မန္ယူ နည္းျပ ဆုိးလ္ရွားကေတာ့ မေန႔ညက မန္စီးတီးအသင္းကုိ (၁-၀) နဲ႔ အႏုိင္ရခဲ့တဲ့ ပဲြစဥ္မွာ ကြင္းလယ္လူ မာတစ္ကုိ အနီကဒ္ ျပခဲ့တာကုိ ေဝဖန္သြားခဲ့ၿပီး လုံးဝကုိ ဟာသပါပဲလုိ႔ ပဲြအၿပီးမွာ ေဝဖန္လုိက္တာ ျဖစ္ပါတယ္။ ကြင္းလယ္လူ မာတစ္ဟာ ပထမပုိင္း (၃၅) မိနစ္မွာ မန္ယူအသင္းအတြက္ ဦးေဆာင္ဂုိး သြင္းယူခဲ့ၿပီး၊ ဒုတိယပုိင္း (၅၁) မိနစ္မွာ ပထမအဝါကဒ္ နဲ႔ (၇၅) မိနစ္မွာ ဒုတိယ အဝါကဒ္ကုိ ထိခဲ့တာေၾကာင့္ (၂) ဝါ၊ (၁) နီနဲ႔ ကြင္းထဲက ထုတ္ပယ္ခံလုိက္ရပါတယ္။

Photo Credit: Goal

မန္ယူအသင္းဟာ ကာရာေဘာင္ ဖလား ဆီးမီး ဖုိင္နယ္ ဒုတိယအေက်ာ့ ပဲြစဥ္မွာေတာ့ မန္စီးတီး အသင္းကုိ တစ္ေယာက္ေလွ်ာ့နဲ႔ အႏုိင္ရခဲ့ေပမဲ့ ႏွစ္ေက်ာ့ေပါင္း ရလဒ္ (၃-၂) နဲ႔ အေရးနိမ့္ခဲ့ရၿပီး မန္စီးတီးအသင္းက ဗုိလ္လုပဲြစဥ္ကုိ တက္သြားခဲ့ပါတယ္။ မန္ယူ နည္းျပ ဆုိးလ္ရွားက မာတစ္ကုိ ပထမအႀကိမ္ အဝါကဒ္ ေပးတာဟာ ေပးသင့္ေပမဲ့ ဒုတိယအႀကိမ္ အဝါကဒ္ ေပးလုိက္တာေတာ့ လုံးဝကုိ ဟာသပါပဲလုိ႔ ပဲြၿပီး သတင္းစာ ရွင္းလင္းပဲြမွာ SkySports ကုိ ေျပာခဲ့တာ ျဖစ္ပါတယ္။

Photo Credit: Goal

မန္ယူ နည္းျပ ဆုိးလ္ရွားက “ဒီကြင္းကုိ လာၿပီး ကစားသမား (၁၁) ဦးနဲဲ႔ ဂိုးသြင္းဖုိ႔က ခက္တယ္။ ကိစၥေတာ့ မရွိဘူး။ (၁၀) ေယာက္နဲ႔ ကစားခဲ့တယ္။ ဒီအနီကဒ္က လုံးဝကုိ အနီကဒ္ မဟုတ္ဘူး။ ကြ်န္ေတာ့္အတြက္ေတာ့ လုံးဝကုိ ဟာသပါပဲ။ သူ႔ရဲ႕ ပထမ ျပစ္ဒဏ္အတြက္ အဝါကဒ္ ရတာက တကယ္ ရသင့္ပါတယ္။ လုံးဝကုိ ျပစ္ဒဏ္ မဟုတ္တဲ့ သူ႔ရဲ႕ ဒုတိယ ျပစ္ဒဏ္အတြက္ အဝါကဒ္ ရလုပါပဲ။ ေနာက္ဆုံး ျပစ္ဒဏ္အတြက္ အဝါကဒ္ ျပန္ရခဲ့ပါတယ္”လုိ႔ ေဝဖန္သြားလုိက္ပါတယ္။

{Unicode}

မန်ယူ နည်းပြ ဆိုးလ်ရှားကတော့ မနေ့ညက မန်စီးတီးအသင်းကို (၁-ဝ) နဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ ကွင်းလယ်လူ မာတစ်ကို အနီကဒ် ပြခဲ့တာကို ဝေဖန်သွားခဲ့ပြီး လုံးဝကို ဟာသပါပဲလို့ ပွဲအပြီးမှာ ဝေဖန်လိုက်တာ ဖြစ်ပါတယ်။ ကွင်းလယ်လူ မာတစ်ဟာ ပထမပိုင်း (၃၅) မိနစ်မှာ မန်ယူအသင်းအတွက် ဦးဆောင်ဂိုး သွင်းယူခဲ့ပြီး၊ ဒုတိယပိုင်း (၅၁) မိနစ်မှာ ပထမအဝါကဒ် နဲ့ (၇၅) မိနစ်မှာ ဒုတိယ အဝါကဒ်ကို ထိခဲ့တာကြောင့် (၂) ဝါ၊ (၁) နီနဲ့ ကွင်းထဲက ထုတ်ပယ်ခံလိုက်ရပါတယ်။

Photo Credit: Goal

မန်ယူအသင်းဟာ ကာရာဘောင် ဖလား ဆီးမီး ဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်မှာတော့ မန်စီးတီး အသင်းကို တစ်ယောက်လျှော့နဲ့ အနိုင်ရခဲ့ပေမဲ့ နှစ်ကျော့ပေါင်း ရလဒ် (၃-၂) နဲ့ အရေးနိမ့်ခဲ့ရပြီး မန်စီးတီးအသင်းက ဗိုလ်လုပွဲစဉ်ကို တက်သွားခဲ့ပါတယ်။ မန်ယူ နည်းပြ ဆိုးလ်ရှားက မာတစ်ကို ပထမအကြိမ် အဝါကဒ် ပေးတာဟာ ပေးသင့်ပေမဲ့ ဒုတိယအကြိမ် အဝါကဒ် ပေးလိုက်တာတော့ လုံးဝကို ဟာသပါပဲလို့ ပွဲပြီး သတင်းစာ ရှင်းလင်းပွဲမှာ SkySports ကို ပြောခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Goal

မန်ယူ နည်းပြ ဆိုးလ်ရှားက “ဒီကွင်းကို လာပြီး ကစားသမား (၁၁) ဦးနဲ့ ဂိုးသွင်းဖို့က ခက်တယ်။ ကိစ္စတော့ မရှိဘူး။ (၁၀) ယောက်နဲ့ ကစားခဲ့တယ်။ ဒီအနီကဒ်က လုံးဝကို အနီကဒ် မဟုတ်ဘူး။ ကျွန်တော့်အတွက်တော့ လုံးဝကို ဟာသပါပဲ။ သူ့ရဲ့ ပထမ ပြစ်ဒဏ်အတွက် အဝါကဒ် ရတာက တကယ် ရသင့်ပါတယ်။ လုံးဝကို ပြစ်ဒဏ် မဟုတ်တဲ့ သူ့ရဲ့ ဒုတိယ ပြစ်ဒဏ်အတွက် အဝါကဒ် ရလုပါပဲ။ နောက်ဆုံး ပြစ်ဒဏ်အတွက် အဝါကဒ် ပြန်ရခဲ့ပါတယ်”လို့ ဝေဖန်သွားလိုက်ပါတယ်။