MySport Myanmar

လူကာကူကို အလိုရှိနေတဲ့ အသင်းတွေထဲမှာ အေစီမီလန်ပါ ပါဝင်လာ

လက်ရှိမှာ ကစားသမားဘဝ အနာဂတ် မရေမရာ ဖြစ်နေရတဲ့ ဘယ်လ်ဂျီယံ တိုက်စစ်ကစားသမား လူကာကူကို ဆော်ဒီ ကလပ်အသင်းတွေက အလိုရှိနေတဲ့အပြင် လူကာကူ ပါဝင်ကစားခဲ့ဖူးတဲ့ အင်တာမီလန်ရဲ့ ခါးသီး မြို့ခံပြိုင်ဘက် အေစီမီလန်အသင်းကပါ လူကာကူကို အံ့အားသင့်စဖွယ် စိတ်ဝင်စားလာခဲ့တယ်လို့ အီတလီ သတင်းစာ Gazzetta dello Sport ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Daily Mail

လူကာကူဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက အင်တာမီလန်အသင်းမှာ တစ်ရာသီ အငှားစာချုပ်နဲ့ လာရောက် ကစားခဲ့ပြီး လက်ရှိမှာတော့ အင်တာနဲ့ အငှားသက်တမ်း ပြည့်မြောက်ပြီဖြစ်လို့ သူ့ကို အင်တာဘက်က နောက်တစ်ရာသီ အငှားနဲ့ ကမ်းလှမ်းဖို့ စီစဉ်နေသလို ဆော်ဒီ ကလပ်တွေကလည်း လူကာကူကို မက်မောလောက်စရာ ကမ်းလှမ်းမှုတွေ ကမ်းလှမ်းထားပါတယ်။ လူကာကူရဲ့ မူရင်းကလပ် ချယ်လ်ဆီးကလည်း လူကာကူကို နောက်ရာသီမှာ အသုံးပြုဖို့ စီစဉ်ထားပေမယ့် ကစားသမား ကိုယ်တိုင်က ချယ်လ်ဆီးနဲ့ လက်မတွဲလိုတော့တာကြောင့် အသင်းကနေ အပြီးသတ်သာ ရောင်းထုတ်သွားဖို့ ပြင်ဆင်လာခဲ့ပါတယ်။

Photo Credit : Daily Mail

ဒီအချိန်မှာ အင်တာ ဆော်ဒီကလပ်တွေနဲ့အပြိုင် အင်တာရဲ့ မြို့ခံအသင်း အေစီမီလန်က လူကာကူကို ခေါ်ယူပြီး အသင်း တိုက်စစ်ပိုင်းမှာ ဝါရင့် ကစားသမားကြီး ဂျရူးနဲ့ တွဲဖက် အသုံးပြုချင်နေပါတယ်။ မီလန်အနေနဲ့ လူကာကူအတွက် မြင့်မားတဲ့ ပြောင်းရွှေ့ကြေးတစ်ရပ်နဲ့ ကမ်းလှမ်းဖို့ လိုအပ်တာကြောင့် အခု လတ်တလောမှာ ဖြစ်ပေါ်လာဖို့ ရှိနေတဲ့ နယူးကာဆယ်နဲ့ တိုနယ်လီရဲ့ အပြောင်းအရွှေ့မှာ ယူရို သန်း(၇၀)အထိ ဝင်ငွေ ရရှိမှာဖြစ်လို့ အဲ့ဒီ ပြောင်းရွှေ့ကြေးနဲ့ လူကာကူကို ခေါ်ယူဖွယ် ရှိနိုင်တယ်လို့ Gazzetta dello Sport သတင်းစာက ဖော်ပြထားခဲ့ပါတယ်။

Photo Credit : Daily Mail

ချယ်လ်ဆီးအသင်းကတော့ လူကာကူအတွက် အင်တာရဲ့ အငှား ကမ်းလှမ်းမှုကို သေချာပေါက် ပယ်ချသွားဖို့သာ ရှိနေတာဖြစ်သလို လူကာကူ ကိုယ်တိုင်ကလည်း ဆော်ဒီရဲ့ ကမ်းလှမ်းမှုကို ငြင်းဆန်ထားသေးတာမို့ တကယ်လို့ အေစီမီလန်ရဲ့ ကမ်းလှမ်းချက်က ချယ်လ်ဆီး လိုချင်နေတဲ့ ပြောင်းရွှေ့ကြေးထိ ရောက်သွားမယ်ဆိုရင် လူကာကူကို လာမယ့်ရာသီ အင်တာရဲ့ အခါးသီးဆုံး မြို့ခံအသင်းမှာ မြင်တွေ့ရနိုင်ဖွယ် ရှိနေပါတယ်။

Exit mobile version