MySport Myanmar

ချယ်လ်ဆီးကြယ်ပွင့် ပူလီဆစ်ကို အငှားနဲ့ ခေါ်ယူဖို့ ကြိုးစားနေတဲ့ အေစီမီလန်

အီတလီ စီးရီးအေ နာမည်ကြီးကလပ် အေစီမီလန်က သူတို့အသင်းရဲ့ တိုက်စစ်ပိုင်း အတွက် ချယ်လ်ဆီးကနေ ထွက်ခွာဖို့ စိုင်းပြင်းနေတဲ့ တောင်ပံတိုက်စစ် ကစားသမား ပူလီဆစ်ကို အငှားနဲ့ ခေါ်ယူရန် ကြိုးစားနေကြောင်း နာမည်ကြီး အီတလီ သတင်းထောက် ဒီမာဇီယိုက အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

အေစီမီလန်က ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ သူတို့ရဲ့ စီးရီးအေ ချန်ပီယံဘွဲ့ကို မကာကွယ်နိုင်ခဲ့ပေမယ့် အဆင့်၄နေရာနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ကို အမိအရ ရယူထားနိုင်တဲ့ အသင်း ဖြစ်ပြီး အေစီမီလန်ဟာ ယခု နွေဈေးကွက်အတွင်းမှာ အားကိုးရတဲ့ ကစားသမားတွေ ဖြစ်တဲ့ အီဘရာဟီမိုဗစ် ၊ ဘရာဟင် ဒီယက်ဇ် စတဲ့ ကစားသမားတွေကို ဆုံးရှုံးထားရတာကြောင့် တိုက်စစ်ပိုင်းကို မဖြစ်မနေ အင်အားဖြည့်တင်းဖို့ လိုအပ်နေပါတယ်။

Photo Credit: Goal

အေစီမီလန်ရဲ့ တိုက်စစ်ပိုင်းမှာ ဂျရူး ၊ ရီဘစ် ၊ အော်ရီဂီ ၊ ရာဖေးလ် လီယာအို ၊ ဆာလီမီကာ ၊ မက်စ်စီအာ စတဲ့ ကစားသမားတွေသာ ရှိနေပြီး ဂျရူးနဲ့ မက်စ်စီအာတို့က အသက်အရွယ်ကြောင့် အကျပိုင်းကို ရောက်နေကြသလို ရီဘစ် ၊ အော်ရီဂီနဲ့ ဆာလီမီကာတို့ကလည်း ယုံကြည်လို့ မရပါဘူး။

ဒါကြောင့်ပဲ အေစီမီလန်ရဲ့ တာဝန်ရှိသူတွေက မြန်နှုန်းမြင့်ကာ ပေါက်ကွဲအား ကောင်းတဲ့ ချယ်လ်ဆီးရဲ့ တောင်ပံတိုက်စစ် ကစားသမား ပူလီဆစ်ကို အငှားနဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေတာ ဖြစ်ပြီး ချယ်လ်ဆီးကလည်း ပူလီဆစ်ကို အသင်းကနေ ထွက်ခွာခွင့် ပေးထားပါတယ်။

Photo Credit: Inside Sports

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဒီမာဇီယိုရဲ့ ဖော်ပြချက်အရ အေစီမီလန်က ပူလီဆစ်ကို အငှားနဲ့ ခေါ်ယူနိုင်ဖို့ အတွက် ချယ်လ်ဆီးနဲ့ တရားဝင် ဆွေးနွေးမှုတွေ လုပ်ဆောင်ဖို့ ပြင်ဆင်နေပြီး ချယ်လ်ဆီးက ပူလီဆစ်ကို အပြီးသတ်သာ ရောင်းချချင်နေပေမယ့် ဝယ်လက်မရှိတာကြောင့် အေစီမီလန်နဲ့ ဆွေးနွေးမှုတွေ လုပ်ဖို့ သဘောတူထားကြောင်း သိရပါတယ်။

အေစီမီလန်ရဲ့ တာဝန်ရှိသူတွေက ချယ်လ်ဆီးနဲ့ တရားဝင် ဆွေးနွေးမှုတွေ လုပ်ဆောင်ဖို့ ဆွေးနွေးနေသလို တဖက်မှာလည်း ပူလီဆစ်ရဲ့ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံကာ ဆွေးနွေးမှုတွေ လုပ်ဆောင်ထားပြီး ပူလီဆစ်က အီတလီမြေဆီ ပြောင်းရွှေ့ ကစားဖို့ စိတ်ဝင်စားနေကြောင်းလည်း နီးစပ်သူတွေက ဆိုပါတယ်။

Exit mobile version