ချယ်လ်ဆီးအသင်းဟာ အေစီမီလန်အသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမား ရာဖေးလ်င်္လီယာအိုကို အသင်းဆီ အရ ခေါ်ယူသွားဖို့အတွက် စီစဉ်ထားလျက် ရှိနေတာကြောင့် ဆောင်းဈေးကွက် ပြန်ဖွင့်လှစ်မယ့် ဇန်နဝါရီလအတွင်းမှာပဲ တရားဝင် ကမ်းလှမ်းမှုတွေ လုပ်ဆောင်လာဖွယ် ရှိနိုင်တယ်လို့ သိရှိရပါတယ်။

Photo Credit :  We Ain’t Got Not History

နွေဈေးကွက်တုန်းက အူဘာမီယန်း ကူလီဘလီ ဖိုဖာနာ ကူကူရယ်လာ အစရှိတဲ့ ကစားသမားများစွာကို ပြောင်းရွှေ့ကြေးများစွာနဲ့ ခေါ်ယူထားခဲ့တဲ့ ချယ်လ်ဆီးအသင်းက အသင်းတိုက်စစ်ပိုင်းအတွက်ကိုပါ ပေါ်တူဂီကြယ်ပွင့် လီယာအိုကို ထပ်မံ အလိုရှိခဲ့သလို ကမ်းလှမ်းမှုပါ လုပ်ဆောင်ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် မီလန်ရဲ့ဒါရိုက်တာဖြစ်သူ ပေါ်လိုမာလ်ဒီနီက သူတို့ကစားသမား လီယာအိုအတွက် ချယ်လ်ဆီးရဲ့ ကမ်းလှမ်းချက်တွေကို ငြင်းဆန်ခဲ့ပြီး ကစားသမားကို ဆက်ထိန်းထားနိုင်ခဲ့သလို အသင်းမှာ ကာလရှည်ကြာ ဆက်ရှိနေဖို့အတွက်ပါ စာချုပ်သက်တမ်း တိုးမြှင့်အထိ ပြင်ဆင်လာခဲ့ပါတယ်။

Photo Credit :  Sports Illustrated

မီလန်ဘက်က လီယာအိုကို အသင်းမှာ ဆက်ထိန်းထားဖို့ ပြင်ဆင်လာခဲ့သလို ချယ်လ်ဆီးကလည်း သူတို့ရဲ့ပစ်မှတ် လီယာအိုကို အရ ခေါ်ယူနိုင်ဖို့အတွက် လက်မလျှော့သေးပဲ ထပ်မံ ကြိုးစားသွားဖို့ စီစဉ်လျက် ရှိနေပါတယ်။ မီလန်က လီယာအိုကို လက်ရှိ တစ်နှစ်လုပ်ခ ယူရို(၂)သန်းကနေ ယူရို(၆)သန်းအထိ တိုးပေးသွားဖို့ စီစဉ်နေပေမယ့် ကစားသမားကိုယ်တိုင်က ယူရို(၇)သန်းလောက်အထိ အလိုရှိနေတာကြောင့် ဆက်လက် ညှိနှိုင်းနေရဆဲဖြစ်ပြီး ဒီအခြေအနေကိုလည်း ချယ်လ်ဆီးဘက်က စောင့်ကြည့်လို့နေပါတယ်။ မီလန်က လီယာအိုကို ပေါင်သန်း(၁၀၀)လောက်အထိ သတ်မှတ်ထားပေမယ့် ချယ်လ်ဆီးက သူတို့ တကယ်အလိုရှိတဲ့ ကစားသမားတစ်ဦးအတွက် ပြောင်းရွှေ့ကြေးကို မတွန့်တိုပဲ အသုံးပြုတတ်တဲ့ ကလပ်အသင်း ဖြစ်နေတဲ့အပြင် လက်ရှိ တိုက်စ်စအစုအဖွဲ့အရ လီယာအိုကို ခေါ်ယူဖို့လည်း လိုအပ်တာကြောင့် ကြိုးပမ်းမှုတွေ သေချာလုပ်ဆောင်ဖွယ် ရှိနိုင်ပါတယ်။ ဒါ့အပြင် ချယ်လ်ဆီးက လီယာအိုကို ကမ်းလှမ်းရမှာလည်း မီလန်ဘက်က အလိုရှိနေတဲ့ ကစားသမားတစ်ဦးဖြစ်တဲ့ ဟာကင်ဇီယက်ရှ်ကိုပါ အပြောင်းအရွှေ့ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ်နဲ့ အလိုက်ပေး ကမ်းလှမ်းလာဖွယ် ရှိနိုင်တာကြောင့် ဒီလိုသာ ကမ်းလှမ်းလာမယ်ဆိုရင် မီလန်ဘက်က စဉ်းစားလာနိုင်ပါတယ်။ ချယ်လ်ဆီးရဲ့ အဓိကပစ်မှတ်ဖြစ်သူ လီယာအိုဟာ ဒီနှစ်ဘောလုံးရာသီမှာ မီလန်အတွက် ပြိုင်ပွဲစုံ (၈)ပွဲ ကစား (၃)ဂိုးသွင်း (၆)ဂိုးဖန်တီးထားနိုင်ခဲ့ပါတယ်။