင်ပံ ကစားသမား ထရာအိုရေးဟာ ဝုဗ်လ်အသင်းနဲ့ စာချုပ် (၃) နှစ် ကျန်နေသေးတာ ဖြစ်ပေမယ့်လည်း ပရီးမီးယားလိဂ် ပြိုင်ပွဲက အသင်းကြီးတွေ ဖြစ်ကြတဲ့ မန်စီးတီး၊ လီဗာပူးလ် နဲ့ မန်ယူတို့အပြင် ဂျုဗင်တပ်ကလည်း စိတ်ဝင်စားနေတာပဲ ဖြစ်ပါတယ်။ နည်းပြ ဆာရီရဲ့ ဂျုဗင်တပ်အသင်းဟာ ထရာအိုရေးကို ခေါ်ယူနိုင်ချေ အရှိဆုံး အသင်း ဖြစ်ပြီး တောင်ပံ ကစားသမား ထရာအိုရေးကို ခေါ်ယူနိုင်ဖို့အတွက် အသင်းရဲ့ ကစားသမား (၃) ဦးနဲ့ ဝုဗ်လ်အသင်းကို ကမ်းလှမ်းသွားမှာ ဖြစ်တယ်လို့ ESPN သတင်းက ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

Photo Credit: TheSun

 

ဂျုဗင်တပ်အသင်းဟာ ထရာအိုရေးကို ခေါ်ယူနိုင်ဖို့ ဝုဗ်လ်အသင်းကို အသင်းရဲ့ နောက်ခံလူ ရူဂါနီ၊ ဂျီနိုအာအသင်းမှာ အငှားနဲ့ သွားကစားနေကြတဲ့ ဂိုးသမား ပီရင် နဲ့ နောက်တန်း ခံစစ်မှူး ရိုမီရိုတို့နဲ့ အလဲအလှယ် ပြုလုပ်ပြီး ကမ်းလှမ်းသွားမှာ ဖြစ်တယ်လို့ သတင်တွေ ထွက်လာပါတယ်။ ဂျုဗင်တပ်အသင်းဟာ ဝုဗ်လ်အသင်းက သတ်မှတ်ထားတဲ့ ထရာအိုရေးရဲ့ အပြောင်းအရွေ့ တန်ကြေး ပေါင် သန်း (၆၀) ကို ငွေသားနဲ့ ပေးနိုင်ဖို့ အခက်အခဲ ရှိနေတာကြောင့် အသင်းရဲ့ ကစားသမား (၃) ယောက်နဲ့ အလဲအထပ် ပြုလုပ်ပြီး ကမ်းလှမ်းဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။ တောင်ပံ ကစားသမား ထရာအိုရေးဟာ ဝုဗ်လ်အသင်းနဲ့ စာချုပ် (၃) နှစ် ကျန်သေးပေမယ့် အသင်းကြီးတွေရဲ့ မက်လုံးပေး ကမ်းလှမ်းမှုကို မတောင့်ခံနိုင်ဘူးဆိုရင် အသင်းပြောင်းနိုင်ပါတယ်။