အေစီမီလန်အသင်းရဲ့ နောက်ခံကစားသမား ဖီကာယိုတိုမော်ရီက ပြီးခဲ့တဲ့ weekend မှာ ဂျုဗင်တပ်စ်အသင်းကို အနိုင်ယူခဲ့ပြီးတဲ့နောက် ဆန်စီရိုမှာ ထပ်မံ ယှဉ်ပြိုင်ရမယ့် ချန်ပီယံလိဂ် အုပ်စုပွဲစဉ်အတွင်း ချယ်လ်ဆီးအသင်းကို ကလဲ့စားပြန်ချေသွားဖို့အတွက် ပြင်ဆင်သွားမယ်လို့ ကြုံးဝါးပြောဆိုလိုက်ပါတယ်။

Photo Credit : Football London

စီးရီးအေရဲ့ လက်ရှိချန်ပီယံ အေစီမီလန်အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲ အုပ်စုအဆင့် ပွဲစဉ်အတွင်း အဓိကပြိုင်ဘက်ဖြစ်တဲ့ ချယ်လ်ဆီးကို စတမ်းဖို့ဒ်ဘရစ်ချ်မှာ (၃)ဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့ပြီးနောက် ဆက်လက် ကစားခဲ့ရတဲ့ စီးရီးအေပွဲစဉ်မှာတော့ ဂျုဗင်တပ်စ်အသင်းကို ဂိုးပြတ်နဲ့ ပြန်လည် အနိုင်ယူခဲ့ပါတယ်။ ဂျုဗင်တပ်စ်အသင်းကို (၂)ဂိုးပြတ်နဲ့ အနိုင်ယူခဲ့တဲ့ စီးရီးအေပွဲစဉ်မှာတော့ မီလန်အတွက် ဗွေဆော်ဦးဂိုးကို သွင်းယူခဲ့တဲ့ နောက်ခံလူ တိုမော်ရီက သူ့အနေနဲ့ အသင်းဟောင်း ချယ်လ်ဆီးနဲ့ ထပ်မံ ရင်ဆိုင်ရမယ့် ပွဲစဉ်မှာပါ ချယ်လ်ဆီးကို ရှုံးကြွေးဆပ်သွားချင်တယ်လို့ ကြုံးဝါးပြောဆိုလိုက်ပါတယ်။

Photo Credit : Sempreinter

တိုမော်ရီက “ချယ်လ်ဆီးနဲ့ ပွဲစဉ်အပြီးမှာ ကျွန်တော် အရမ်းကို ဒေါသထွက်နေခဲ့တယ်။ ပြီးတော့ ဂျုဗင်တပ်စ်နဲ့ ပွဲစဉ်မှာ နိုင်ပွဲ ပြန်ယူဖို့အတွက်ကိုလည်း ကွင်းအတွင်းမှာ အရာအားလုံးကို ပေးဆပ်ချင်လာခဲ့တယ်။ ဒီပွဲမှာ ကျွန်တော် ဂိုးသွင်းခဲ့ပြီးတဲ့နောက် စိတ်လှုပ်ရှားပြီး ပျော်ရွှင်သွားခဲ့ရတယ်။ ပြီးတော့ လန်ဒန်ပွဲက ရလဒ်ကို ဖျက်ဆီးပစ်ချင်ပါတယ်။ အဲ့ဒီပွဲက ကျွန်တော်တို့အတွက် ဆိုးရွှားခဲ့တဲ့ ပွဲတစ်ပွဲပါ။ ပုံမှန်အတိုင်းကို မကစားနိုင်ခဲ့ဘူး။ ဒါပေမယ့် ဂျုဗင်တပ်စ်ပွဲကို အကောင်းဆုံး ပွဲတစ်ပွဲအဖြစ် ကစားပြီး အပြုသဘောနဲ့ တုံ့ပြန်နိုင်ခဲ့ပါတယ်။ ဒီနိုင်ပွဲက ချယ်လ်ဆီးနဲ့ပွဲမှာ ရှုံးနိမ့်မှုကို ရှောင်ရှားနိုင်ဖို့အတွက်နဲ့ လက်စားချေဖို့အတွက် ဒီနေရာကို ရောက်လာခဲ့တော့မှာပါ။ ကျွန်တော်က ပွဲစဉ်တိုင်းမှာ အမြဲတမ်း အကောင်းဆုံး ကြိုးစားနေပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်က ကျွန်တော်တို့ မအောင်မြင်ခဲ့ပါဘူး။ ဒါပေမယ့် ဘောလုံးက သင့်ကို နောက်ထပ် အခွင့်အရေးတစ်ခု ထပ်ပေးပြီး မနက်ဖြန်တွေမှာ အကောင်းဆုံးဖြစ်အောင် ကြိုးစားချင်ပါလိမ့်မယ်။ ကျွန်တော်တို့ အများကြီး ပိုကောင်းအောင် လုပ်ပြနိုင်မယ်ဆိုတာ သေချာပါတယ်။ ကျွန်တော်တို့ လှုံဆော်မှုတွေ မလိုအပ်ပါဘူး။ ပိုပြီးတော့ တွန်းအားပေးသွားမှာတော့ သေချာနေပါတယ်” လို့ ရှင်းလင်း ပြောဆိုသွားခဲ့ပါတယ်။